လောင်းလုံးတွင် အိမ်ထောင်စု ၈၀ ရာခိုင်နှုန်းကျော်က မီးမိုချောင်အတွက် ထင်းနှင့်သစ်သားသုံး

0
435

လောင်းလုံးမြို့နယ်တွင် အိမ် ထောင်စု ရှစ်ဆယ်ရာခိုင်နှုန်းကျော်က အစားအစာ ချက်ပြုတ်ရာတွင် ထင်းနှင့် သစ်သားကို အသုံးပြုကြကြောင်း ၂၀၁၄ ခုနစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင် စာရင်းအရ သိရသည်။

လောင်းလုံးမြို့နယ်တွင် အိမ် ထောင်စုပေါင်း နှစ်သောင်းခွဲကျော် (၂၅၇၃၅ စု)တွင် အိမ်ထောင်စု ၂၁၀၀၀ က မီးဖိုချောင်အတွက် ထင်း နှင့် သစ်သားကို အသုံးပြုနေကြခြင်း ဖြစ်သည်။
လောင်းလုံးမြို့နယ်တွင် ထင်းသုံး စွဲမှုများသော်လည်း ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများမှ ထုတ်ယူသုံးစွဲခြင်း မဟုတ်ဘဲ ဥယျာဉ်ခြံ၊ ရော်ဘာခြံများမှ အပင်များ၏ ကိုင်းဖျားကိုင်းနားများကို ခုတ်ယူသုံးစွဲကြခြင်းကြောင့် သစ်တော ပြုန်းတီးမှု နည်းပါးသည်ဟု မြို့နယ် သစ်တောဦးစီးမှူး ဦးမျိုးထွန်းက ပြောသည်။
“ရော်ဘာခြံက အပင်အိုတွေက ရကြတာပေါ့။ ခြံထွက်တွေက သုံးကြ တာ များပါတယ်”ဟု ဦးမျိုးထွန်းက ဆိုသည်။

လောင်းလုံးမြို့နယ်တွင် မြို့နယ် အဆင့် သန်းခေါင်းစာရင်းဆိုင်ရာ အချက်အလက်များ အသိပညာပေးခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေနွေးပွဲကို စက် တင်ဘာလ ၇ ရက်မှ ၈ ရက်အထိ လောင်းလုံးမြို့အထက်တန်းကျောင်းရှိ ရတနာခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့သည်။