ရွှေဝယ်သီရိ ကလေးကစားကွင်း ငှားရမ်းခ တစ်လ ကျပ် တစ်သိန်း

0
508

ထားဝယ်မြို့ရှိ ရွှေဝယ်သီရိ က လေးအားကစားကွင်း တစ်လ မြေငှား ရမ်းခ ကျပ်တစ်သိန်း ဖြစ်ကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က တိုင်းလွှတ်တော်တွင် ဖြေ ကြားသည်။
ကလေးကစားကွင်းအား ထားဝယ် စည်ပင်သာယာရေးအဖွဲ့မှ ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီအား ၂၀၁၅ ခုနှစ်မှစ၍ ၁၅ နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆို ငှားရမ်းထားပြီး မြေငှားရမ်းခ အတွက် တစ်နှစ်လျှင် ၁၂ သိန်း၊ ကလေးကစားကွင်း လုပ်ငန်းလိုင်စင် အတွက် တစ်နှစ်လျှင် ၁၀ သိန်း ကောက်ခံနေကြောင်း ဝန်ကြီး ဦးဟိုပင် က ဖြေကြားသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်သည့် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လောင်းးမဲဆန္ဒနယ် အမှတ် ၁ မှ လွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေး၏ ယင်း ကစားကွင်းအား မည်သို့ စီမံဆောင်ရွက်နေ သည်ကို သိလိုကြောင်း မေးမြန်းချက် အား ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ် သည်။

မြေငှားရမ်းခနှုန်းထားကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် လုပ်ငန်း ဆောင်ရွက်သူတို့က၃ နှစ်လျှင် တစ်ကြိမ် ညှိနှိုင်းပြင်ဆင် သတ်မှတ်ရ မည် ဖြစ်သည်။
ကစားကွင်းနှင့် ဆက်စပ် လျက် ရှိသည့် စားသောက်ဆိုင် တန်းများ ကိုလည်း စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများဆိုင်ရာ နည်းဥပဒေများအတိုင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဖြေဆိုသည်။ရွှေဝယ်သီရိ ကလေး ကစားကွင်းသည် မြေဧရိယာ ၂ ဒသမ ၃၉၁ ဧက ရှိကြောင်း သိရ သည်။