CCTV ပျက်များ ပြင်ရန် ရန်ပုံငွေ မရှိ

0
417

တိုင်းအတွင်း မြို့ကြီး ၃ မြို့ရှိ လမ်းဆုံလမ်းခွများနှင့် အခြားနေရာများ တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ(CCTV)များ ပျက်စီးယိုယွင်း နေသော်လည်း ပြင်ဆင်ရန် ဘတ်ဂျက် မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံ သိရသည်။


ထားဝယ်၊ မြိတ်နှင့် ကော့သောင်း မြို့များတွင် တပ်ဆင်ထားသော CCTV ကင်မရာများမှာ ယခင်က တိုင်းအတွင်း စည်းပျက်ယာဉ်များဖမ်းဆီးရာမှ ရရှိ သည့် စီမံခန့်ခွဲမှု ဒဏ်ကြေးကို တိုင်း ဒေသကြီး အစိုးရထံ ပေးသွင်းရပြီး ယင်းမှ ရရှိသည့်ငွေဖြင့် တပ်ဆင်ခဲ့ ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။လက်ရှိအချိန်၌ ရဲတပ်ဖွဲ့တွင်လည်း ပြင်ဆင်ရန် ဘတ်ဂျက်မှ မရှိသည့် အတွက် လောလောဆယ် ပြင်ဆင်မှု မလုပ်နိုင်သေးကြောင်း အဆိုပါ တာဝန် ရှိသူက ပြောသည်။
” တိုင်းအစိုးရဆီ တင်ပြဖို့လည်း မရှိသေးဘူး၊ သူတို့မှာလည်း ဘတ်ဂျက် မရှိဘူးဆိုတော့” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် စည်းပျက်ယာဉ် များကို ဖမ်းဆီးရာမှ ရရှိသည့် ဒဏ်ကြေး ငွေကို ပြည်ထောင်စုအစိုးရထံ ပေးသွင်း ရကြောင်း သိရသည်။

 
ကော့သောင်းမြို့တွင် ပြီးခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သည့် ဆိပ်ကမ်းသာ ပန်းခြံအတွင်း လူသတ်မှုနှင့် မြို့မဈေး အတွင်း ဖြားယောင်း သွေးဆောင်ပြီး ဆိုင်ကယ်ငှားကာ လူသတ်ခဲ့သည့် ဖြစ် စဉ်များတွင် လုံခြုံရေးကင်မရာ ဃဃွှဠ အကူအညီဖြင့် ဖော်ထုတ် နိုင်ခဲ့သည့် ဖြစ်စဉ်များရှိကြောင်း ကော့သောင်းမြို့ခံ ဦးဇော်မင်းနိုင်က ပြောသည်။
” တပ်ဆင်တာပဲရှိတာ ပြုပြင်ထိန်း သိမ်းမှုက မရှိဘူး” ဟု ဦးဇော်မင်းနိုင် ကပြောသည်။

 
ထားဝယ်နှင့် ကော့သောင်းမြို့များ တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများမှာ ရာသီဥတုဒဏ် (မိုးကြိုး ပစ်) ကြောင့် ပျက်စီးမှု အချို့ရှိခဲ့သလို လူငယ်အချို့၏ ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများ လည်းရှိကြောင်း ယင်း ကင်မရာများကိုတပ်ဆင်ခဲ့သည့် INTERNATIONAL Security မှ ဦးနိုင်မျိုးသွင်က ဆိုသည်။” ဒီမှာကအလုပ်တစ်ခုကို အကောင် အထည်ဖော်တာပဲရှိပြီး ပြင်ဆင်ထိန်း သိမ်းဖို့ ဘတ်ဂျက်တွေ ခွဲဝေချထား တာမျိုး မရှိဘူး” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

 
တိုင်းအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များတွင် ရဲတပ်ဖွဲ့မှ ထိန်း ချုပ်စောင့်ကြည့်နေသည့် ကင်မရာ အလုံး ပေါင်း ၉၀ ခန့်ရှိပြီး အများစုမှာ ကြည့်၍ မရတော့ဘဲ ပြင်ဆင်ရန် လိုအပ်လျက်ရှိ ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။