ညင်းမော်ညောင်ရေသွန်းပွဲ မြေယာပြဿနာ သရော်ပြကွက်အပါအ၀င် ပြကွက် နှစ်ဆယ်ကျော်ပါဝင်

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင်ကျင်းပသည့် ကဆုန်ညောင် ရေသွန်းပွဲတွင် ဒေသအတွင်းဖြစ်ပွား နေသည့် မြေယာပြဿနာကို သရော်သည့် ပြကွက်အပါအ၀င် ပြကွက်နှစ်ဆယ်ကျော် ထည့်သွင်းပြသခဲ့ကြောင်း ပွဲတော်ကျင်းပ ရေးကော်မတီထံမှ သိရသည်။ ကဆုန်လပြည့်နေ့တိုင်း ညင်းမော် ညောင်ရေသွန်းပွဲ ပွဲစံလှည့်လည်ရာတွင် ဗုဒ္ဓ၀င်ပြကွက်များ၊ ခေတ်ကို သရော်သည့် ပြကွက်များ စသည်ဖြင့် နှစ်စဉ်...

အမှိုက်ကန်မှ တစ်ပတ်လျှင် သတ္တုနှင့် ပလတ်စတစ် ဆယ်တန်ကျော် ရန်ကုန်တင်ပို့

ထားဝယ်အမှိုက်ကန်တွင် စွန့်ပစ်သည့် အမှိုက်များအနက် ပြန်လည်ရောင်း ချနိုင်သည့် သတ္တုနှင့် ပလတ်စတစ်အမှိုက် ၁၀ တန်ကျော်ကို လစဉ် ရန်ကုန်သို့ တင်ပို့နေကြောင်း (AA) အမှတ်တံဆိပ်ပါ အော်ဂဲနစ်မြေဆွေးထုတ်လုပ်ရောင်းချသည့် အဖွဲ့ထံမှ သိရသည်။ အမှိုက်အမျိုးအစား နှစ်ဆယ်ကျော်အား အမှိုက်ကောက်သူ အလုပ်သမားများထံမှ အမျိုးအစားခွဲကာ ၀ယ်ယူပြီး...

တိုင်းတွင်း ဌာနမီတာများ ယူနစ်နှစ်ဆယ်အထိ ၃၅ ကျပ်နှုန်းဖြင့် သုံးစွဲခွင့်ရရေး လှုပ်ရှားမှု စတင်မည်

တနင်္သာရီတိုင်းအတွင်း ဌာနမှ တပ်ဆင်ထားသည့်မီတာများကို နှစ်ဆယ်ယူနစ် အထိ ၃၅ ကျပ်နှုန်းထားဖြင့် သုံးစွဲခွင့်ရရှိရေး လက်မှတ်ရေးထိုးတောင်းဆိုသည့်လှုပ်ရှားမှုတစ်ရပ်ကို စတင်မည်ဟု တိုင်း တွင်း လျှပ်စစ်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။ မေလ ၁၈ ရက်က ထားဝယ်မြို့တွင် ကျင်းပသည့် ထားဝယ်ခရိုင် လျှပ်စစ်ပြသနာဆိုင်ရာဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့ကြပြီးနောက်...

ဥပဒေအထောက်အကူပေးရေးအဖွဲ့ အမှု ဆယ်မှုနီးပါး အခမဲ့ရှေ့နေလိုက်ပေး

တနင်္သာရီတိုင်းဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က အချိန်ခုနစ်လခန့် ကာလအတွင်း အမှုပေါင်း ၁၀ မှုနီးပါးကို ရှေ့နေ အခမဲ့ လိုက်ပေးခဲ့ကြောင်း ယင်း အဖွဲ့ထံမှ  သိရသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ လက်ရှိအချိန်အထိ ထားဝယ်ခရိုင်တွင် အမှု ၃ မှု နှင့်...

ထားဝယ်-ထီးခီးလမ်းအခြေအနေ ကုမ္ပဏီသုံးခု ကွင်းဆင်းလေ့လာနေ

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် အပါအ၀င်ဖြစ်သည့် ထားဝယ်-ထီးခီးလမ်းစီမံကိန်းအတွက် အကြံပေး ကုမ္ပဏီ သုံးခုက ကွင်းဆင်းလေ့လာနေ ကြောင်း NEDAထံမှ သိရသည်။ အိမ်နီးချင်းနိုင်ငံများစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(NEDA) သည် ထားဝယ်-ထီးခီး လမ်းစီမံကိန်းအတွက် ဘတ်ငွေ ၄.၅ ဘီလီယံ ထုတ်ချေးရန် စီစဉ်နေသည့် ထိုင်းနိုင်ငံ အစိုးရ၏...

ပြင်းဖြူသားကျေးရွာတွင် မြေယာအငြင်းပွားမှုဖြစ်

သရက်ချောင်းမြို့နယ် ပြင်းဖြူသားကျေးရွာရှိ စက်မှုဝန်ကြီးဌာန၊ အမှတ် ၂ အကြီးစားစက်မှုလက်မှုလုပ်ငန်းမှ ပြန်လည် စွန့်လွှတ်ထားသည့် မြေဧရိယာ ၈၃ ဧကခွဲတွင် ဒေသခံရွာသားများနှင့် ခြံစိုက်သူများကြား  မေလ ၁၀ ရက်က မြေယာ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဝေးသင်နှစ်ကြိမ်ခွဲတက်ရမည့်ကိစ္စ ထားဝယ်တက္ကသိုလ်ရှိ သမဂ္ဂနှစ်ခုစလုံး သဘောမတူ

အဝေးသင်တက္ကသိုလ်ကျောင်းသားများ အနီးကပ်နှစ်ကြိမ်ခွဲတက်ရမည့်ကိစ္စကို ထားဝယ်တက္ကသိုလ်ရှိ ဆရာများ သမဂ္ဂနှင့် ကျောင်းသားများသမဂ္ဂ နှစ်ခုစလုံးက သဘောမတူကြောင်းကို အဆင့်မြင့် ပညာ ဦးစီးဌာနထံသို့ သဘောထားမှတ်ချက် ပေးပို့ထားကြောင်း ယင်းသမဂ္ဂနှစ်ခု ထံမှ သိရသည်။ ပညာရေးဝန်ကြီးဌာနက အဝေးသင် အနီးကပ် ဆယ်ရက်ကို ငါးရက်နှစ်ကြိမ်ခွဲ တက်ရန် ယခုနှစ်...

မိဘဆန္ဒရှိက ၆ နှစ်အရွယ် ကလေးများ ပထမတန်း တက်နိုင်

အသက် ၆ နှစ်ပြည့်သော်လည်း သူငယ်တန်းမတက်ရသေးသည့် ကလေးများကို မိဘဆန္ဒရှိပါက ပထမတန်းသို့ တက်ရောက်သင်ကြားခွင့်ပြုကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ကျောင်းအပ်နှံချိန်တွင်  အသက် ၆ နှစ်ပြည့်ရန် တစ်လလိုပါက သက်ဆိုင် ရာကျောင်းအုပ်ကြီးထောက်ခံချက်၊ နှစ်လလိုပါက မြို့နယ်ပညာရေးမှူး ထောက်ခံချက်၊ သုံးလလိုပါက တိုင်းပညာရေးမှူးထောက်ခံချက်ဖြင့် ပထမတန်း...

အသက် ၁၉ နှစ်အောက် ဘောလုံးပွဲပယ်ဖျက်

တနင်္သာရီတိုင်းတွင် နှစ်စဉ်ကျင်းပနေသည့် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကို ယခုနှစ်မှ စပြီး ကျင်းပတော့မည် မဟုတ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီး ဌာနထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ်များတွင် ဘောလုံးပြိုင်ပွဲများ များပြားနေသည်ကို လျှော့ချပေးရန် တိုင်းနှင့်ပြည်နယ် အားကစားမှူး (ညွှန်ကြားရေးမှူး)များက...

တိုင်းနှင့်ပြည်နယ်ဘော်လီဘော ပြိုင်ပွဲ တောင်ကြီးတွင် သွားပြိုင်ရမည်

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဝင်မည့် တနင်္သာရီတိုင်းအသင်းသည် တောင်ကြီးမြို့တွင် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာပညာ ဦးစီးဌာနထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို တိုင်း နှင့်ပြည်နယ်များတွင် အလှည့်ကျကျင်းပရန်စီစဉ်ထား သောကြောင့် ယခုနှစ် ဘော်လီဘောပြိုင်ပွဲကို တောင်ကြီးမြို့တွင် ကျင်းပခြင်းဖြစ်ကြောင်း...