အသက် ၁၉ နှစ်အောက် ဘောလုံးပွဲပယ်ဖျက်

0
551

တနင်္သာရီတိုင်းတွင် နှစ်စဉ်ကျင်းပနေသည့် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကို ယခုနှစ်မှ စပြီး ကျင်းပတော့မည် မဟုတ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီး ဌာနထံမှ သိရသည်။

တိုင်းနှင့်ပြည်နယ်များတွင် ဘောလုံးပြိုင်ပွဲများ များပြားနေသည်ကို လျှော့ချပေးရန် တိုင်းနှင့်ပြည်နယ် အားကစားမှူး (ညွှန်ကြားရေးမှူး)များက ဧပြီလတွင် ပြုလုပ်သည့် အားကစားနှင့်ကာပညာဦးစီးဌာန အစည်းအဝေး၌ တင်ပြခဲ့ကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းကဲ့သို့ တင်ပြသည်ကို အားကစားနှင့် ကာယပညာဦးစီးဌာနက အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ယခုနှစ်မှစပြီး ပယ်ဖျက်ပေး လိုက်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းအတွက်ကြောင့် အသက် ၁၉ နှစ်အောက် ဘောလုံးပြိုင်ပွဲကို တနင်္သာရီတိုင်းအပါအ၀င် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပတော့မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ဘောလုံးကတော့ ရှုံးကာမှရှုံးရောပဲ။ ပြိုင်ပွဲ တစ်ခုလုပ်ဖို့က အချိန်တော်တော် ယူရတယ်။ ၆ လ ကနေ ၇လကြား အချိန်ယူရတာ။ အဲဒါကြောင့် ဘောလုံး ၆ လုံး (ဘောလုံးပြိုင်ပွဲ ၆ မျိုး)မှာ တစ်လုံးလုံး ဖြုတ် ပေးဖို့ တိုင်းနှင့်ပြည်နယ် အားကစားမှူးတွေက တောင်း ဆိုကြတာ”ဟု ၎င်းက ဆိုသည်။

ယခင်က အသက် ၁၇ နှစ်အောက် အမျိုးသား၊ အမျိုးသမီး၊ အသက် ၁၉ နှစ်အောက် အမျိုးသား၊ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး၊ အသက် ၂၅ နှစ်အောက် ဖူဆယ်ဘောလုံး ပြိုင်ပွဲဟု ဘောလုံးပြိုင်ပွဲ ခြောက်မျိုး ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ်က ကျင်းပသည့် တိုင်းနှင့် ပြည်နယ် သက် ၁၉ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် တနင်္သာရီတိုင်းက တတိယ ချိတ်ခဲ့သည်။

ကျော်သူစိုး