ထားဝယ်-မောင်းမကန်လမ်းနံဘေး ရော်ဘာခြံအတွင်း အမျိုးသမီးတစ်ဦး အသတ်ခံရမှု ကျူးလွန်သူကို မမိသေး

ထားဝယ်-မောင်းမကန်သွား ကားလမ်း ဘေးရှိ ရော်ဘာခြံအတွင်း အမျိုးသမီး တစ်ဦး အသတ်ခံရသည့်ကိစ္စတွင် ကျူးလွန်သူ ကို မမိသေးကြောင်း ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနအဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် ကျူးလွန်သူကို ဖမ်းဆီး နိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း  ထားဝယ် ခရိုင်...

အိုးအိမ် ဌာနပိုင်မြေကျူးဟုဆိုကာ လယ်သမား မိသားစုကို နေအိမ်မှ ဖယ်ပေးရန် တတိယအကြိမ် နှင်ထုတ်စာ ပို့မည်

ထားဝယ်မြို့ ဆန်းချီတိုးချဲ့မြို့သစ် ရပ်ကွက်နေ လယ်သမား ဦးကြူလွင် မိသားစုကို ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) ဥပဒေအရ နေအိမ်မှ ၁၅ ရက် အတွင်း ဖယ်ရှားပေးရန် တတိယအကြိမ် သတိပေးစာ ထပ်ပို့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

မျှော်ရစ်ဘုရားမုခ်ဦးအနီး တောင်ကုန်းပေါ်က အန္တရာယ်ရှိ ကျောက်တုံးများ ရှင်းလင်းမည်

ဒေသအတွင်းထင်ရှားသည့် ဘုရားတစ်ဆူဖြစ်သည့် မျှော်ရစ်ဘုရားမုခ်ဦးအနီး တောင်ကုန်းပေါ်ရှိ အန္တရာယ်ရှိနိုင်သည့် ကျောက်တုံးနှင့် သစ်ပင်များကို ရှင်းလင်းမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ မိုးရာသီတွင် တောင်ပေါ်ရှိ မြေနူးကာ သစ်ပင်များနှင့် ကျောက်တုံးများ လိမ့်ကျလာနိုင်သည့်အတွက် ယခုဇွန်လ ပထမပတ်အတွင်း...

လာမည့် ဘဏ္ဍာနှစ်တွင် စနစ်ကျ လယ်ယာမြေ ဧက ခုနှစ်ရာကျော် ဖော်ဆောင်မည်ဟုဆို

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်းရှိ လယ်ယာမြေ ဧက ခုနစ်ရာကျော်ကို တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် စနစ်ကျလယ်ယာမြေကွက်များ ဖော်ဆောင်မည်ဖြစ်ကြောင်း တိုင်းစက်မှုလယ်ယာ ဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်းရှိ လယ်ယာမြေ ၁ ဧက လျှင် လယ်ကွက်ငါးကွက်မှ...

နှစ်ပေါင်းနှစ်ဆယ်အတွင်း ဟိန္ဒားသတ္တုတွင်းမှ ခဲမဖြူ မက်ထရစ်တန်ချိန် ရှစ်ထောင်ကျော် ထုတ်ယူခဲ့ဟုဆို

ထားဝယ်ခရိုင်အတွင်းရှိ ဟိန်္ဒားသတ္တု တွင်း စတင်လုပ်ကိုင်ချိန်မှ လက်ရှိအချိန်ထိ နှစ်ပေါင်းနှစ်ဆယ်အတွင်း ခဲမဖြူ မက်ထရစ်တန်ချိန် ရှစ်ထောင်ကျော် ထုတ်ယူခဲ့ပြီးဖြစ်ကြောင်း အမှတ်(၂) သတ္တုတွင်းထံမှ သိရသည်။ ဟိန္ဒားသတ္တုမိုင်းကို မြန်မာပွန်ပီပက် ကုမ္ပဏီက ၁၉၉၉ ခုနှစ်တွင် စတင်လုပ်ကိုင် ခဲ့ခြင်း...

ဦးဝီရသူ အတွက်ဆုတောင်းပွဲ ထားဝယ်တွင်ပြုလုပ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဆရာတော်ဦးဝီရသူအပေါ် အပြစ်ဒဏ်လျော့နည်းစေရေးအတွက်ရည်ရွယ်၍ ဆုတောင်းပွဲကို ဇွန်လ ၃ ရက်က ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သည်။ ဗုဒ္ဓသာသနာတော်၊ ပြည်သူပြည်သားများ၊ ရပ်ကွက်၊ မြို့၊ တိုင်း၊ နိုင်ငံတော်တို့အတွက် ကောင်းမွန်စေရန်နှင့် ဆရာတော်ဦးဝီရသူ အတွက် ဆုတောင်းမေတ္တာပို့သခြင်းဖြစ်ကြောင်း ဆုတောင်းပွဲ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့်...

တိုင်းလွှတ်တော်အစည်းအဝေး ဇွန်လ ၂၀ ရက် ကျင်းပမည်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကို ဇွန်လ ၂၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ ထံမှ သိရသည်။ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းနှင့်အဆို များ မေးမြန်းတင်သွင်းမည့် အရေအတွက် အနည်းအများပေါ် မူတည်၍ အစည်းအဝေး ကျင်းပရက်ကို ၂ ရက်မှ...

ကျေးဇူးတော်နှင့် နှမ်းကျဲရွာအနီး တောမီးလောင်သည့်ကိစ္စ ကုမ္ပဏီကို အမှုဖွင့်မည်ဟုဆို၊ ကုမ္ပဏီက ၎င်းတို့ ရှို့ ခြင်းမဟုတ်ဟု တုံ့ပြန်

ရေဖြူမြို့နယ်ရှိ ကျေးဇူးတော်ရွာနှင့် နှမ်းကျဲကျေးရွာအနီးရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွင် တောမီးလောင်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရွှေပဒုမ္မာတော်ဝင်ကုမ္ပဏီအား အမှုဖွင့်ရန် စီစဉ်နေကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန(မြေစာရင်း)ထံမှ သိရသည်။ မီးလောင်ခဲ့သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းနေရာသည် ကျေးဇူးတော်၊ နှမ်းကျဲ ကျေးရွာသားများနှင့်...

စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့နှင့် ပျိုးပင်အရောင်းဆိုင် ဖွင့်မည်

စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့နှင့် ပျိုးပင်အရောင်း ဆိုင်ကို ဇွန်လနောက်ဆုံး အပတ်ခန့်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ အဆိုပါအရောင်းဆိုင်ကို ဒေသခံတောင်သူများ ၏ တောင်းဆိုချက်အရ ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျောက် မော်ကြီးရပ်ကွက်၊ ဟိုတယ်ထားဝယ်အနီးရှိ တိုင်း စိုက်ပျိုးရေးရိပ်သာဝင်းအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း အထက်ပါဌာနမှ...

ကျွန်းသုံးကျွန်းနှင့် ကမ်းခြေကိစ္စ သီးခြားအဖွဲ့ဖြင့် စစစ်

လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်း အပါအ၀င် ကျွန်းသုံးကျွန်းနှင့် ကမ်းခြေ တစ်ခုတွင် အပန်းဖြေစခန်းဆောက်ရန် မြေနေရာ လျှောက်ထားမှုအပေါ် ကန့်ကွက် သူများရှိသည့်အတွက် သီးခြားအဖွဲ့ဖြင့် စတင်စစ်ဆေးနေကြောင်း သရက်ချောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း)ထံမှ သိရသည်။ တွေ့ရှိချက်အစီရင်ခံစာကို ဇွန်လအတွင်း တင်ပြမည်ဖြစ်ကြောင်း ယင်းဌာန ထံမှ သိရသည်။