စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့နှင့် ပျိုးပင်အရောင်းဆိုင် ဖွင့်မည်

0
1225

စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့နှင့် ပျိုးပင်အရောင်း ဆိုင်ကို ဇွန်လနောက်ဆုံး အပတ်ခန့်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါအရောင်းဆိုင်ကို ဒေသခံတောင်သူများ ၏ တောင်းဆိုချက်အရ ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျောက် မော်ကြီးရပ်ကွက်၊ ဟိုတယ်ထားဝယ်အနီးရှိ တိုင်း စိုက်ပျိုးရေးရိပ်သာဝင်းအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း အထက်ပါဌာနမှ စီမံကိန်းနှင့် မျိုးစေ့တာဝန်ခံ ဦးဝင်းအောင်က ပြောသည်။

“တိုင်းအဆင့်ကနေဖွင့်တဲ့ ဆိုင်ဆိုတော့ သေးသေး ကွေးကွေးလေးနဲ့လည်း စမဖွင့်ချင်ဘူးဆိုတော့ အားလုံး ကို ပြင်ဆင် နေရတယ်၊ လိုအပ်တဲ့ပျိုးပင်တွေ ဘာတွေ လည်း ဖြည့်စွက်ရဦးမှာ အများကြီးရှိသေးတယ်”ဟု ဦးဝင်းအောင်က ဆိုသည်။

မျိုးစေ့နှင့် ပျိုးပင်အရောင်းဆိုင်ကို စိုက်ပျိုးရေး တက်္ကသိုလ်ဘွဲ့ရများအသင်းနှင့် တိုင်းစိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး  တောင်သူလယ်သမားများ ပစ္စည်းမှန်ဈေးနှုန်းမှန်ရစေရန် အမြတ်နည်းနည်း ဖြင့် ရောင်းချမည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာနမှ စီမံကိန်းနှင့် မျိုးစေ့တာဝန်ခံ ဦးဝင်းအောင်က ပြောသည်။

ဟင်းသီးဟင်းရွက်မျိုးစေ့၊ ပန်းပင်၊ သစ်သီးဝလံ ပျိုးပင်များ၊ နှစ်တိုနှစ်ရှည်ပင်များကို ရောင်းချသွား မည့်အပြင် စိုက်ပျိုးရာတွင် အသုံးပြုသည့် အထောက်အကူ ပြုပစ္စည်းဖြစ်သည့် ရေပိုက်၊ ပိုက်ဆက် ပစ္စည်းများ၊ ဓာတုဓာတ်မြေသြဇာ၊ အော်ဂဲနစ် မြေသြဇာများကိုပါ တွဲဖက်ရောင်းချမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြင်ပကုမ္ပဏီများမှ စိုက်ပျိုးရေးနှင့် ပတ်သက်သည့်ကုန်များကို ရောင်းချရန်အတွက် လာရောက် အပ်နှံနိုင်ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

မိုးမြင့်