ထားဝယ်စီမံကိန်း ဧရိယာ မြေအဝယ်တော်များ ပြန်လာ

ထားဝယ်စီမံကိန်းသတင်း ပြန်လှုပ်လာသည့် အချိန်တွင် ကာလအတန်ကြာ ပျောက်နေသော မြေအဝယ်တော်များ ဒီဇင်ဘာ ပထမအပတ်ကတည်း ထားဝယ် စီမံကိန်း ဧရိယာ နဘုလယ်ဒေသဘက်သို့ ပြန်လာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်အစိုးရ...
Dawei Watch, Dawei News, Dawei News Media

ယာယီရွက်ဖျင်တဲ ပစ္စည်းပြတ်

ထားဝယ်ဒေသတွင် ကိုဗစ်ကပ်ဘေး ကာလအတွင်း ယာယီရွက်ဖျင်တဲဝယ်ယူသူများလာသည့်အတွက် ပစ္စည်းပြတ်သည်အထိ အရောင်းသွက်လာကြောင်း ရွက်ဖျင်တဲရောင်းချနေသူအချို့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးမဖြစ်မီက မရောင်းရ သလောက်သာရှိနေခဲ့ရာမှ လက်ရှိတွင် ပစ္စည်းလက်ကျန်မရှိသလောက်ဖြစ်သည်အထိ အရောင်းသွက်လာကြောင်း စတိုင်သစ် အိမ်သုံးပရိဘောဂ အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။
နေလှန်းဆား

ကိုဗစ်ကြောင့် ဆားဈေး တစ်ရာကျပ်ခန့် ကျ

ထားဝယ်ဒေသထွက် ဆားဈေးမှာ ကိုဗစ်ကပ်ဘေးအတွင်း တစ်ပိဿာလျှင် ကျပ်တစ်ရာခန့် ကျဆင်းသွားခဲ့ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ စုံစမ်း သိရှိရသည်။ ယမန်နှစ်က ဆားအထွက်များခဲ့သော်လည်း ကိုဗစ်ကပ်ဘေးအတွင်း ငါးဆားထိုး အသုံးပြုမှုနည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း စသည့် အကြောင်းများကြောင့် ဆားဈေး...
ထင်းရှူးတောင်

လည်ပတ်သူများနေသည့် ထင်းရှူးတောင်တွင် တားမြစ်ချက်များ ထုတ်ပြန်

ကိုဗစ်ကာလအတွင်း သွားရောက် လည်ပတ်သူများနေသည့် ထားဝယ်မြို့နယ်အတွင်းရှိ ထင်းရှူးတောင်တွင် တားမြစ်ချက်အချို့ကို ထုတ်ပြန်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် ကိုဗစ်ကြောင့် ကမ်းခြေသို့ လည်ပတ်ခွင့်ပိတ်ထားသည့်အတွက် တောတောင်သို့ သွားရောက်လည်ပတ်သူ များနေသည်။ ယင်းအခြေအနေတွင်...
Dawei Watch, Dawei News, Dawei News Media

သမဝါယမအသင်း ငါးဝယ်မည်

ကိုဗစ်ကာလအတွင်း ရေထွက်ကုန် ပစ္စည်းများ ရောင်းချရန် အခက်အခဲဖြစ် နေသဖြင့် ရေလုပ်သားများထံတွင် သမဝါယမအသင်းက ငါးဝယ်ပြီး ပြည်သူများထံ ပြန်ရောင်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဥမ္မာနုက ပြောသည်။ ကမ်းနီးလှေများဝင်ရောက်ဆိုက်ကပ်မှုများပြားပြီး သယ်ယူပို့ဆောင်ရေး ကောင်းမွန်သည့်နေရာမှ...
ဟောင်းနွမ်းငွေစက္ကူ

ဟောင်းနွမ်းငွေစက္ကူ ဘဏ်တွင် လဲခွင့်မရ

ဟောင်းနွမ်းငွေစက္ကူများကို ဘဏ်တွင် သွားရောက်လဲလှယ်ခဲ့သည့် ပြည်သူအချို့ ငွေလဲခွင့်မရဘဲ ထားဝယ်မြို့နှင့် မိုင်ပေါင်းများစွာဝေးသည့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ဗဟို ဘဏ်ရုံးချုပ်နှင့် ရုံးခွဲရှိရာတွင် သွားရောက် လဲလှယ်ရန် ပြောဆိုမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ဖူးသူအချို့က ဖွင့်ဟ ပြောဆိုကြသည်။ ထားဝယ်မြို့...
Dawei Watch, Dawei News, Dawei News Media

ကျန်းမာရေးဝန်ထမ်းများ Mobile Tablet အသုံးပြုနိုင်မှုစွမ်းရည်ပြိုင်ပွဲ ကျင်းပမည်

အခြေခံကျန်းမာရေးဝန်ထမ်းများ၏ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု Mobile Tablet အသုံးပြုနိုင်မှု စွမ်းရည်ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ဒီဇင်ဘာ ၂၃ ရက်နေ့က ကြေညာထားသည်။ Mobile Tablet များတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်နှင့်...
ပဲ့စင်ကျွန်း

ကိုဗစ်ကန့်သတ်ချက်ကို စိန်ခေါ်နေသည့် ပဲ့စင်ကျွန်းခရီးစဉ်

အစိုးရက တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျွန်းလည်ပတ်မှုခရီးစဉ်ကို တားမြစ်ထားသော်လည်း ထားဝယ် ဒေသရှိ ပဲ့စင်ကျွန်းခရီးစဉ်များကို Facebook စာမျက်နှာပေါ်တွင် ပေါ်ပေါ်တင်တင် ရောင်းချခြင်းဖြင့် အစိုးရ ကန့်သတ်မှုများကို စိန်ခေါ်နေသည်။ ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီ တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက...
ဟင်းစားဖြစ်လုဆဲ ရွှေရောင် သင်းခွေချပ်

ဟင်းစားဖြစ်လုဆဲ ရွှေရောင် သင်းခွေချပ်

ရှားပါးတေားရိုင်းတိရစ္ဆာန်ဖြစ်သည့် ရွှေရောင်သင်းခွေချပ်တစ်ကောင် ဟင်းအိုးထဲရောက်လုဆဲဆဲတွင် အကယ်ခံ လိုက်ရသည်။ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် သရက်တောင်ကြီးကျေးရွာသားတစ်ဦးသည် ဒီဇင်ဘာလ ၂၇ ရက်က ငါးဖမ်းသွားရာမှ ဒီရေတောအတွင်း ရွှေရောင် သင်းခွေချပ်တစ်ကောင်ကို ဖမ်းမိခဲ့သည်။
Dawei Watch, Dawei News, Dawei News Media

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ အကူအညီ၊ အကာအကွယ်ပေးရန် မြန်မာအစိုးရကို အရပ်ဘက်အဖွဲ့အစည်းများတိုက်တွန်း

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသောမြန်မာရွှေ့ပြောင်းအလုပ်သမားများအား လိုအပ်သည့် အကူအညီနှင့် အကာအကွယ်ပေးမှုများ အလျင်အမြန်ဆောင် ရွက်ပေးရန် မြန်မာနိုင်ငံအစိုးရကို အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်း လိုက်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ကိုဗစ်ကပ်ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေအပေါ် အရပ်ဘက်အဖွဲ့ အစည်းများက ထုတ်ပြန်တိုက်တွန်း ချက်တစ်ရပ်ကို ဒီဇင်ဘာလ ၂၉...