တိုင်းအတွင်း လူမှုဝန်ထမ်းက ဆောက်သည့် မူကြို လေးကျောင်း သာရှိ

တနင်္သာရီတိုင်းအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနက ဆောက်လုပ်ထားသည့် မူလတန်းကြိုကျောင်း လေးကျောင်းသာ ရှိကြောင်း တနင်္သာရီတိုင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။ ယင်းလေးကျောင်းမှာ ထားဝယ်မြို့ ဆန်းချီမူလတန်းကြိုကျောင်း၊ လောင်း လုံး မောင်းမကန် မူလတန်းကြိုကျောင်း၊ မြိတ် ရေပုန်းရပ်ကွက်ရှိ မူလတန်းကြို ကျောင်းနှင့် ပုလောမြို့ရှိ...

ပညာရေး အဆောက်အအုံ လေးရာနီးပါး ဆောက်လုပ်ရန် တင်ပြထား

လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ လေးရာနီးပါး အသစ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနသို့ အဆို ပြုတင်ပြထားကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ပညာရေး အဆောက်အအုံများတွင် အန္တရာယ်ရှိသည့် ကျောင်းဆောင်၊ ကျောင်းသားဦးရေ တိုးလာသည့် ကျောင်းဆောင်၊...

ကော့သောင်းမှ ထိုင်းသို့ မှောင်ခိုသွင်းလာသည့် ရော်ဘာ ကီလိုတစ်သောင်းကျော် ဖမ်းမိ

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ ကော့သောင်းနယ်စပ်မှတစ်ဆင့် တရားမဝင် တင်သွင်းလာသော ရော်ဘာ ကီလို ၁၀၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ယနေ့ (ဒီဇင်ဘာ ၃) ထုတ်ပြန်သည်။ ရော်ဘာပြားများ မှောင်ခိုတင်သွင်းနေသည်ကို...

အခြေခံပညာ ကျောင်းများ ဘယ်လိုပြန်ဖွင့်ကြမလဲ

အခြေခံပညာအထက်တန်းအဆင့်ကို ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာသည်။ ကျန်အတန်းများဖွင့်မည့်အချိန်ကို တိတိကျကျပြောဆိုထားခြင်း မရှိသော်လည်း အထက်တန်းအဆင့်များဖွင့်ပြီးပါက ကျန်အတန်းများကိုလည်း အဆင့်ဆင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောဆိုထားသည်။ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင်...

မလိုအပ်သည့် အခမ်းအနားများမလုပ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား၊ တက္ကသိုလ်ကျောင်းသင်္ကြန် ဆက်ကျင်းပမည်

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် မလိုအပ်သည့် အခမ်းအနားများ မကျင်းပရန် ပညာရေးဝန်ကြီးဌာနအောက်ရှိဌာနများ အားလုံးကို ညွှန်ကြားထားသော်လည်း ထားဝယ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့က ကျောင်းသင်္ကြန်ကို ဆက်လက်ကျင်းပမည်ဖြစ် ကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာနက ကိုရိုနာ ဗိုင်းရပ်စ်(ပြင်းထန် အဆုတ်ရောင်ရောဂါ) ဂယက်ကြောင့်...

ကျန်းမာရေးမကောင်းသူ၊ ကိုယ်ဝန်ဆောင်နှင့် ပင်စင်နီးဆရာများ သင်တန်းမလွှတ်ရန် ညွှန်ကြား

အခြေခံပညာ သင်ရိုးသစ်သင်တန်း စေလွှတ်ရာတွင် ကျန်းမာရေးမကောင်း သူ၊ ကိုယ်ဝန်ဆောင်နှင့် ပင်စင်နီးဆရာ၊ ဆရာမများကို သင်တန်းမလွှတ်ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထား သည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရ သည်။ ပြီးခဲ့သည့်နှစ်နွေရာသီက သင်ရိုးသစ် သင်ပြနည်း သင်တန်းသို့လာစဉ်...

မြိတ်တွင် အထက်တန်းကျောင်းရှေ့ ဗုံးပေါက်

မြိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်း တစ်ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။ မြို့သစ်ရပ်ကွက်၊ ဦးမြတ်လေးပေါ်ရှိ၊ အထက(၇)အထက်တန်းကျောင်းရှေ့တွင် နိုဝင်ဘာ ၅ ရက်ည ၈ နာရီက ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိကြောင်း...

ပညာရေးဝန်ထမ်းများ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း လှုပ်ရှားမှုတွင် မပါဝင်ရန် ညွှန်ကြား

ပညာရေးဝန်ထမ်းများ နိုင်ငံရေးပါ တီ၊ အဖွဲ့အစည်းများ၊ NGO များနှင့် CSO များ၏ လှုပ်ရှားဆောင်ရွက်မှု အခမ်းအနားများတွင် မပါဝင်ရန် ပညာရေး ၀န်ကြီးဌာန အခြေခံပညာ ဦးစီးဌာနက သြဂုတ်လ ၇ ရက်က ညွှန်ကြားချက်ထားသည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရ သည်။

တက္ကသိုလ်ဝင်စာမေးပွဲ တနင်္သာရီတိုင်း ရှစ်နှစ်အတွင်း အောင်ချက်ရာနှုန်းအနည်းဆုံး

ကိုဗစ်ကာလအတွင်း ထုတ်ပြန်လိုက်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် တနင်္သာရီတိုင်း၏ အောင်ချက်ရာခိုင်နှုန်းမှာ ရှစ်နှစ်အတွင်း အနည်းဆုံးဖြစ်သည်။ ဖြေဆိုသူ နှစ်သောင်းကျော် (၂၃၆၈၆ ဦး) အနက် ခုနစ်ထောင်နီးပါး (၆၇၆၈ ဦး) အောင်မြင်ခဲ့ပြီး အောင်ချက်ရာနုန်း...

ကမ်းဝေးလှေများ တနင်္သာရီတိုင်းပြင်ပ ရောဂါပိုးမတွေ့သေးသည့်ဒေသတွင်ရပ်နားက စောင့်ကြည့်စခန်းဝင်ရန် မလို

ကမ်းဝေးငါးဖမ်းလှေလုပ်ကိုင်နေသည့် ရေလုပ်သားများ တနင်္သာရီတိုင်းပြင်ပ ရောဂါပိုးမတွေ့သေးသည့်ဒေသတွင် ရပ်နားကာလုပ်ငန်းခွင်သိမ်းပြီး နေရပ်ပြန်လာပါက စောင့်ကြည့်စခန်းတွင် နေထိုင်ရန်မလိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ လက်ရှိတွင် ငါးဖမ်းရာသီကုန်ဆုံးတော့မည်ဖြစ်သဖြင့် ကမ်းဝေးငါးဖမ်းလှေများက ၎င်းတို့အခြေစိုက်ရာမြို့တွင် လှေရပ်နားကာ လုပ်ငန်းခွင်သိမ်းကြတော့မည် ဖြစ်သည်။ဝါးတန်းလှေဟုခေါ်သည့်...