တက္ကသိုလ်ဝင်စာမေးပွဲ တနင်္သာရီတိုင်း ရှစ်နှစ်အတွင်း အောင်ချက်ရာနှုန်းအနည်းဆုံး

0
1011

ကိုဗစ်ကာလအတွင်း ထုတ်ပြန်လိုက်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် တနင်္သာရီတိုင်း၏ အောင်ချက်ရာခိုင်နှုန်းမှာ ရှစ်နှစ်အတွင်း အနည်းဆုံးဖြစ်သည်။

ဖြေဆိုသူ နှစ်သောင်းကျော် (၂၃၆၈၆ ဦး) အနက် ခုနစ်ထောင်နီးပါး (၆၇၆၈ ဦး) အောင်မြင်ခဲ့ပြီး အောင်ချက်ရာနုန်း ၂၈ ဒသမ ၅၇ ရာနှုန်းသာရှိသည်။

ကွမ်းသမားနှင့် ကိုဗစ်

ယခုနှစ်အတွက် တက္ကသိုလ်ဝင် အောင်ချက်ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၂ ဒသမ ဝ၆ ရာခိုင်နှုန်းရှိရာ တနင်္သာရီတိုင်း၏ အောင်ချက်သည် တစ်နိုင်ငံလုံးပျမ်းမျှ ရာခိုင်နှုန်းထက်လည်း နည်းပါးခဲ့သည်။ တိုင်းနှင့် ပြည်နယ်အလိုက် အောင်ချက်အကောင်းဆုံးမှာ မန္တလေးတိုင်းဒေသကြီးက ၃၇ ရာခိုင်နှုန်းကျော်ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီးက ၃၅ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယ၊ မွန်ပြည်နယ်က ၃၄ ရာခိုင်နှုန်းကျော်ဖြင့် တတိယဖြစ်သည်။

စာမေးပွဲဖြေဆိုသူ ကိုးသိန်းကျော် ရှိသည့်အနက် နှစ်သိန်းကိုးသောင်းကျော်(၂၉၁၇၉၈) အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း သိပ္ပံတွဲ အမှတ်အများဆုံး ၁၀ ဦး
၁။ မသိမ့်ရည်နွေး – မြိတ် အ.ထ.က (၁)
၂။ မောင်နိုင်လင်းထက် – ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း(မြိတ်)
၃။ မောင်ဖြိုးသီဟ – မြိတ် အ.ထ.က (၁)
၄။ မဆုယမင်းပြည့် – ထားဝယ် အ.ထ.က (၁)
၅။ မသဲသော်ဇင်မိုး – ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း
၆။ မအိကြည်ဖြူကျော် – မဟာရွှေဂုဏ်ထူး ကိုယ်ပိုင်ကျောင်း
၇။ မောင်ညီမင်းသူ – ရေဖြူ အ.ထ.က (လောင်းလုံး)
၈။ မကေသီနိုင် – ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း
၉။ မချမ်းမြသီရိ – ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း
၁၀။ မောင်ရန်လင်းပိုင် – ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း

တနင်္သာရီတိုင်း ဝိပ္ပံတွဲ အမှတ်အများဆုံး ၁၀ ဦး
၁။ မခိုင်ဝတ်ရည်ထွန်း – ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း
၂။ မောင်အောင်ပိုင်စိုး – ကျွဲကူး အ.ထ.က(တပ်နယ်) အ.ထ.က (မြိတ်)
၃။ မဟန်နီနီနိုင် – မြိတ် အ.ထ.က (၂)
၄။ မရှင်မေနှောင်း – ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း
၅။ မပိုးဝတီစိုး – ကျွဲကူး အ.ထ.က(တပ်နယ်) အ.ထ.က (မြိတ်)
၆။ မဖွေးဖွေးသော် – မြိတ် အ.ထ.က (၅)
၇။ မောင်ကောင်းထက်လင်း – ကန်စွန်းအင်းကိုယ်ပိုင်ကျောင်း
၈။ မမို့မို့ဟန်ဆေး – ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း
၉။ မောင်ဘုန်းမြတ်ဇော် – ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း
၁၀။ မသိမ့်နွေးနွေးထက် – ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း

တနင်္သာရီတိုင်း ဝိဇ္ဇာတွဲ အမှတ်အများဆုံး ၁၀ ဦး
၁။ မခိုင်နှင်းပွင့် – စခန်းသစ် အ.ထ.က (ကျွန်းစု)
၂။ မောင်ဌေးလင်းအောင် – အလွတ်ဖြေ(တနင်္သာရီ)
၃။ မထက်အိန္ဒြာဝေ – ပထက် အ.ထ.က (မြိတ်)
၄။ မအေးအေးမြ စခန်းသစ် – အ.ထ.က (ကျွန်းစု)
၅။ မမေမြတ်ထွေး – သစ်ယာဝ အ.ထ.က(ခွဲ) (မြိတ်)
၆။ မမေသဇင်စိုး – လဲရှောင် အ.ထ.က (ရေဖြူ)
၇။ မောင်ရဲနိုင်စိုး – အလွတ်ဖြေ (မြိတ်)
၈။ မောင်ရဲကို – ကတ္တလူး အ.ထ.က(ကျွန်းစု)
၉။ မနိုနိုဝင်း – အ.ထ.က တနင်္သာရီ
၁၀။ မောင်ဝင်းမြတ်သူ – ညောင်ဘီး(ကျွန်းစု)