ပညာရေး အဆောက်အအုံ လေးရာနီးပါး ဆောက်လုပ်ရန် တင်ပြထား

0
630

လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ လေးရာနီးပါး အသစ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနသို့ အဆို ပြုတင်ပြထားကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

ပညာရေး အဆောက်အအုံများတွင် အန္တရာယ်ရှိသည့် ကျောင်းဆောင်၊ ကျောင်းသားဦးရေ တိုးလာသည့် ကျောင်းဆောင်၊ ဝန်ထမ်းအိမ်ရာ၊ သိပ္ပံခန်းနှင့် ကျောင်းစာ ကြည့်တိုက်တို့ ပါဝင်ကြောင်း တိုင်းပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“တင်ပြတာတော့ များတယ်။ ပြည် ထောင်စုက ဘယ်လောက်ထိ ခွင့်ပြုမယ်မှန်း မသိသေးဘူး”ဟု ဒေါ်မြင့်စိန်က ဆိုသည်။


မြို့နယ်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တွင်ရှိသည့် လွှတ်တော်အမတ် စသည်တို့ ပါဝင် ဖွဲ့စည်းထားသော ရွေးချယ်ရေးကော်မတီမှ တင်ပြလာသည့် ဦးစားပေးကျောင်းများကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြပေးသည်ဟု ၎င်းက ပြောသည်။

ယင်းအဆောက်အအုံများအတွက် ကျပ်သန်း နှစ်သောင်းကျော် (၂၀၀၄၂.၅၁ သန်း) တင်ပြတောင်းခံထားကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

တိုင်းအတွင်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် ကျပ် ၈၂၈၉ ဒသမ ၂၁၀ သန်း သုံးစွဲ ခဲ့သည်။

ယင်း အဆောက်အအုံများကို ဆောက်လုပ်ရန်ရွေးချယ်ရာတွင် လွှတ်တော် အသီးသီးမှ လွှတ်တော် ကတိကဝတ်အရ တင်ပြလာသည့် ကျောင်းဆောင်များ၊ မြို့နယ်များမှ တင်ပြလာသည့် အန္တရာယ် ရှိ ကျောင်းအဆောက်အအုံများနှင့် ကျောင်းသားဦးရေအရ ထပ်မံတိုးချဲ့ ဆောက်လုပ်မည့် ကျောင်းဆောင်များ စသည်တို့ကို သက်ဆိုင်ရာမြို့နယ် တည်ဆောက်ရေးလုပ်ငန်းကော်မတီမှ ဦးစားပေးစနစ်ဖြင့် ရွေးချယ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

မိုးမြင့်