မြိတ်တွင် အထက်တန်းကျောင်းရှေ့ ဗုံးပေါက်

0
543

မြိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်း တစ်ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။

မြို့သစ်ရပ်ကွက်၊ ဦးမြတ်လေးပေါ်ရှိ၊ အထက(၇)အထက်တန်းကျောင်းရှေ့တွင် နိုဝင်ဘာ ၅ ရက်ည ၈ နာရီက ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ယင်းရပ်ကွက်နေပြည်သူများ ကပြောသည်။

“အသံလည်း တစ်အားမကျယ်ဘူး။ ပေါက်သွားတာက”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ယင်းသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲနှင့်စစ်သားများ ချက်ချင်းရောက်လာကာ ဦးမြတ်လေးလမ်းဆုံ၌ လမ်းသွားလမ်းလာများအား ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး အနီးအနားရှိ နေအိမ်တစ်ချို့ကိုလည်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်သားများကပြောပြသည်။

“လူတွေဖမ်းဆီးသွားတာတွေတော့ မကြားရသေးဘူး”ဟု အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကိုတော့ မသိရသေးပေ။

ကျောင်းမတက်ကြရန် စာဖြန့်ဝေလှုပ်ရှားမှုများ မြိတ်မြို့ရှိ ကျောင်းများရှေ့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက် နံနက်က ဖြစ်ပွားခဲ့သည်။