ရန်ကုန်ရုပ်ရှင်ကျောင်းက သင်တန်းသားခေါ်

လာမည့် ၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်မည့် သင်တန်းအတွက် ရန်ကုန်ရုပ်ရှင်ကျောင်းက သင်တန်းသားများ ခေါ်ယူလျက် ရှိသည်။ ရန်ကုန်ရုပ်ရှင်ကျောင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင်ကျောင်းဖြစ်ပြီး ၁၅ နှစ်တာ ကာလအတွင်း ရုပ်ရှင်အမျိုးအစား များစွာအနက်မှ “မှတ်တမ်းရုပ်ရှင် အားကောင်းသောကျောင်း”ဟု အသိအမှတ် ပြုခံထားရသည်။

အခြေခံကျောင်းသားများ၏ အဆင့်သတ်မှတ်ချက် သိလိုက တောင်းကြည့်နိုင်

ပထမတန်းမှ န၀မတန်းအထိ ကျောင်းသား၊ ကျောင်းသူများ၏ တစ်နှစ် တာ အဆင့်သတ်မှတ်ချက်ကို အောင်စာရင်းတွင် ထည့်သွင်းထုတ်ပြန်ပေးခြင်း မရှိသော်လည်း သက်ဆိုင်ရာကျောင်း များတွင် အုပ်ထိန်းသူတစ်ဦးဦးက တောင်း ယူ ကြည့်ရှုနိုင်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

လုံခြုံဘေးကင်းသော စာသင်ကျောင်းအတွက် လမ်းညွှန်စာအုပ်ထုတ်ပြန်

အခြေခံပညာကျောင်းများကို လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင် ကျောင်းဆောင်လုပ်ရာတွင် လုပ်ဆောင်ရ မည့် လမ်းညွှန်စာအုပ်ကို ထားဝယ်မြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၁၅ ရက် က မိတ်ဆက်ထုတ်ပြန်ခဲ့သည်။ လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆိုသည်မှာ ကျောင်းသား၊...

ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်ရန်ပြင်

တိုင်းအတွင်းရှိ ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်းထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်အပ်ရန် တောင်းယူထားသည့် လူဦးရေစာရင်းကို ရုံးချုပ်သို့ တင်ပြထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ နေ့စားလပေး ခန့်ထားသည့် ရုံးဝန်ထမ်းများ၏ လက်ရှိ လူဦးရေစာရင်း၊ အလုပ်ထွက်သွားသူ ဦးရေစာရင်း၊...

ကိုယ်ပိုင်ကျောင်းကြီးကြပ်အုပ်ချုပ်သူ၏ ပညာအရည်အချင်း သတ်မှတ်ချက် ထုတ်ပြန်

ကိုယ်ပိုင်ကျောင်းများတွင် ကြီးကြပ် အုပ်ချုပ်သူခန့်ထားရာတွင် အခြေခံ ပညာဦးစီးဌာနက ခန့်ထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အလိုက် ကျောင်းအုပ်ကြီးများ၏ ပညာအရည်အချင်းသတ်မှတ်ချက် အတိုင်း ခန့်အပ်ရမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ယင်းသို့ ခန့်အပ်ရန်အတွက်...

ကျန်းမာရေးမကောင်းသူ၊ ကိုယ်ဝန်ဆောင်နှင့် ပင်စင်နီးဆရာများ သင်တန်းမလွှတ်ရန် ညွှန်ကြား

အခြေခံပညာ သင်ရိုးသစ်သင်တန်း စေလွှတ်ရာတွင် ကျန်းမာရေးမကောင်း သူ၊ ကိုယ်ဝန်ဆောင်နှင့် ပင်စင်နီးဆရာ၊ ဆရာမများကို သင်တန်းမလွှတ်ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထား သည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရ သည်။ ပြီးခဲ့သည့်နှစ်နွေရာသီက သင်ရိုးသစ် သင်ပြနည်း သင်တန်းသို့လာစဉ်...

မတ်လအထိ ကျောင်းဖွင့်မည့်ကိစ္စ အခြေခံဆရာနှင့် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်း ဆန္ဒပြမည်

မတ်လအထိ ကျောင်းဖွင့်မည်ကို ကန့်ကွက်သည့်အနေဖြင့် ထားဝယ်ခရိုင်ရှိ အခြေခံ ဆရာ၊ ဆရာမအချို့နှင့် ထားဝယ် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြောင်း ယင်းဆန္ဒထုတ်ဖော်မည့် ကိစ္စ ဦးဆောင်နေသူအချို့ထံမှ သိရသည်။ တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ကျောင်းသားများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများက မတ်လအထိ ကျောင်း ဖွင့်မည့်...

ဆရာမအား ကိုယ်ထိလက်ရောက်ပြုသည့် ကျောင်းသားကို ကျောင်းထုတ်

ဆရာမအား ကိုယ်ထိလက်ရောက် ပြုသည့် န၀မတန်းကျောင်းသားအား ကျောင်းထုတ်လိုက်ကြောင်း ကျောင်းအုပ် ဆရာကြီးနှင့် ကာယကံရှင်များထံမှ သိရ သည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာ အထက် တန်းကျောင်းတွင် ပညာသင်ကြားနေ သည့် န၀မတန်းကျောင်းသားသည် ဆရာမ စာသင်နေသည့်အချိန်တွင်...

တနင်္သာရီတွင် တက္ကသိုလ်ကျောင်းသားများ ဖန်တီးမှုစွမ်းရည်ပြပွဲ ပြုလုပ်ရန် ရန်ပုံငွေ အခက်အခဲဖြစ်နေ

တနင်္သာရီတိုင်းအတွင်းရှိ တက္ကသိုလ် များ အားလုံးပါဝင်သည့် ပထမဆုံး တက္ကသိုလ်ကျောင်းသားများ၏ ဖန်တီးမှု စွမ်းရည်ပြပွဲ (Thnintharyi Regional Student Creative Show) ပြုလုပ်ရန် အတွက် ရန်ပုံငွေ အခက်အခဲဖြစ်နေကြောင်း ထားဝယ်ခရိုင် ကျောင်းသားများ သမဂ္ဂ ထံမှ သိရသည်။

ဆယ်တန်းအဖြေလွှာ စစ်ဆေးတော့မည်

ကိုရိုနာဂယက်ကြောင့် ရွှေ့ဆိုင်း ထားသော ဆယ်တန်းအဖြေလွှာများကို ဇွန်လ ၃ ရက်တွင် စတင်စစ်ဆေးရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြား ထားကြောင်း တနင်္သာရီတိုင်း ပညာရေးမှူး ရုံးထံမှ သိရသည်။ တနင်္သာရီတိုင်းမှ ဆယ်တန်းအဖြေ လွှာများကို...