အခြေခံကျောင်းသားများ၏ အဆင့်သတ်မှတ်ချက် သိလိုက တောင်းကြည့်နိုင်

0
493

ပထမတန်းမှ န၀မတန်းအထိ ကျောင်းသား၊ ကျောင်းသူများ၏ တစ်နှစ် တာ အဆင့်သတ်မှတ်ချက်ကို အောင်စာရင်းတွင် ထည့်သွင်းထုတ်ပြန်ပေးခြင်း မရှိသော်လည်း သက်ဆိုင်ရာကျောင်း များတွင် အုပ်ထိန်းသူတစ်ဦးဦးက တောင်း ယူ ကြည့်ရှုနိုင်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

လက်ရှိ အခြေခံကျောင်းသား၊ ကျောင်းသူများ၏ အဆင့်သတ်မှတ် ချက်ကို အမှတ် ၁၀၀ နှင့် ၈၀ အကြားကို အေ(A)၊ ၇၉ နှင့် ၆၀ အကြား ဘီ(B)၊ ၅၉ နှင့် ၄၀ အကြား စီ(C)နှင့် အမှတ် လေးဆယ်အောက်ကို ဒီ(D) ဟု အဆင့် လေးဆင့် ခွဲခြားထားခြင်း ဖြစ်သည်။

လက်ရှိကျင့်သုံးနေသော စနစ်အရ လပတ် အဆင့်သတ်မှတ်ချက်များကို စာမေးပွဲ တစ်ကြိမ်ဖြေပြီးတိုင်း မိဘတို့ ထံ ပုံမှန်ပေးပို့လေ့ရှိသော ကျောင်းသား တစ်ဦးချင်းစီ၏ လပတ်အစီရင်ခံစာမှ တစ်ဆင့် သိရှိနိုင်သည်။

လပတ်စာမေးပွဲ လေးကြိမ်ပေါင်း အဆင့်သတ်မှတ်ချက်ဖြစ်သည့် တစ်နှစ် တာ အဆင့်သတ်မှတ်ချက်ကိုမူ အောင် စာရင်းတွင် ထုတ်ပြန်ပေးခြင်း မရှိပေ။

ကျောင်းသား မိဘအချင်းချင်း ပြိုင်ဆိုင်မူများခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ စားမေးပွဲ အဆင့်သတ် မှတ်ချက်ကို မထုတ်ပြန်ခြင်းဖြစ်ပြီး ယင်း တစ်နှစ်တာအဆင့် သတ်မှတ်ချက်ကို ကျောင်းအုပ်နှင့် အတန်းပိုင် ဆရာတို့က သိမ်းဆည်းထားကြောင်း အထက်ပါဌာန တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ကိုယ့်သားသမီးရဲ့ အခြေအနေ (အဆင့်သတ်မှတ်ချက်) ကိုသိချင်ရင်၊ ကျောင်းအုပ်ဆရာမကိုရော အတန်းပိုင် ဆရာမကိုရော သိချင်ရင် မေးလို့ရတယ်။ လုံး၀လျှို့ဝှက်ချက် မဟုတ်ဘူး”ဟု ဒေါ်မြင့်စိန်က ပြောသည်။

ယင်းကဲ့သို့ အဆင့်သတ်မှတ်ချက် ထုတ်ပြန်ပေးခြင်းမရှိဘဲ သိချင်က မေးနိုင် သည့်စနစ်ကို အချို့ကျောင်းသားမိဘများ က နှစ်သက်သော်လည်း အချို့က မနှစ်သက်ကြကြောင်း ဆရာ၊ ဆရာမအချို့ နှင့် မိဘအချို့ ပြောဆိုကြသည်။

တစ်နှစ်တာအဆင့်သတ်မှတ်ချက် ကို သက်ဆိုင်ရာကျောင်းအုပ်နှင့် အတန်းပိုင်ဆရာတို့ထံတွင် တောင်းယူ ခွင့်ရှိကြောင်းကိုလည်း သိရှိသူနည်းပါး နေကြောင်း ကျောင်းသားမိဘအချို့ထံမှ သိရသည်။

ကျော်သူစိုး