အသွားအလာကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများ ဒါတွေလိုက်နာပါ

0
743

အသွားအလာ ကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများ လိုက်နာရန် အချက်များ

၁) မိမိနေအိမ်သို့ ပြန်ရောက်ပြီး ၁၄ ရက်အတွင်း နေအိမ်တွင် သီးခြားအခန်း ဖြင့် သီးခြားခွဲခြား နေထိုင်ပါ။ လေဝင် လေထွက်ကောင်းစေရန် ပြတင်းပေါက် များကို ဖွင့်ထားပါ။

၂) အိမ်သားများနှင့်အတူ ရောနှော နေထိုင်ခြင်း မပြုဘဲ တစ်ဦးနှင့်တစ်ဦး ၁ မီတာ သို့မဟုတ် ၃ ပေ အထက် အကွာ တွင် နေထိုင်ပါ။ မိသားစုနှင့်အတူတကွ စားသောက်ခြင်း မပြုပါနှင့်။

၃) ဖြစ်နိုင်လျှင် ရေချိုးခန်း၊ အိမ်သာ သီးသန့်သုံးပါ။ အကယ်၍ အတူမျှဝေ သုံးစွဲရလျှင် မိမိအသုံးပြုခဲ့သော ရေပိုက် ခေါင်း၊ တံခါးလက်ကိုင် စသည်တို့ကို 1 : 50 Hypochlorite Solution (1000ppm) ဖြင့် ဆေးကြော သန့်ရှင်း ပါ။

(ဖျော်စပ်နည်း -1 : 50 Hypochlorite Solution (1000ppm) ရရှိနိုင်ရန် ရေ ၁ လီတာတွင် ၅ ရာခိုင်နှုန်း အိမ်သုံး အရောင်ချွတ်ဆေး (Bleaching Powder) လက်ဖက်ရည်ဇွန်း ၄ ဇွန်း ထည့်ဖျော်ပါ။

၄) အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံး၀ မပြုပါနှင့်။ အခြားသူများနှင့် အနီးကပ်ပြောဆိုခြင်း လုံး၀ရှောင်ကြဉ် ပါ။ မိမိဖုန်းနှင့် အင်တာနက်တို့မှ တစ်ဆင့်သာ ဦးစားပေး ဆက်သွယ်ပြော ဆိုပါ။

၅) လူစုလူဝေးရှိသော နေရာများသို့ လုံး၀ (လုံး၀) သွားရောက်ခြင်း မပြုရပါ။ ဤအချက်သည် အလွန်အရေးကြီး၍ အထူးသတိပြု ရှောင်ကြဉ်ပါ။

၆) ဆပ်ပြာနှင့် ရေကိုအသုံးပြု၍ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ကို မကြာခဏ စနစ်တကျဆေးကြော ပါ။ အကယ်၍ ဆပ်ပြာနှင့်ရေ မရနိုင် ပါက အနည်းဆုံး Alcohol 60% ပါဝင် သော လက်သန့်စင်ဆေးရည်ကို အသုံးပြု ပါ။ (နှာချေ၊ ချောင်းဆိုးပြီးသည့်အခါ တိုင်း၊ အများသုံးပစ္စည်းများ မကိုင်မီနှင့် ကိုင်တွယ်ပြီးတိုင်း၊ အစာမစားမီနှင့် အစာစားပြီးတိုင်း) လက်ဆေးပါ။

၇) မိမိနှင့် အခြားသူများ၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိ တွေ့ခြင်း ရှောင်ကြဉ်ပါ။

၈) မိမိ၏မိသားစု သို့မဟုတ် အခြား သူများနှင့် မဖြစ်မနေဆက်ဆံ ပြောဆို ရပ်က ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) ဖြင့် ပါးစပ်နှင့်နှာခေါင်းကို လုံခြုံအောင် ဖုံးအုပ်ပြီးမှ ပြောဆိုပါ။

၉) နှာချေ၊ ချောင်းဆိုးလျှင် တစ်ခါ သုံးတစ်ရှူးကို အသုံးပြုရပါမည်။ အသုံး ပြုပြီးသော တစ်ရှူး၊ ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask)၊ လက်အိတ်တို့ ကို အဖုံးပါသော အမှိုက်ပုံးထဲသို့ စနစ် တကျစွန့်ပစ်ပါ။ ပြီးလျှင် စနစ်တကျ လက်ပြန်ဆေးပါ။

၁၀) တစ်ကိုယ်ရေအသုံးအဆောင် ပစ္စည်းများ (ပန်းကန်ခွက်ယောက်များ၊ မျက်နှာသုတ်ပုဝါများ၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ် စသည်များ) သီးသန့်ထား ရှိပါ။ အသုံးပြုပြီးသော မျက်နှာသုတ်ပုဝါ၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်၊ အဝတ်အစားများ လျှော်ဖွပ်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ Sသိငကာ Sodium Hypochlorite Solution ၁ ဆနှင့် ရေ ၂၀ ဆ ရောနှောထားသော ဆေးရည် ဖြင့် မိနစ် ၃၀ ခန့်စိမ်ပြီးမှ အဝတ်လျှော် စက် အသုံးပြု၍ လျှော်ဖွပ်ပါ။

၁၁) ကိုယ်အပူချိန်ကို တစ်နေ့ ၂ ကြိမ်တိုင်းပါ။ ဖျားနာခြင်း၊ ချောင်းဆိုး ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အားအင် ကုန်ခမ်းခြင်းစတဲ့ လက္ခဏာများ ပေါ် ပေါက်လာပါက ပါးစပ်နှင့် နှာခေါင်း စည်းတပ်ပါ။ နီးစပ်ရာကျန်းမာရေးဌာန သို့ ချက်ချင်းဆက်သွယ် အကြောင်း ကြားပါ။

မိသားစုဝင်များ လိုက်နာရန် အချက်များ

၁) အသွားအလာ ကန့်သတ်ခြင်းခံ ရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူ အတွက် နေအိမ်တွင် သီးခြားအခန်းပြင် ဆင်ပေးပါ။

၂) ထိုသူအတွက် တစ်ကိုယ်ရေသုံး ပစ္စည်းများ (ပန်းကန်ခွက်ယောက်၊ မျက်နှာသုတ်ပုဝါ၊ အိပ်ယာခင်း စသည်)တို့ကို သီးသန့် ပြင်ဆင်ပေးထားပါ။

၃) အနီးကပ်နေထိုင်ခြင်းနှင့် ရင်နှီး စွာပူးကပ်နေထိုင်ခြင်း မပြုရပါ။ တစ်ဦး နှင့် တစ်ဦးအနည်းဆုံး ၁ မီတာ သို့မဟုတ် ၃ ပေ အကွာတွင် နေထိုင်ပါ။ အတူတကွ စားသောက်ခြင်း မပြုပါနှင့်။

၄) မိသားစုဝင်များအနေဖြင့် လက် ကိုဆပ်ပြာဖြင့် မကြာခဏ စင်ကြယ်စွာ ဆေးကြောပါ။ လူထူထပ်သောနေရာ၊ လူစုဝေးသော နေရာများသို့ သွားရောက် ခြင်းမှ ရှောင်ကြဉ်ပါ။

၅) အသွားအလာ ကန့်သတ်ခြင်း ခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူ များကို သတ်မှတ်ထားသော အိမ်ခန်း တွင်သာ နေထိုင်စေပါ။ နေအိမ်ပြင်ပသို့ သွားလာခြင်းကို လုံး၀(လုံး၀) မပြုစေရန် စောင့်ကြပ် ကြည့်ရှုပါ။

၆) ထိုသူ၏ ကျန်းမာရေးအခြေ အနေကို ကျန်းမာရေးဌာနသို့ ပုံမှန် သတင်းပို့ပါ။ စိတ်ပိုင်းဆိုင်ရာအားငယ်မှု မရှိစေရန် ကူညီဖေးမပါ။

၇) အကယ်၍ ဖျားခြင်း၊ ချောင်း ဆိုးခြင်း အသက်ရှူခံရခက်ခြင်းစသည့် ရောဂါလက္ခဏာတစ်စုံ တစ်ရာတွေ့ရှိပါ က ကျန်းမာရေးဌာနသို့ ချက်ချင်း အကြောင်းကြားပါ။

၈) အခြေခံကျန်းမာ ရေးပညာရှင် များမှ မိမိအိမ်သို့လာရောက်၍ ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်း များ ဆောင်ရွက်ပါက ကူညီဆောင်ရွက် ပါ။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန