ကိုရိုနာ ဂယက်အပေါ် ကျေးရွာများ၏ တုံ့ပြန်မှု

0
480

တနင်္သာရီတိုင်းရှိ ခရိုင်အဆင့် မြို့များတွင် ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်ရေး အတွက် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း များက နည်းလမ်းအမျိုးမျိုးဖြင့် ဆောင် ရွက်နေကြသလို ထားဝယ်ခရိုင်ရှိ ကျေးရွာ တို့ကလည်း ကိုယ့်နည်း၊ ကိုယ့်ဟန် နည်းလမ်းများဖြင့် တုံ့ပြန်ဆောင်ရွက် နေကြသည်။

ထားဝယ်ခရိုင်ရှိ ကျေးရွာများသည် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းများအပြင် ရပ်ရွာ အတွင်း ရန်ပုံငွေရှာဖွေကာ အခြားနည်း လမ်းအမျိုးမျိုးဖြင့်လည်း ယင်းဗိုင်းရပ်စ် ကို တုံ့ပြန်ဆောင်ရွက်နေကြသည်။

ညနေပိုင်းများတွင် ရပ်ရွာအတွင်း ဗိုင်းရပ်စ်ကာကွယ်ရေး လှည့်လည်အသိ ပညာပေးခြင်း၊ နိုင်ငံခြားမှ နေရပ်ပြန် လာသူများစာရင်း ကောက်ယူရန်၊ ကျေးရွာ တွင် တာဝန်ကျနေသည့် ကျန်းမာရေဝန် ထမ်းများနှင့်ပူးပေါင်းကာ နေရပ်ပြန်များ နှင့် ဆက်စပ် မိသားစုများကို ကျန်းမာ ရေး စစ်ဆေးရန်၊ ကောလဟလသတင်း များကို ဖြေရှင်းဆောင်ရွက်ရန် စသည့် တိုင်းအစိုးရက ညွှန်ကြားထားသည်များ ကို လုပ်ဆောင်ရန် ညွှန်ကြားထား ကြောင်း သရက်ချောင်းမြို့နယ် အုပ်ချုပ် ရေးမှူး ဦးသန်းထွန်းက ပြောသည်။

ကျေးရွာအချို့သည် အထက်ပါ လုပ်ဆောင်ချက်များအပြင် လက်ဆေး ရည်၊ နှာခေါင်းစည်းတို့ကို ကိုယ်တိုင် ထုတ်လုပ်ခြင်းဖြစ်စေ၊ ဝယ်ယူခြင်းဖြစ်စေ ဖြန့်ဖြူးပေးခြင်းတို့ကိုလည်း လုပ်ဆောင် လျက်ရှိ ကြသည်။

ယင်းအပြင် နေရပ်ပြန်သူများအား ၁၄ ရက် သီးသန့်စောင့်ကြည့်မှုပြုလုပ် နိုင်ရန် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း တို့ကို သီးသန့်ပြင်ဆင်ထားကြသလို ရန်ပုံငွေအဆင်ပြေသည့် ကျေးရွာအချို့တွင် အစားအသောက် အကျွေးအမွေးအစီ အမံများဖြင့် စောင့်ကြည့်နေသည်လည်း ရှိသည်။

ထိုမှတစ်ဆင့်တက်ကာ အပူချိန်တိုင်း ကိရိယာများ ဝယ်ယူကာ ကျန်းမာရေး စစ်ဆေးပေးရန်အထိ ဆောင်ရွက်နေသည့် ကျေးရွာအချို့လည်း ရှိသည်။

“အခြားရွာတွေမှာလည်း အပူချိန် တိုင်းတဲ့ပစ္စည်းတွေ ဝယ်နေကြတော့ ဝယ်မယ်ဆိုပြီး စီစဉ်နေတယ်”ဟု လောင်းလုံး မြို့နယ် ပန္ဒလဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ပြောသည်။

ယင်းကဲ့သို့ ကိုရိုနာတုံ့ပြန်ရေး အတွက် လိုအပ်သော ရန်ပုံငွေကို နိုင်ငံ ရပ်ခြားရောက်သူများ၊ ကျေးရွာသူ၊ ကျေးရွာသားများက ဝိုင်းဝန်း ထည့်ဝင် လုပ်ဆောင်ခြင်းဖြစ်ပြီး ကျေးရွာအတွင်း လှည့်လည်ပညာပေးသည့် လုပ်ဆောင်မှု တစ်ခုတည်းအတွက်ပင် ကျပ်သုံးသိန်း ဝန်းကျင် ကုန်ကျကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

ယင်းကဲ့သို့ ကိုရိုနာတုံ့ပြန်ရေး ဆောင်ရွက်ရာတွင် အပူချိန်တိုင်းကိရိယာ များ ဝယ်ယူရန်အတွက် ဈေးကြီးနေခြင်း၊ ဝယ်ယူရန် ခက်ခဲနေခြင်း၊ လက်ဆေး ရည်နှင့် နှာခေါင်းစည်းများ အလုံအလောက် မရခြင်း စသည့် အခက်အခဲများကိုလည်း ကြုံတွေ့နေကြ ရသည်။

“နိုင်ငံခြားက ပြန်လာတဲ့သူတွေကို သီးသန့်နေထိုင်ဖို့ စီစဉ်ပေးချင်ပါတယ်။ နေဖို့နေရာကတော့ လုပ်ပေးလို့ရပေမယ့် စားဖို့၊ သောက်ဖို့ကို စီစဉ်ပေးဖို့ကျတော့ ငွေရေးကြေးရေး အဆင်မပြေဘူး”ဟု ရေဖြူမြို့နယ် အုန်းပင်ကွင်း အုပ်ချုပ် ရေးမှူး ဦးသန်းထွေးက ပြောသည်။

ထားဝယ်မြို့ရှိ အဖွဲ့အစည်းအချို့ သည်လည်း ကျေးရွာများတွင် လာရောက် အသိပညာပေးခြင်းနည်းပါသလို လက် ဆေးရည်နှင့် နှားခေါင်းစည်များကိုလည်း လာရောက်ပံ့ပိုးခြင်းတို့ မလုပ်ဆောင်ကြ ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့က ပြောဆိုသည်။

“အပူချိန်တိုင်းတာတဲ့စက်ကိုတော့ ကျန်းမာရေးဌာနနဲ့ NGO(အရပ်ဘက် အဖွဲ့အစည်း) အဖွဲ့တွေကို ကူညီတောင်း ထားတယ်။ အဲဒီစက်ရရင်တော့ ရွာဝင်၊ ရွာထွက်နဲ့ ဈေးလိုမျိုး လူများတဲ့နေရာ တွေမှာ စစ်ဆေးမယ်”ဟု ရေဖြူမြို့နယ် ရာဖူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦး က ပြောသည်။

ယင်းအပြင် နေရပ်ပြန်များက ၎င်းတို့ သည် နယ်စပ်တွင် ကျန်းမာရေး စစ်ဆေး ခံယူပြီးဖြစ်သည်ဟုဆိုကာ နောက်တစ် ကြိမ် ကျန်းမာရေးစစ်ဆေးခံရန်၊ နေအိမ် တွင် အပြင်မထွက်ဘဲ ၁၄ ရက် နေထိုင် ရန် ငြင်းဆန်သူများလည်းရှိကြောင်း ထားဝယ်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် ရာအိမ်မှူးတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကိုရိုနာကာကွယ်ရေး လုပ်ဆောင်နေကြသော် လည်း ထားဝယ် မြို့ပေါ်အပါအဝင် ကျေးရွာအချို့တွင် ဘာသာရေးပွဲများ၊ မင်္ဂလာဆောင်ပွဲများ လည်း လူစုလူဝေးဖြင့် ပြုလုပ်နေကြဆဲ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန လမ်း ညွှန်းချက်များကို ဆောင်ရွက်ရာတွင် ကျေးလက်နေ ပြည်သူများသည် မြို့ပေါ်နေ ပြည်သူများလောက် စိတ်အားထက်သန်မှု မရှိသည့်အပြင် ကောလာဟလများမှာ လည်း တစ်ရွာတစ်မျိုး ထွက်ပေါ်လျက်ရှိ ကြသည်။

ကျော်သူစိုး