ဆရာမအား ကိုယ်ထိလက်ရောက်ပြုသည့် ကျောင်းသားကို ကျောင်းထုတ်

0
1354

ဆရာမအား ကိုယ်ထိလက်ရောက် ပြုသည့် န၀မတန်းကျောင်းသားအား ကျောင်းထုတ်လိုက်ကြောင်း ကျောင်းအုပ် ဆရာကြီးနှင့် ကာယကံရှင်များထံမှ သိရ သည်။

မြိတ်မြို့နယ်၊ မဇောကျေးရွာ အထက် တန်းကျောင်းတွင် ပညာသင်ကြားနေ သည့် န၀မတန်းကျောင်းသားသည် ဆရာမ စာသင်နေသည့်အချိန်တွင် နှောင့် ယှက်သည့်အပြုအမူ ပြုလုပ်သဖြင့် ဆရာမ က ဟန့်တားပြောဆိုရာ ၎င်းက ဖိနပ် ဖြင့်ပစ်ခြင်း၊ ဝင်ထိုးခြင်း၊ တွန်းလှဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင် ဆရာမ နှင့် ကျောင်းအကျိုးဆောင် ကော်မတီဝင်က ပြောသည်။

“ကျောင်းသားတွေ ဝင်ဆွဲတော့ ထိုးတာ မထိဘူး။ တွန်းလှဲတဲ့ဒဏ်ကြောင့် ကျွန်မ လုံး၀ ထလို့ မနိုင်တော့ဘူး ဖြစ်သွားတယ်”ဟု အခင်းဖြစ်သည့်အချိန်က အခြေ အနေကို ကာယကံရှင် ဆရာမက ပြောသည်။

အဆိုပါကျောင်းသားသည် ယခင် မြိတ်မြို့တွင် နေထိုင်ပြီး မြိတ်မြို့ အ.ထ.က ၂ ကျောင်းမှ မဇောကျေးရွာကျောင်းသို့ ယခုနှစ်မှ ပြောင်းရွှေ့လာသူဖြစ်ကာ ပြီးခဲ့သည့်လပိုင်းကလည်း ဆရာမအား ဆဲဆိုခဲ့ဖူးကြောင်း ကျောင်းအကျိုးတော် ဆောင်များနှင့် ကာယကံရှင် ဆရာမထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောင်းသားအား ကျောင်းထုတ်ပစ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်က ကျောင်းထွက်စာ ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ကျောင်း အုပ်ဆရာကြီး ဦးကြည်စွမ်က ပြောသည်။

Dawei Watch