ထိုင်းနိုင်ငံ အရှေ့မြောက်နှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိ

မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ပင်လယ်ကွေ့တို့တွင် အားအသင့်အတင့် ရှိ အနောက်တောင်မုတ်သုံလေအပြင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် လေဖိအားနည်း ရပ်ဝန်း ကိုပါ တွေ့ရှိရသည့် အတွက် ထိုင်းနိုင်ငံ၏ အရှေ့မြောက် ၊ အရှေ့နှင့်အနောက်တောင် ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။

ပါချန်မြစ်ဘေးတွင် ဒီရေတောအပင် ၁၂၀၀ ခန့်စိုက်မည်

ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်ခြား ပါချန်မြစ်ဘေးရှိ ရေလယ်ကျွန်းတွင် ဒီရေတောအပင် ၁၂၀၀ ခန့် စိုက်ပျိုးမည်ဖြစ်ကြောင်း ပါချန်မြစ်ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။ ဒီရေတော အပင် ၁၂၀၀ ခန့်ကို ဇူလိုင်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ...

စပါးရိတ်သိမ်းချိန် ထားဝယ်နှင့် မြိတ်ခရိုင်တွင် မိုးရွာ၍ လယ်သမားများအခက်တွေ့၊ မိုးဆက်ရွာဦးမည်

ထားဝယ်နှင့် မြိတ်ခရိုင်တို့တွင် စပါးရိတ်သိမ်းနေကြပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မိုးရွာနေသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။ တနင်္သာရီတိုင်းတွင် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ မိုးရွာနေသည်ဟု မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်မှ ဒေသခံအချို့က...

ပုလောနှင့် ကျွန်းစုက ဒီရေတော ဧကလေးထောင်ကျော်ကို ကာကွယ်တောအဖြစ်သတ်မှတ်

မြိတ်ခရိုင် ကျွန်းစုနှင့် ပုလောမြို့နယ်တို့ရှိ ဒီရေတောဧရိယာ ၄၀၅၇ ဧက ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ် လိုက်ကြောင်း သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်ရှိ အကျယ်အဝန်း ၃၃၄၀ ဧကရှိသော မအိုင်ကျွန်းဒီရေတောနှင့် ပုလောမြို့နယ်ရှိ...

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာဦးမည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာဦးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်မှ အနည်းငယ်ပြန်ကျသော်လည်း မြို့ပေါ်တွင် ရေကြီးနေဆဲ

စိုးရိမ်ရေအမှတ်ရောက်ခဲ့သည့် တနင်္သာရီမြစ်ရေမှာ ယနေ့တွင် ကိုးလက်မခန့် ပြန်ကျသွားသော်လည်း တနင်္သာရီမြို့ပေါ်တွင် ရေကြီးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလအစမှစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်...

တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာမည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အာစန်နီအမည်ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းမှာ မြန်မာနိုင်ငံဘက်ကို...

မိုးကြောင့် ဆားလုပ်ငန်းများ ရပ်ထားရပြန်ပြီဟုဆို

အားကောင်းသည့် မုန်တိုင်းငယ်ကြောင့် မိုးရွာနေသဖြင့် တနင်္သာရီတိုင်းတွင် ဆားထုတ်လုပ်မှု ရပ်နားထားရ ပြန်ပြီဖြစ်ကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ဖေဖော်ဝါရီလတွင်လည်း ရာသီဖျက်မိုးရွာသွန်းမှုကြောင့် ဆားအထွက်လျော့ခဲ့ပြီး လက်ရှိတွင်လည်း မုန်တိုင်းကြောင့် မိုးရွာသွန်းသဖြင့် လုပ်ငန်းများ ထပ်မံရပ်နားထားရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

ကံပေါက်ဒယ်(လ်)ကို သတ္တုမိုင်းတွင်းမြေပြိုမူဖြစ်၊ ဒေသခံများစိုးရိမ်

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်‌ကျေးရွာရှိ ဒယ်(လ်)ကိုကုမ္ပဏီ သတ္တုတူးဖော်ရေး ဧရိယာအတွင်း မနေ့(ဇူလိုင် ၁၅) နေ့လယ်ပိုင်းက မြေပြိုမူတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ မြေမပြိုခင်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုသည့်နေ့တွင်မူ မိုးရွာသွန်းခြင်းမရှိဘဲ ပြိုကျလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

မိုးကြောင့် တိုင်းအတွင်းက တောင်သူများအခက်တွေ့၊ ဆုံးရှုံးမှုများရှိ

အချိန်အခါမဟုတ် ရွာသွန်းနေသည့်မိုးကြောင့် တောင်သူများ အခက်တွေ့နေကြရကြောင်း ဒေသခံတောင်သူများက ပြောသည်။ ပွင့်လင်းရာသီဖြစ်သည့် သီတင်းကျွတ်ကာလမှ နိုဝင်ဘာလကုန်အထိ မိုးရွာသွန်းခဲ့ပြီး ယခုဒီဇင်ဘာလတွင်လည်း မိုးရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့က ထုတ်ပြန်ထားသည်။ သရက်ချောင်းမြို့နယ်တွင်...