ကံပေါက်ဒယ်(လ်)ကို သတ္တုမိုင်းတွင်းမြေပြိုမူဖြစ်၊ ဒေသခံများစိုးရိမ်

0
811

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်‌ကျေးရွာရှိ ဒယ်(လ်)ကိုကုမ္ပဏီ သတ္တုတူးဖော်ရေး ဧရိယာအတွင်း မနေ့(ဇူလိုင် ၁၅) နေ့လယ်ပိုင်းက မြေပြိုမူတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

မြေမပြိုခင်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုသည့်နေ့တွင်မူ မိုးရွာသွန်းခြင်းမရှိဘဲ ပြိုကျလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပြေမြိုမူကြောင့် ထိခိုက်မူမရှိသော်လည်း မြေပြိုရာမှထွက်လာသည့်နုန်းမြေများ ရဲရင့်ချောင်းအတွင်းစီးဝင်ခဲ့ပြီး ယင်းကဲ့သို့ နောက်ထပ်မြေပြိုကျမည်ကိုလည်း ရဲရင့်ချောင်းနံဘေးတွင် နေထိုင်သူများက စိုးရိမ်လျက်ရှိသည်။

“နောက်ထပ်ဖြစ်မှာကိုစိုးရိမ်တယ်ဆိုတာက ဟိုးအရင်က တစ်ခါအခုလိုပဲမြေပြိုတော့ အိမ်တွေပါသွားဖူးတာကိုး။ အခုလည်း ချောင်းဘေးမှာအိမ်တွေရှိတော့ နောက်တစ်ခါပြိုကျရင် အိမ်တွေပါမှာကို စိုးရိမ်နေရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒယ်(လ်)ကိုသတ္တုမိုင်းတူးဖော်သည့် ဧရိယာအတွင်းလွန်ခဲ့သည့် ၂၀၁၅ ခုနှစ်က မြေပြိုကျခဲ့သဖြင့် ရဲရင့်ချောင်းနံဘေးတွင် နေထိုင်သူများ၏ နေအိမ်များ ပျက်စီးခဲ့ဖူးသည်။

ယင်းအချိန်က နေအိမ်တန်ဖိုးကို ကုမ္ပဏီဘက်က လျော်ကြေးပေးခဲ့သော်လည်း နောက်တစ်ခါ ရဲရင့်ချောင်းနံဘေးတွင် နေအိမ်ဆောက်လုပ် နေထိုင်ခြင်းမပြုရန် ကုမ္ပဏီက တားမြစ်ခဲ့သည်။

ယခုမူ ဒေသခံများမှာ နေစရာအခက်အခဲကြောင့် ယင်းနေရာတွင် နေအိမ်ဆောက်ကာ ပြန်လည်နေထိုင်ကြပြီး နေအိမ် အလုံး ၃၀ ခန့်ရှိကြောင်းဆိုသည်။

မိုးသည်းထန်စွာရွာသွန်းပါက ယခုမြေပြိုသည့်နေရာမှ ထပ်မံမြေပြိုကျနိုင်သည့် အခြေအနေရှိကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

ဇူလိုင်လ ၁၅ ရက်က ကံပေါက်ကျေးရွာ ဒယ်(လ်)ကို သတ္တုမိုင်းအတွင်း မြေပြိုကျမူမြင်ကွင်း/ Photo – CJ

ဇူလိုင်လ ၁၅ ရက်က ကံပေါက်ကျေးရွာ ဒယ်(လ်)ကို သတ္တုမိုင်းအတွင်း မြေပြိုကျမူမြင်ကွင်း/ Photo – CJ