ထိုင်းနိုင်ငံ အရှေ့မြောက်နှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိ

0
2238
ဓာတ်ပုံ - Thai PBS World

မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ပင်လယ်ကွေ့တို့တွင် အားအသင့်အတင့် ရှိ အနောက်တောင်မုတ်သုံလေအပြင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် လေဖိအားနည်း ရပ်ဝန်း ကိုပါ တွေ့ရှိရသည့် အတွက် ထိုင်းနိုင်ငံ၏ အရှေ့မြောက် ၊ အရှေ့နှင့်အနောက်တောင် ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။

လေပြင်းများတိုက်ခတ်နိုင်သည့်အပြင် ကပ္ပလီပင်လယ်ပြင်တွင် နှစ်မီတာမြင့်သော လှိုင်းများ ရှိလာနိုင်ကာ ပင်လယ်ကွေ့တွင် လှိုင်းသည် ၂မီတာ အထိ ရှိနိုင်ကြောင်း သိရသည်။ ထို့အပြင် မုန်တိုင်းသင့်နိုင်သည့် ဒေသများတွင်မူ ၂မီတာ ကျော်သော လှိုင်းများ ရှိနိုင်သည့်အတွက်  ရေလွှာလျှောစီးသူများကို သတိဖြင့် လုပ်ဆောင်ရန် နှင့် အဆိုပါ ဒေသများကို ရှောင်ရှားကြရန် အကြံပြုထားသည်။

မိုးလေဝသဌာန ၏ ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံ ၊ အရှေ့မြောက်ဒေသ၏ ၆၀ ရာခိုင်နှုန်းခန့်သော နေရာများတွင် မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်ပြီး နုံခိုင် ၊ ဘူအန်းခန်း ၊ အူဒုံဌာနီ ၊ ဆခွန်နခွန် ၊ နခွန် ဖနွမ် ၊ နခွန် ရတ်ချာဆီမာ ၊ ဘူရီရမ် ၊ ဆူရင် ၊ ဆီဆခက် နှင့် အူဘွန် ရတ်ချာဌာနီ စသည့် ပြည်နယ်များ၏ အချို့နေရာများတွင် မိုးသည်းထန်စွာရွာနိုင်ကြောင်း သိရသည်။ အနိမ့်ဆုံးအပူချိန်မှာ ၂၃ မှ ၂၆ ဒီဂရီစင်တီဂရိတ်မှဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ ၃၃ မှ ၃၈ ဒီဂရီစင်တီဂရိတ်အထိရှိမည်ဖြစ်သည်။

နိုင်ငံ၏ မြောက်ပိုင်း ၂၀ ရာခိုင်နှုန်းခန့်သော ဒေသများတွင် လေပြင်းတိုက်ခတ်မည်ဟု ခန့်မှန်းထားသော်လည်း မိုးရွာနိုင်ချေ မရှိပေ။ အနိမ့်ဆုံးအပူချိန်မှာ ၂၃ မှ ၂၈ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ ၃၇ မှ ၄၀ ဒီဂရီစင်တီဂရိတ်အထိရှိမည်ဖြစ်သည်။

မိုးကြိုးမုန်တိုင်းများသည် အလယ်ပိုင်းပြည်နယ်များ၏ ၃၀ ရာခိုင်နှုန်းသော ဒေသများတွင် ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။  အမြင့်ဆုံးအပူချိန်မှာ ၃၇ မှ ၃၉ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄ မှ ၂၇ ဒီဂရီစင်တီဂရိတ်အထိရှိမည်ဖြစ်သည်။

နိုင်ငံ၏ အရှေ့ဘက်  ၇၀ ရာခိုင်နှုန်းခန့်သော ဒေသများတွင်မူ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၃ မှ ၃၇ ဒီဂရီစင်တီဂရိတ် အထိ  ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅ မှ ၂၉ ဒီဂရီ စင်တီဂရိတ် အထိ ရှိမည်ဖြစ်သည်။

အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဒေသ ၏ ၄၀ ရာခိုင်နှုန်းခန့်သော နေရာများတွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်ပြီး ပင်လယ်ကွေ့မှာ လှိုင်းအမြင့် ၁ မှ ၂ မီတာအထိ ရှိနိုင်ကြောင်း သိရသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၃ မှ ၃၇ ဒီဂရီစင်တီဂရိတ် အထိ ရှိမည် ဖြစ်သည်။

ဘန်ကောက်မြို့၏ ၃၀ရာခိုင်နှုန်းခန့်သော ဒေသများနှင့် ၎င်းမြို့အနီးတစ်ဝိုက်ဒေသများတွင် ရံဖန်ရံခါ လေပြင်း တိုက်ခတ်နိုင်ပြီး အထူးသဖြင့် မွန်းလွဲပိုင်းမှ ညပိုင်းအထိ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကာ  ယင်းဒေသများတွင်း အမြင့်ဆုံးအပူချိန်သည် ၃၅ မှ ၃၈ ဒီဂရီ စင်တီဂရိတ်ထိ ရှိနိုင်ကြောင်း  မိုးလေဝသဌာနက ခန့်မှန်းထားသည်။

Reference

●       Thai PBS World