ဒေသတွင်း ကူးစက်သူနှစ်ဦးအပါအဝင် ကိုဗစ်လူနာသစ် ၂၃ ဦးတိုး

တနင်္သာရီတိုင်းတွင် ဒေသတွင်း ကူးစက်သူနှစ်ဦးအပါအဝင် ဇန်နဝါရီ ၁၅ မှ ၂၀ ရက်အထိ ခြောက်ရက် အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၃ တိုးလာကြောင်း တနင်္သာရီ တိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြိတ်တွင် အောက်စီဂျင်အိုး အခမဲ့ငှား

မြိတ်မြို့အတွင်း အရေးပေါ်လိုအပ်နေသူများအတွက် အောက်စီဂျင်အိုးအခမဲ့ ငှားရမ်းပေးလျှက်ရှိကြောင်း သိရသည်။ အောက်စီဂျင်အိုးငှားလိုပါက အခကြေးငွေပေစရာမလိုပဲ နိုင်ငံသားစီစစ်ရေးကတ်ပြားပေး၍ ငှားနိုင်ကြောင်း မြိတ်မြို့ ခရူတောရပ်မှ အောက်စီဂျင်အိုးငှားပေးနေသူ ဦးစည်သူထွန်းက ပြောသည်။ ထိုသို့ငှားရာတွင် အောက်ဆီဂျင်အိုးတစ်လုံးလျှင်...
Dawei Watch, Dawei News, Dawei News Media

ကမ်းနားဈေးရှိ ငါးဒိုင်အားလုံး ၂၁ ရက်ကြာ ပိတ်ရန် ညွှန်ကြား

ထားဝယ်မြို့၊ ကမ်းနားဈေးတွင် လက်ကားရောင်းချနေသည့် ငါးဒိုင်အားလုံး ၂၁ ရက်ကြာ ပိတ်ထားရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထား သည်။ ကမ်းနားဈေးငါးဒိုင်မှ အမျိုးသမီးတစ်ဦး ဩဂုတ်လ ၁ ရက်နေ့ ကိုဗစ်ဖြင့် ကွယ်လွန်သွားသည့်အတွက် ငါးဒိုင်အားလုံးကို...

Stay at Home မြို့နယ်မှ လာသူများ ၁၀ ရက် အသွားအလာ ကန့်သတ်ခံရမည်

ကိုဗစ်ကြောင့် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ မွန်ပြည်နယ်သို့ လာရောက်သူများ ၁၀ ရက် အသွားအလာကန့်သတ်ခံရမည်ဟု မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။ အသွားအလာကန့်သတ်ထားစဉ် ကိုဗစ်ရောဂါပိုး ရှိ...

တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ရက်တည်း သုံးဦး သေဆုံး

တနင်္သာရီတိုင်းတွင် ယမန်နေ့ တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ သုံးဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ တိုင်းအတွင်း ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာပြီး ထားဝယ်တွင် သေဆုံးသူ တစ်ဦး၊...
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်အလှူငွေကို ကာကွယ်ဆေး ဝယ်ရန်အတွက်သာသုံးမည်

အာဏာမသိမ်းမီက အလှူခံထားသည့် ကိုဗစ်အလှူငွေများကို ကာကွယ် ဆေးဝယ်ယူရန်အတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း ထားဝယ်ဒေသ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးလူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ NLD အစိုးရ၏ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကာကွယ်ဆေးဝယ်ယူရန် ရန်ပုံငွေတစ်ရပ်...

လူစုဝေးခွင့် ပိတ်ပင်ထားသော်လည်း ထိုင်းလူငယ်များ ဆန္ဒဆက်ပြမည်

ကိုဗစ်ကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်နေခြင်းကြောင့် ထိုင်းအစိုးရအနေနဲ့ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူတွေကို စုဝေးခွင့် ပိတ်ပင်ထားပေမဲ့လည်း ဝန်ကြီးချုပ်ပရာယွတ်ချန်-အို-ချာ နုတ်ထွက်ပေးဖို့ လူငယ်တွေက ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတစ်ဝန်းက ပြည်သူထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ထားဝယ်တွင် အောက်ဆီဂျင်မလောက်တော့သဖြင့် မြိတ်တွင် သွားဖြည့်နေရ ဟုဆို

အာယုဒါနအဖွဲ့၏ စက်ရုံမှထုတ်သည့် အောက်ဆီဂျင်မှာ လုံလောက်မှုမရှိဘဲ ပြတ်လပ်သွားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့၏ စက်ရုံမှ ထွက်သည့်အောက်ဆီဂျင်ကို ထားဝယ်ဒေသအတွက် လှူဒါန်းနေခြင်းဖြစ်သည်။ အဆိုပါ...
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းနေ လူသုံးသောင်းအား ကိုယ်ခံစွမ်းအားမြင့်စေသည့် ဗီတာမင် D3 တိုက်မည်

ကိုယ်ခံစွမ်းအားမြင့်တက်စေသည့် ဗီတာမင် D3 အား တနင်္သာရီတိုင်းနေ လူဦးရေသုံးသောင်းအား တိုက်ကျွေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ တိုက်ကျွေးမည့် ဗီတာမင် D3 ကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးအသင်းချုပ်မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ထားဝယ်ဒေသ၌ သြဂုတ်လ...

တစ်နာရီလျှင် အောက်ဆီဂျင် လေးလုံးအထိ ထုတ်နိုင်သည့်စက် ထားဝယ်သို့ ထပ်ရောက်မည်

တစ်နာရီစက်လည်ပတ်ပါက အောက်ဆီဂျင် ၄၀ လီတာအိုး လေးလုံးအထိ ထွက်ရှိနိုင်သည့် ရွေ့လျားအောက်ဆီဂျင်စက်တစ်လုံး ထားဝယ်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြု အထောက်အကူပြု အဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။ အဆိုပါရွေ့လျားအောက်ဆီဂျင်စက်ကို ရန်ကုန်မြို့နေ ထားဝယ်သားလုပ်ငန်းရှင်တစ်ဦးက လှူဒါန်းခြင်းဖြစ်ပြီး...