မြိတ်တွင် အောက်စီဂျင်အိုး အခမဲ့ငှား

0
152

မြိတ်မြို့အတွင်း အရေးပေါ်လိုအပ်နေသူများအတွက် အောက်စီဂျင်အိုးအခမဲ့ ငှားရမ်းပေးလျှက်ရှိကြောင်း သိရသည်။

အောက်စီဂျင်အိုးငှားလိုပါက အခကြေးငွေပေစရာမလိုပဲ နိုင်ငံသားစီစစ်ရေးကတ်ပြားပေး၍ ငှားနိုင်ကြောင်း မြိတ်မြို့ ခရူတောရပ်မှ အောက်စီဂျင်အိုးငှားပေးနေသူ ဦးစည်သူထွန်းက ပြောသည်။

ထိုသို့ငှားရာတွင် အောက်ဆီဂျင်အိုးတစ်လုံးလျှင် အချိန်တစ်ပတ်အထိ ငှားခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။

“လူနာအနေနဲ့ ထပ်ရူဖို့ လိုအပ်သေးရင် ပြန်ပြီး ငှားပေးပါတယ်” ဟု ဦးစည်သူထွန်းက ပြောသည်။

ညမထွက်ရအချိန်တွင် အောက်စီဂျင်အိုး အရေးပေါ်လိုအပ်လာပါက လူနာရှင်အနေဖြင့် ပရဟိတအသင်းအဖွဲ့(သို့မဟုတ်)သက်ဆိုင်ရာအဖွဲ့အစည်းနှင့်အတူလာရောက်၍ ခရူတောတောင်ပေါ် (၃)လမ်း၊အိမ်အမှတ်(၉)တွင် လာရောက်ငှါးရန်းနိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ၀၉၉၇၆၆၇၅၆၆၀၊ ၀၉၂၅၄၄၇၅၆၀၉၊
၀၉၉၅၄၄၇၅၆၀၉၊ ၀၉၇၅၂၂၆၁၅၆၈ ထံ ခေါ်ဆို ဆက်သွယ်နိုင်ကြောင်း ဉီးစည်သူထွန်းက ပြောသည်။

ကိုဗစ်တတိယလှိုင်းအတွင်းမြိတ်ခရိုင်တွင် ကိုဗစ် ရောဂါ ကူးစက်မှုမြင့်မားလာသည်နှင့်အမျှ အောက်စီဂျင်အိုးအခမဲ့ လှူဒါန်းသည့် အဖွဲ့စည်းများလည်း ပေါ် ပေါက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် မိသားစုညီညွတ်ရေးအသင်း၊မြိတ်အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ ၊ဝဠံသကနာရေးကူညီမှုအသင်း၊ဂရုဏာနာရေးကူညီမှုအသင်းအပါအဝင် အဖွဲ့အစည်းဆယ်ခုခန့်ကလည်း
အောက်ဆီဂျင်အိုး အခမဲ့ငှားပေးနေကြောင်း ပရဟိတ အသင်းအဖွဲ့များထံမှ သိရသည်။

မြိတ်ခရိုင်တွင် ကိုဗစ်ကူးစက်ခံနေရသူ လက်ရှိ တစ်ထောင်ကျော်ရှိပြီး မြိတ်မြို့တွင်အများဆုံးဖြစ်ပြီးဇူလိုင်လကုန်ပိုင်းမှစ၍ တစ်နေ့လျှင် သေဆုံးသူဆယ်ဦးခန့် ရှိနေသည်။