ထားဝယ်တွင် အောက်ဆီဂျင်အိုး စရောင်း

ထားဝယ်ဈေးကွက်တွင် ထိုင်း၊ တရုတ်နှင့် ရန်ကုန်မြို့မှဝင်လာသည့် အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်ထုတ်စက် (Oxygen concentrator) များ စတင် ရောင်းချနေကြပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးတစ်လုံးလျှင် ကျပ်ငါးသိန်းကျော်၊ ၁၅ လီတာအိုးတစ်လုံးလျှင်...

ထားဝယ်တွင် အောက်ဆီဂျင်မလောက်တော့သဖြင့် မြိတ်တွင် သွားဖြည့်နေရ ဟုဆို

အာယုဒါနအဖွဲ့၏ စက်ရုံမှထုတ်သည့် အောက်ဆီဂျင်မှာ လုံလောက်မှုမရှိဘဲ ပြတ်လပ်သွားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့၏ စက်ရုံမှ ထွက်သည့်အောက်ဆီဂျင်ကို ထားဝယ်ဒေသအတွက် လှူဒါန်းနေခြင်းဖြစ်သည်။ အဆိုပါ...
video

တနင်္သာရီတိုင်းတွင် လေးရက်အတွင်း ကိုဗစ်လူနာ ၁၃၀ ကျော်၊ ထားဝယ် ခုန်တက်

တနင်္သာရီတိုင်းတွင် လေးရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၆ ဦး ထပ်တိုးလာပြီး ထားဝယ်က မြိတ်ကို ကျော်တက်သွားခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။ ဇူလိုင်လ ၃ ရက်မှ ၆...

တနင်္သာရီတိုင်းအတွင်း ပါဆယ်စနစ် ပြန်သတ်မှတ်

ကိုဗစ်ကပ်ဘေးကူးစက်မှုမြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များတွင် ပါဆယ်သာ ရောင်းချရန် ပြန်သတ်မှတ်လိုက်သည်။ ဆိုင်ထိုင်စားသောက်ခြင်းအား တားမြစ်ကန့်သတ်ရန် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာခရိုင်များကို ညွန်ကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကု သီတဂူဆေးရုံ စေတနာ့ဝန်ထမ်းများ စားသောက်ရေး အခက်ကြုံ

ကိုဗစ်ရောဂါ ကုသပေးနေသည့် ထားဝယ်မြို့ရှိ သီတဂူဆေးရုံတွင် ကူညီလုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းများ ထမင်းစားသောက်ရေးအတွက် အခက်ကြုံနေကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ ကြက်ခြေနီတပ်ဖွဲ့က အထက်ပါဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်လူနာများအား စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။
ထားဝယ်မြို့ တစ်နေရာ

ကိုဗစ်ရောဂါ ပိုးတွေ့မှုနူန်းများလာပါက ထားဝယ်မြို့ကို Stay at Home ကြေညာမည်

ကိုဗစ်ပိုးတွေ့မှုများပြားလာပါက ထားဝယ်မြို့အား ဩဂုတ်လ ၂၀ ရက်မှစပြီး Stay at Home (အိမ်တွင် သာနေရန်) အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း လိုက်လံကြေညာလျက်ရှိသည်။ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့အတွင်း ကားဖြင့်လိုက်လံကြေညာနေခြင်းဖြစ်သည်။ အကယ်၍ ကိုဗစ်ရောဂါပိုးတွေ့မှူနူန်း မများလာပါက Stay...

မြိတ် Fever Clinic ပြန်ဖွင့်မည်

လတ်တလောဖြစ်ပေါ်နေရသည့် ကိုဗစ်ကူးစက်ရောဂါအခြေအနေတို့ကြောင့် ဇူလိုင်လ ၅ ရက်နေ့မှ စ၍ အခမဲ့ ဆေးကုခန်း ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း မြိတ်မြို့ သံဃာ့ဆေးရုံရှိ အနံ့ပျောက်၊ ဖျားနာ လူနာများအတွက် အခမဲ့ဆေးကုပေးသည့် Fever Clinic က ထုတ်ပြန်ပြောဆိုလိုက်သည်။

ထားဝယ်ခရိုင်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ခြောက်ဦးသေဆုံး

ထားဝယ်ခရိုင်တွင် ဇူလိုင်လ ၂၃ ရက် တစ်ရက်အတွင်း ကိုဗစ်လူနာ ခြောက်ဦးသေဆုံးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းနေ့ တစ်ရက်တည်းတွင် ထားဝယ်မြို့နယ်၌ ကိုဗစ်လူနာ ငါးဦး သေဆုံးခဲ့ပြီး သရက်ချောင်းမြို့နယ်တွင် ၁ ဦးသေဆုံးခဲ့သည်ဟု...

တနင်္သာရီတိုင်းတွင် ကိုဗစ်လူနာတစ်ရာနီးပါး ဆေးကုသနေရ

တနင်္သာရီတိုင်းအတွင်း ဆေးကုသမူခံယူနေရသည့် ကိုဗစ်လူနာစုစုပေါင်း ၉၉ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအေးသိန်းက ပြောကြားသည်။ ဇွန်လ ၇ ရက်နေ့အထိ စာရင်းအရ ထားဝယ်ခရိုင်တွင် ကိုဗစ်လူနာ ၁၆ ဦး၊ မြိတ်မြို့တွင် ၆...

မြိတ်တွင် ပိုင်ရှင်မဲ့အလောင်း နှစ်လောင်းတွေ့

မြိတ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်းအား နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့ရကြောင်း သိရသည်။ ကုန်ဖေါက်ရပ်ကွက်ရှိ အဝေးပြေးကားကွင်းတွင် ဇူလိုင်လ ၂၇ ရက်နေ့က အမျိုးသားတစ်ဦးနှင့် ဇူလိုင်လ ၂၈ ရက်နေ့က ကမ်းနားလမ်းရှိ ပြည်တော်သာတံတားအနီးတွင် အမျိုးသားတစ်ဦးတို့ သေဆုံးနေခြင်းဖြစ်သည်။