ကိုဗစ်ရောဂါ ပိုးတွေ့မှုနူန်းများလာပါက ထားဝယ်မြို့ကို Stay at Home ကြေညာမည်

0
141
ထားဝယ်မြို့ တစ်နေရာ

ကိုဗစ်ပိုးတွေ့မှုများပြားလာပါက ထားဝယ်မြို့အား ဩဂုတ်လ ၂၀ ရက်မှစပြီး Stay at Home (အိမ်တွင် သာနေရန်) အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း လိုက်လံကြေညာလျက်ရှိသည်။ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့အတွင်း ကားဖြင့်လိုက်လံကြေညာနေခြင်းဖြစ်သည်။

အကယ်၍ ကိုဗစ်ရောဂါပိုးတွေ့မှူနူန်း မများလာပါက Stay at Home သတ်မှတ်မည်မဟုတ်ကြောင်း ထားဝယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောသည်။

“ပိုးတွေ့မှူနုန်းလျော့ကျလာရင်တော့ ဒီအတိုင်းပဲနေမယ်ပေါ့နော်။ တကယ်လို့ ပိုးတွေ့မူနှုန်းများလာရင်တော့ Stay at Home သတ်မှတ်မယ်။ အဓိကကတော့ သတိပေးတဲ့သဘောပါ။ လူတွေ( ကိုဗစ်စည်းကမ်း) လိုက်နာမူရှိလာအောင်လို့လေ” ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

တိုင်းအတွင်း ကိုဗစ်ပိုးတွေ့မှူနှုန်း တစ်နေ့ထက် တစ်နေ့များပြားလာနေပြီး သေဆုံးမှုလည်း မြင့်တက်လျှက်ရှိသည်။

တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဩဂုတ်လ ၁၆ ရက်အထိ ထုတ်ပြန်ချက်တစ်ခုတည်းတွင်ပင် ပိုးတွေ့လူနာ ၈၁၄၃ ဦးနှင့် သေဆုံးသူ ၃၂၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မြေပြင်တွင်မူ ပို့တွေ့နှုန်းနှင့်သေဆုံးမှုနှုန်းမှာ ကျန်းမာရေးဌာနထုတ်ပြန်ချက်ထက် ပိုများကြောင်း လူမူရေးပရဟိတ အသင်း၊ အဖွဲ့များက ပြောဆိုကြသည်။