ကိုဗစ်ကာလထောက်ပံ့သည့် အခြေခံစားကုန်အကြွေး တိုင်းအစိုးရမပေးသေး

ကိုဗစ်ကပ်ဘေးသင့်ကာလ သင်္ကြန်ရုံးပိတ်ရက်ရှည်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကိုထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း ဝယ်ယူစဉ်က အကြွေးကို တိုင်းအစိုးရကလက်ရှိအချိန်ထိ မပေးသေးကြောင်း ကုန်သည်အချို့ထံမှ သိရသည်။ ထိုအချိန်က ပေးဝေခဲ့သည့် ဆန်၊ ကြက်သွန်၊ ပဲ စသည့် ပစ္စည်းများကို တိုင်းအစိုးရကကုန်သည်များထံမှ...

ပုစွန်ခြောက်ဈေး နှစ်ဆတက်

အာဏာသိမ်းပြီး ၂ နှစ်အတွင်း မြိတ်ဒေသထွက် ပုစွန်ခြောက်ဈေးနှုန်းနှစ်ဆ တက်သွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ အာဏာမသိမ်းမီအချိန်က ပုစွန်ခြောက်အကြီး တစ်ပိဿာလျှင် လေးသောင်းကျပ်သာရှိခဲ့ပြီး လက်ရှိတွင် ခုနှစ်သောင်းကျော်မှ ရှစ်သောင်းအထိ ရှိလာနေကြောင်း ပုစွန်ခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူအချို့က ပြောသည်။

တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင်...

ရဲအင်အား သုံးပုံနှစ်ပုံသုံးကာ သင်္ကြန်ကာလ လုံခြုံရေး ဆောင်ရွက်မည်

ကိုရိုနာဂယက်ကြောင့် သင်္ကြန်ပွဲတော်တွင် မဏ္ဍပ်များမရှိသော်လည်း သင်္ကြန်ကာလအတွင်း စုစုပေါင်း ရဲတပ်ဖွဲ့အင်အား၏ ၇၅ ရာခိုင်နှုန်းအထိ အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ပြောသည်။ သင်္ကြန်ကာလမတိုင်မီ ၇ ရက်ကြိုတင်ကာ မြို့လုံခြုံရေးအတွက် မြို့ဝင်/ ထွက်နေရာများတွင်...

မြိတ်ဒေသထွက် ဒူးရင်းသီးဈေး ထက်ဝက်ကျ

မြိတ်ဒေသမှ ထွက်ရှိလာသည့် ရာသီပေါ်ဒူးရင်းသီးများ ဈေးထက်ဝက်ကျဆင်းပြီး ဝယ်ယူစားသုံးသူများလည်း နည်းပါးလာကြောင်း ဒူးရင်းသီးရောင်းချသူများထံမှ သိရသည်။ ယခင်နှစ်များက ဒူးရင်းသီးတစ်လုံးလျှင် ကျပ်တစ်ထောင်မှ ကျပ်သုံးထောင်အထိ ရောင်းချခဲ့ရပြီး ယခုနှစ်တွင် ကျပ်ငါးရာမှ ကျပ်တစ်ထောင့်ငါးရာအထိသာ ပေါက်ဈေးရှိတော့ကြောင်း မြိတ်ကမ်းနားလမ်းရှိ ဒူးရင်းသီးရောင်းဝယ်သူများက...

မြိတ်ရွာတစ်ရွာတွင် တစ်အိမ်တစ်အိတ်နှုန်းဖြင့် ရွာလုံးကျွတ်ဆန်လှူ

အိမ်တစ်ဆောင်လျှင် ဆန်တစ်အိတ်နှုန်းဖြင့် မြိတ်ရှိကျေးရွာတစ်ရွာတွင် ရွာလုံးကျွတ်ဆန်များ လှူဒါန်းခဲ့ကြောင်း ရွာသားများနှင့် ကျေးရွာရာအိမ်မှူးထံမှ သိရသည်။ အိမ်ခြေနှစ်ရာနီးပါးရှိသည့် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ မြကမ်းသာကျေးရွာတစ်ရွာလုံးအား သဲကျောက်လုပ်ငန်းရှင်ဦးဆန်းအောင်နှင့် ဒေါ်အေးအေးမူ မိသားစုက မတ်လ၂၇ရက်တွင် မြကမ်းသာဘုန်းတော်ကြီးကျောင်း၌ လာရောက်လှူဒါန်းခဲ့ကြောင်း ယင်းကျေးရွာ...

တနင်္သာရီတိုင်းဥပဒေသစ်နှစ်ခု အတည်ပြုမည်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဥပေဒ နှစ်ခု အတည်ပြုရန်ရှိကြောင်း တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ထံမှ သိရသည်။ အစည်းအဝေးတွင် ဥပဒေသစ်နှစ်ခုကို...

ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပြည်ထောင်စုမှ သီးခြားချထားပေးသည့် အရေးပေါ် ရန်ပုံငွေ ၁ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သောင်း)ထဲမှ သုံးစွဲသွားမည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ တိုင်းဒေသကြီး Corona Virus...

မိုးစပါးချေးငွေ အတိုးနှုန်း ထပ်လျှော့

ယခုနှစ် မိုးရာသီတွင် လယ်သမားများအားထုတ်ချေးမည့် စိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ် အတိုးနှုန်းကို ၃ ရာခိုင်နှုန်းလျှော့ချထားကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ယခင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တစ်နှစ်အတိုးနှုန်းကို ၈ ရာခိုင်နှုန်းသတ်မှတ်ထားရာ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရန်...

နယ်စပ်ဖြစ်ကျော်ခွင့်ဖြင့် ငါးရောင်းသည့် ထိုင်းနှစ်ဦး အဖမ်းခံရ

နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (BP) ကိုင်ဆောင်ထားပြီး ထားဝယ်တွင်ငါးဝယ်ကာ ထိုင်းနိုင်ငံသို့ ပို့နေသည့် ထိုင်းနိုင်ငံသားနှစ်ဦးကို ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် အရေးယူထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၉ ရက်တွင် လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ကသတင်းအရ...