ထားဝယ်တွင် သင်္ကြန်ပစ္စည်းများ အဝယ်မရှိသလောက်နည်း

0
378

ထားဝယ်တွင် သင်္ကြန်ပစ္စည်းများ ဝယ်ယူမှု မရှိသလောက် နည်းပါးနေကြောင်း ယင်းပစ္စည်းအရောင်းဆိုင် အချို့ထံမှ သိရသည်။

သင်္ကြန်ကာလအတွင်း ကလေးများဆော့ကစားသည့် ရေသေနတ်အပါအဝင် ရေခွက်၊ ပန်းကုံး၊ ရေပြွတ်၊‌ ခေါင်းစွပ်၊ အရုပ်‌ပြောင်နှင့် ဆံပင်တုအမျိုးမျိုး စသည်တို့မှာ ဝယ်သူမရှိသလောက် နည်းပါးနေကြောင်း ထားဝယ်မြို့ရှိ သင်္ကြန်ပစ္စည်းအရောင်းဆိုင်တစ်ခု၏ ဆိုင်ပိုင်ရှင်က ပြောသည်။

ယခုနှစ်တွင် သင်္ကြန်ပစ္စည်းအသစ်ဝယ်ယူထားခြင်း မရှိဘဲ ပြီးခဲ့သည့် ၂နှစ်အတွင်း ဝယ်ယူထားသည့် ပစ္စည်းများကို ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော်ယင်းပစ္စည်းများကိုပင် ရောင်းထုတ်နိုင်ခြင်းမရှိသဖြင့် ရန်ကုန်က ဖောက်သည်အဖြစ် မှာယူနေကျ ဖြစ်သည့် ဆိုင်ထံသို့ ပြန်သွင်းနေရကြောင်း အထက်ပါဆိုင်ရှင်က ပြောဆိုသည်။

“အရင်ကဆို အခုလိုအချိန် (ရောင်းအားကောင်းလွန်းလို့) ထမင်းတောင် စားလို့ မအားဘူး။ အခုကတော့ တော်တော်နည်းတာပေါ့” ဟု ၎င်းက ပြောသည်။

ယခင်က သင်္ကြန်ကာလ‌တွေမှာ နယ်မြို့က ကျေးရွာများအထိ ဖြန့်ဝေရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင် နယ်က မှာယူပြီး တစ်ဆင့်ရောင်းချခြင်းမျိုးလည်း မရှိတော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“အရင်ကတော့ ရောင်းတာပေါ့နော်။ ဒီနှစ်က လာကိုမမေးကြတော့တာ အဲဒီအတွက် တင်မရောင်း ဖြစ်တော့ဘူး” ဟု လောင်းလုံးမြို့နယ်က စတိုးဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က သင်္ကြန်နားနီးလျှင် ကျေးလက်က ဈေးဆိုင်များတွင် သင်္ကြန်ပစ္စည်းဝယ်ယူသူများနှင့် စည်ကားနေသည်ကို တွေ့ရပြီး ယခုနှစ်တွင် အတာအိုးတစ်မျိုးသာ ရောင်းချခြင်းမျိုးတွေ့ရသည်။

ကိုဗစ်နှင့် အာဏာသိမ်းမှုဂယက်တို့ကြောင့် ၂ နှစ်ဆက်တိုက် မကျင်းပနိုင်ခဲ့သည့် မြန်မာရိုးရာအတာ သင်္ကြန်ကို စစ်ကောင်စီက ယခု နှစ်ကျင်းပမည်ဟု ကြေညာထားသည်။

တိုင်းမြို့တော်ဖြစ်‌သည့် ထားဝယ်တွင် ရေကစားမဏ္ဍပ်သုံးခုထက်မနည်း တည်ဆောက်ထားသည်။

ထားဝယ်ခရိုင်သပိတ်ကော်မတီကမူ သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပါဝင်ပျော်ပါးခြင်း မပြုလုပ်ဘဲ သပိတ်မှောက်ကြရန် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများကို အရှိန်လျော့ကျသွားစေရန် သင်္ကြန်ပွဲတော်ကို လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ယင်းကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဧပှီလ ၈ ရကမြှစပှီး လောငြးလုံးမှို့နယအြတှငြး အလှူ၊ မငြျဂလာဆောငနြှင့ြ ပွောပြှဲ၊ ရှှငပြှဲမွား ရပတြန့ြ ပေးကှပါရနြ အနူးအညှန့ြ မတျေတာရပခြံပါကှောငြး PDF အဖှဲ့သုံးခု ပူေးပါငြးကာ ထုတပြှနထြားပှီး ယငြးစာမွားကို ကွေးရှာအခွို့ ဖှန့ကြှဲထားသညြ။ ယငြးနောကြ ကွေးရှာအခွို့တှငြ အလှူမငြျဂလာပှဲအခွို့ ရပဆြိုငြးခဲ့သညြ။