စားဝတ်နေရေး အခက်ကြုံနေသူများ ‘ရိုင်းပင်း’ ကွန်ရက်ထံ ဆက်သွယ်နိုင်

0
121
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့နယ်အတွင်းရှိ မိသားစုများ စားဝတ်နေရေး အမှန်တစ်ကယ် အခက်အခဲကြုံနေရပါက ‘ရိုင်းပင်း’ မြန်မာမွတ်ဆလင် ပံ့ပိုးကူညီရေး ကွန်ရက်ထံ ဆက်သွယ်နိုင်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

ထိုသို့ အကူအညီတောင်းခံလာပါက အခြေခံစားသောက်ကုန်များကို နေအိမ်အရောက် သွားရောက်လှူဒါန်းနေကြောင်း ဦးဆောင်ပြုလုပ်သူ တစ်ဦးဖြစ်သည့် ဦးနိုင်နိုင်စိုးက ပြောသည်။

အဆိုပါ ကွန်ရက်က အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ ၊ကြက်ဥ ၊ ကြက်သွန် အပါအဝင် နှာခေါင်းစည်းများကို သြဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ မြိတ်မြို့ရပ်ကွက်များရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုများထံ သွားရောက်လှူဒါန်းခဲ့ကြောင်း ဦးဆောင်ပြုလုပ်သူ တစ်ဦးဖြစ်သည့် နိုင်နိုင်စိုး ကပြောသည်။

မြိတ်မြို့နယ်အတွင်း စားဝတ်နေရေး အမှန်တစ်ကယ်အခက်အခဲရှိပါက “ရိုင်းပင်း”အဖွဲ့၏ Facebook စာမျက်နှာတွင် မက်ဆေ့ သို့မဟုတ် ကွန်မန့်ရေး၍ အကူအညီတောင်းခံနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထို့အပြင် ၀၉၄၅၀၉၈၉၈၅၅၆ ၊ ၀၉၄၄၄၁၄၄၇၈၆ ၊ ၀၉၄၂၂၂၀၃၀၇၄၊ ၀၉၄၁၀၀၅၁၈၉ ထံလည်း လူမျိုးဘာသာမရွေး ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။

ထို့အပြင် “ရိုင်းပင်း’ ကွန်ရက် အဖွဲ့ဝင်များက ရပ်ကွက်များအတွင်း ကွင်းဆင်းပြီး စားဝတ်နေရေး အမှန်တစ်ကယ် အခက်အခဲကြုံ နေ
သူများအား စာရင်းပြုစုကာ အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းနေသည်။

“လူမသိသူမသိ ထမင်းချက်ဖို့ မီးတောင်မမွှေးနိုင်တဲ့ မိသားစုတွေကို ကျွန်တော်တို့ တွေ့ရတယ်” ဟု ဦးနိုင်နိုင်စိုး ကပြောသည်။

ယင်းအဖွဲ့က သြဂုတ်လ ၂၀ ရက်နေ့က အိမ်ထောင်စု ၁၈၀ အား လှူဒါန်းခဲ့ပြီး သြဂုတ်၂၁ ရက်တွင်လည်း အိမ်ထောင်စု ၅၀ အား ထပ်မံလှူဒါန်းရန် စီစဉ်နေသည်ဟု ၎င်းကပြောသည်။

အဆိုပါအဖွဲ့သည် စေတနာရှင်များ၏ တစ်နိုင်တစ်ပိုင်အလှူဖြင့် စုပေါင်းထည့်ဝင်ကာ တစ်ဆင့်ပြန်လှူနေခြင်းဖြစ်ကြောင်း သိရသည်။