ဝဲကျွန်းရပ်ကွက်နေသူများ ဆေးဝါးအလိုရှိက နေအိမ်အရောက်လှူသည့် ပုညကုသလ ထံ ဆက်သွယ်ပါ

0
270
ဝဲကျွန်းရပ်ကွက် ထားဝယ်မြို့

ထားဝယ်မြို့ ဝဲကျွန်း ထိန်သစ်၊ ထိန်လယ်၊ ထိန်ဟောင်း ရပ်ကွက်အတွင်းနေထိုင်သူများ ဆေးဝါးအလိုရှိပါက ပုညကုသလ ကျန်းမာရေးအထောက်အကူပြုအဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းခံနိုင်ကြောင်း ပံ့ပိုးကူညီနေသည့် မန်းရွှေစက်တော်ရာ ဘုန်းတော်ကြီးကျောင်း အခန်းနေကိုယ်တော်ထံမှ သိရသည်။

ခေါင်းကိုက်၊ နှာစေး၊ ချောင်းဆိုး၊ မူးဝေ၊ အော့အန်၊ ဝမ်းသွား ၊ အသက်ရှူကြပ် စသည့် ရောဂါများခံစားနေရပါက ယင်းအဖွဲ့ထံ ဖုန်းဆက်အကြောင်းကြား နိုင်ပြီး နေအိမ်အရောက် ပို့ဆောင်လှူဒါန်းမည်ဖြစ်ကြောင်း အခန်းနေ ကိုယ်တော် ဦးစန္ဒာဝရက မိန့်သည်။

ယင်းအစီအစဉ်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်။

“ကိုယ်တိုင်မလာနိုင်ရင် အိမ်ကနေပြီး (ဖုန်းဆက်ပြီး) ကျန်းမာရေးအခြေအနေတွေကို ဆွေးနွေးတိုင်ပင်လို့လည်း ရတယ်၊ ဆေးဝါး အလှူခံလို့လည်း ရတယ်” ဟု ဦးစန္ဒာဝရက မိန့်သည်။

ပုညကုသလ ကျန်းမာရေးအထောက်အကူပြုအဖွဲ့၏ ၀၉၄၅၈၉၈၉၃၉၅ ၊ ၀၉၄၅၈၉၈၉၃၉၆ ထံ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ပုညကုသလ ကျန်းမာရေးအထောက်အကူပြုအဖွဲ့ကို ဝဲကျွန်းထိန်ဟောင်းရပ်ကွက်ရှိ မန်းရွှေစက်တော်ရာဘုန်းတော်ကြီးကျောင်း မှ ဆရာတော်နှင့် ဒကာများ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။

ဝဲကျွန်းရပ်ကွက်သည် ထားဝယ်မြို့တွင် ဧရိယာအကျယ်ဆုံးရပ်ကွက်ဖြစ်ပြီး ဝဲကျွန်းထိန်သစ်၊ ဝဲကျွန်းထိန်လယ်နှင့် ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်များရှိသည်။

ထို့အပြင် ကိုဗစ်ရောဂါရှိ မရှိကိုလည်း စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးလိုပါက ကြိုတင်ဖုန်းဆက် အကြောင်းကြား ထားရန်လိုအပ်ကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။