စိတ်ဖိစီးမှုကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

0
532
စိတ်ဖိစီးမှုကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

လူတိုင်း စိတ်ပင်ပန်းတတ်သလို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဆိုတာ လည်း မကြာခဏကြုံရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုကြုံလာရတိုင်း ကုစားမှုနဲ့ ဖြေရှင်းကြတဲ့ နှုန်းက အလွန်နည်း ပါးပါတယ်။ ဒီအတိုင်းပဲ အချိန်တန်ရင် အဆင်ပြေသွားမှာပါလို့ တွေးရင်း စိတ်ပင်ပန်းကြီးစွာနဲ့ ဘဝကို ဖြစ်သလို ဖြတ်သန်းပစ်ကြတာများတယ် မဟုတ်လား။

တကယ်တော့ စိတ်ပင်ပန်းမှု ကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှု ဆိုတာက တစ်ခါဖြစ်ပြီးတာနဲ့ အကြိမ်ကြိမ် ပြန်ဖြစ်လာ ပြန်ခံစားလာရမယ့် အရာမျိုးပါ။ ဒီအတိုင်းအချိန်တန်ရင် စိတ် သက်သာသွားမှာပါဆိုပြီး တင်းခံရင် နောက်ဆုံးမှာ လက်လျှော့ပြီး အရှုံးပေးလိုက်ရချိန်မျိုးကို ရောက်သွား တတ်ပါတယ်။

ဒီလိုမဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေ ကင်းနေဖို့က ကိုယ်လက်ကျန်းမာအောင် နေထိုင်စားသောက်ဖို့လိုအပ်ပါတယ်။ ဒါက အရေးအကြီးဆုံးအချက်ပါပဲ။

တကယ်လို့ ကိုယ့်မှာ စိတ်ဖိစီးမှု ဝေဒနာခံစားလာရပြီး ကိုယ်တိုင်ကလည်း ဆေးဝါးကုသဖို့ လက်လှမ်းမမှီတဲ့သူ ဒါမှမဟုတ် ဆေးဝါးကုသဖို့ တွန့်ဆုတ်နေတဲ့သူဆိုရင် သင့်လျော်တဲ့ အစာအာဟာရတွေ မှီဝဲပြီး စိတ်ဖိစီးမှုတွေကို လျော့ပါးအောင် ပြုလုပ်သင့် ပါတယ်။

သဘာဝတရားကြီးက လူတွေကို ကောင်းမွန်သင့်လျော်တဲ့ ဆေးဝါးဓာတ်စာတွေ ဖန်တီးပေးထားပြီးသားပါ။ ကိုယ့်ရဲ့ စိတ်ဖိစီးမှုဝေဒနာကို လျော့ပါးစေဖို့ ဘယ်လိုအစားအစာတွေကို မှီဝဲရမလဲဆိုတာကို သိနားလည်ထားဖို့တော့ လိုအပ်တာပေါ့။ ဘယ်လိုအစားအစာတွေက စိတ်ဖိစီးမှုကို လျော့ပါး သက်သာစေသလဲဆိုတာကို ပြောပြချင်ပါတယ်။

၁။ လက်ဖက်စိမ်းမှုန့်
Matcha က ခုနောက်ပိုင်းမှာ မှီဝဲသုံးစွဲမှုများလာတဲ့ အစားအစာတစ် မျိုးပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာပိုင်းလည်း ကောင်းမွန်ပါတယ်။ သူ့မှာ L-theanine လို့ခေါ်တဲ့ ပရိုတိန်း မျိုးနွယ်ဝင်မဟုတ်တဲ့ amino acid တစ်မျိုးပါရှိနေပြီး ဒီဓာတ်က စိတ်ဖိစီးစေတဲ့ ဓာတုပစ္စည်းတွေကို တိုက်ထုတ် ပေးပါတယ်။

၂။ ကန်စွန်းဥ
ကန်စွန်းဥကတော့ အာဟာရဓာတ် ကြွယ်ဝတဲ့ ဘက်စုံသုံး အစားအစာ တစ်မျိုးပါ။ ကန်စွန်းဥရဲ့ Stress hormone cortisol လယ်ဗယ်ကို လျှော့ချပေးနိုင်စွမ်းက စိတ်ဖိစီးမှု ကို တားဆီးပေးနိုင်ပါတယ်။ ကန်စွန်းဥဟာ ကိုယ်အလေးချိန် လျှော့ချရေးမှာလည်း အထောက်အကူ ပြုပါသေးတယ်။

၃။ ကင်မ်ချီ
ကိုရီးယား ဒရာမာချစ်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ကင်မ်ချီကလည်း စိတ်ဖိစီးမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်တဲ့။ ကင်မ်ချီ ထဲမှာပါဝင်တဲ့ မုန်လာဖြူ၊ ဂေါ်ဖီ ထုပ်တို့လို ဟင်းသီးဟင်းရွက်တွေနဲ့ အချဉ်ဖောက်ရာကနေ ရလာတဲ့ pro biotics နဲ့ antioxidants တွေက စိတ်ဖိ စီးမှုနဲ့ ပူပင်သောကတွေကို လျော့ပါး သက်သာစေတာပါ။

၄။ ကလီစာများ
ကြက်၊ ဝက်၊ အမဲ၊ ဆိတ်စတဲ့ တိရစ္ဆာန်တွေရဲ့ ကလီစာတွေကို မှီဝဲ စားသောက်တာကလည်း စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်တဲ့။ ကလီစာစားသုံးမှုဟာ အနောက် နိုင်ငံတွေမှာ သိပ်မတွင်ကျယ်ပေမယ့် အရှေ့တိုင်းမှာတော့ လူကြိုက်များ လှပါတယ်။ ကလီစာတွေမှာပါဝင်တဲ့ ဗီတာမင် B အုပ်စုဝင်တွေ၊ riboflavin နဲ့ folate တို့လို ဓာတ်တွေက စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ dopamine ထုတ်လုပ်ရာမှာ အရေးပါတဲ့ အာဟာရ ဓာတ်တွေဖြစ်ပါတယ်။

၅။ ဥအမျိုးမျိုး
အာဟာရဓာတ်အမျိုးမျိုး ကြွယ်ကြွယ်ဝ၀ပါရှိနေတဲ့ ဥတွေကလည်း စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာပါပဲ။ သူ့မှာပါဝင်နေတဲ့ အာဟာရဓာတ်အတော်များများက စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေအောင် ကူညီနိုင်ပါတယ်။

၆။ အခွံမာရှိသည့် ရေနေသတ္တဝါများ
ကမာတို့၊ ခရုတို့၊ ဂုံးတို့လို အခွံမာသတ္တဝါတွေရဲ့ အသားကလည်း စိတ်အားတက်ကြွမှုကို မြှင့်တင်ပေး နိုင်တာမို့ စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်တယ်လို့ လေ့လာချက်တွေကဆိုကြ ပါတယ်။ အထူးသဖြင့် အခွံမာရေနေ သတ္တဝါတွေမှာ ကြွယ်ဝစွာပါဝင်နေတဲ့ Taurine က ခုလို အကျိုးကျေးဇူးမျိုး ရရှိအောင် ကူညီပေးတာပါ။

၇။ ပင်လယ်ငါးများ
omega-3 fats ပါဝင်နေတဲ့ ပင် လယ်ငါးတွေဟာ ဗီတာမင် D လည်း ကြွယ်ဝတာမို့ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ အစားအစာတွေဖြစ်ပါတယ်။

၈။ ကြက်သွန်ဖြူ
sulfur compounds ပါဝင်မှုများတဲ့ ကြက်သွန်ဖြူဟာ glutathione လယ်ဗယ်မြင့်မားလာအောင် ကူညီပေးပါတယ်။ အဆိုပါ antioxidant ဟာ စိတ်ဖိစီးမှုကို ကာကွယ်ပေးတဲ့ ခန္ဓာ ကိုယ်ရဲ့ ရှေ့တန်းခံစစ်မှာ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။

၉။ နေကြာစေ့
နေကြာစေ့က ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။ ပျော်ဝင်လွယ်တဲ့ ဗီတာမင်အမျိုးအစားဖြစ်သလို အားကောင်းတဲ့ antioxidant လည်းဖြစ်ပါတယ်။ စိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ကိစ္စအတော်များများမှာ အကူအညီပေးနိုင်ပါတယ်။