မြိတ်တွင်ဆရာ/ဆရာမ လေးရာကျော်အား မဲရုံမှူးသင်တန်းပေး

0
345
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့ပေါ်ရှိ ကျောင်းဆရာ/ဆရာမ လေးရာကျော်အား မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းများ ပေးနေကြောင်း မြိတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှသိရသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဆရာ/ ဆရာမ ၄၅၄ ဦးကို အောက်တိုဘာလ ၁၉ ရက်မှစတင်ကာ သင်တန်းပေးနေခြင်း ဖြစ်ကြောင်း မြိတ်မြို့နယ်၊ ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေဝင်းက ပြောသည်။

ငါးဖမ်းလှေလုပ်သားများ ကြိုတင်မဲထည့်နိုင်ရေး တင်ပြမည်

သင်တန်းကို မြိတ်မြို့နယ်၊ ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ မှ တာဝန်ယူ ပို့ချခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပို့ချပေးလျက် ရှိသည်ဟု ၎င်းကဆိုသည်။

မဲရုံတစ်ရုံလျှင် မဲရုံမှူး၊ ဒုမဲရုံမှူး တစ်ယောက်စီနှင့် လွှတ်တော်သုံးရပ်အတွက် မဲစာရင်းစိစစ်သူနှင့် မဲလက်မှတ် ထုတ်ပေးသူ တစ်ယောက်စီပါဝင်ပြီး မင်တို့သူနှင့် မဲရုံအကူတစ်ယောက်စီကိုလည်း ချထားပေးသွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်အဖွဲ့ခွဲ မှသိရသည်။

မြိတ်မြို့နယ်အတွင်း မဲရုံ ၂၂၇ ရုံ နှင့် မဲဆန္ဒရှင် နှစ်သိန်းကျော်ရှိမည်ဖြစ်သည်။

ကိုဆန်း