‘လူသတ်လက်နက်ဖြစ်နေတယ်’

0
1013

ကိုဗစ်ကပ်ကြားက Facebook ဗိုင်းရပ်စ်

ရန်ကုန်တိုင်း အင်းစိန်မှပြန်လာပြီး ထားဝယ်မြို့ အ.ထ.က (၂) တွင် အသွား အလာကန့်သတ်ထားသူတစ်ဦး ကိုယ်အပူချိန် မြင့်တက်သဖြင့် ထားဝယ်ဆေးရုံကြီးသို့ တင်ပို့လိုက်ပြီ ဆိုသည့် အကြောင်းအရာ တစ်ခု မေလ ၁၁ ရက်က ဆိုရှယ်မီဒီယာ Facebook ပေါ်တွင်ပျံ့နှံ့လာခဲ့သည်။

ထောင်နှင့်ချီသော Facebook သုံးစွဲသူတို့က ယင်းအကြောင်းအရာကို ထပ်ဆင့်ကူးယူ ဖြန့်ချိကြပြီး ထားဝယ် တွင် လူပြောများသော အကြောင်းအရာ တစ်ခုဖြစ်လာခဲ့သည်။

ယင်းအကြောင်းအရာကို ထပ်ဆင့် မျှဝေသူတို့သည် တစ်ဦးတစ်ယောက် ထိခိုက်ပါစေဆိုသည့် ခံယူချက်မျိုး မရှိနိုင်ဟု ယေဘုယျ ကောက်ချက်ချ နိုင်သော်လည်း ဆိုရှယ်မီဒီယာပေါ် အတင် ခံရသူတို့ဘက်တွင်မူ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းတို့ ဖြစ်ပေါ်နေကြသည်ကိုမူ ၎င်းတို့ သိနိုင် ကြမည် မဟုတ်ပေ။

အင်းစိန်ပြန်ဟု အမည်တပ်ခံရသူ၊ ကိုယ်အပူချိန်မြင့်သဖြင့် ထားဝယ်ဆေးရုံ သို့ တင်ပို့လိုက်ရသူ အမျိုးသားမှာလည်း Facebook ရိုက်ခတ်မူ ဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ခု စလုံးကို ခံစားနေရပြီဖြစ်သည်။

“ပိုးမတွေ့လို့သာ တော်သေးတယ်။ ပိုးတွေ့တယ်ဆိုရင်တော့ ဒီဆေးရုံပေါ် မှာပဲ ကိုယ့်ကိုယ် ကြိုးဆွဲသတ်သေ တော့မယ်လို့ ဆုံးဖြတ်ထားတယ်”ဟု ဆေးရုံတွင်နေစဉ်က ၎င်းက တယ်လီဖုန်း ဖြင့် ပြောဆိုသည်။

အဆိုပါအမျိုးသားသည် ခွဲနေရ သောမိသားစုဝင်များနှင့် တွေ့ဆုံပြီး ရန်ကုန်တိုင်းမှ ထားဝယ်မြို့သို့ မေလ ပထမအပတ်က လေကြောင်းခရီးဖြင့် ရောက်လာပြီး အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရခြင်းဖြစ်သည်။ မေလ ၁၁ ရက်တွင် ကိုယ်အပူချိန်မြင့်တက် သဖြင့် ထားဝယ်ဆေးရုံသို့ တင်ပို့ခဲ့သည်။

ယင်းနေ့တွင်ပင် ဓာတ်ခွဲနမူနာပို့ကာ စစ်ဆေးခဲ့ပြီး ပိုးမတွေ့ကြောင်း မေလ ၁၃ ရက်တွင် ဓာတ်ခွဲအတည် ပြုနိုင်ခဲ့ သည်။

ယင်းအမျိုးသား၏ မိသာစုဝင် အချို့မှာလည်း ဆေးရုံပို့ဆောင်ရန် စီစဉ် နေသည့် ပုံများကို Facebook တွင် မြင်တွေ့ပြီး စိတ်မကောင်းဖြစ်ကာ ကျန်းမာ ရေးပြဿနာနှင့်ပင် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။

အသက် ၄၄ နှစ်အရွယ်ဖြစ်နေပြီဖြစ် သော ယင်းအမျိုးသားသည် ဆေးရုံပေါ်မှ ဆင်းပြီး ရပ်ကွက်အတွင်း မျက်နှာပြရ မည်ကိုပင် ရှက်ရွံ့နေကြောင်း ဖွင့်ဟသည်။

ရာဇဝတ်သားတစ်ဦးကဲ့သို့ အကြည့်ခံရ မည့် အကြည့်တွေကို ကြောက်နေသည်။

“ကျွန်တော့အကြောင်းတွေ Facebook မှာ တင်ထားတာက ပွက်လောထနေပြီ။ အဲလိုဖြစ်တဲ့အပေါ်မှာ ကျွန်တော်အရမ်း ရှက်သွားပြီ။ စိတ်ထိခိုက်သွားပြီ ကျွန်တော်။ သူတို့ Like လိုချင်လို့၊ ဆယ်လီဖြစ်ချင် လို့ တင်နေကြတယ်။ သူတို့ Facebook အကောင့်ကို လူဝင်ကြည့်တာ များချင်လို့ တင်နေကြတာ။ ဒီဘက်မှာ ကျွန်တော်က အရမ်းခံစားနေရတယ်” ၎င်းက ဆိုသည်။

အဆိုပါ အင်းစိန်ပြန် အမျိုးသား ကဲ့သို့ပင် ထားဝယ်မြို့နယ် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခံခဲ့ရသည့် ထားဝယ်မြို့နယ်က ရွာတစ်ရွာတွင်နေထိုင်သော လူလတ်ပိုင်း တစ်ဦးမှာလည်း ဆိုရှယ်မီဒီယာ ရိုက်ခတ် မှု ဒဏ်ကိုခံစားခဲ့ရသည်။

ယင်းအမျိုးသားမှာ ထားဝယ်မြို့ တွင် ဓာတ်ခွဲစစ်ဆေးသည့် ပထမဆုံး အသုတ်တွင် ပါဝင်ခဲ့သူဖြစ်ပြီး ယင်း အကြောင်းမှာလည်း င်္ခေနဘသသု တွင်ပျံ့နှံ့ ပြီး လူပြောများခဲ့သည်။

ယင်းအမျိုးသားတွင် မိသားစုဝင် လေးဦးရှိသည်။ အမြင်အာရုံမသန်စွမ်း သူတစ်ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦးနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူ (LGBTIQA) လူငယ်ပိုင်းတစ်ပိုင်းတစ် ဦးဖြစ်သည်။ နောက်တစ်ဦးမှာ ထိုင်းမှ ပြန်လာပြီး ကိုဗစ်စစ်ခံခဲ့ရသည့် လူလတ် ပိုင်းအရွယ် တစ်ဦးဖြစ်သည်။

မိသားစု စားဝတ်နေရေးမှာ ထိုင်း ပြန်လူငယ်နှင့် လိင်စိတ်ခံယူမှုကွဲပြားသူ တို့၏ ဝင်ငွေကို အဓိကမှီခိုနေရသည်။ အမြင်အာရုံမသန်စွမ်းသူ အမျိုးသမီးမှာ အသက် ၆၀ အရွယ် မိခင်နှင့်အတူ ရာသီပေါ်သီးနှံစိုက်ပျိုး လုပ်ကိုင်သည်။

ထားဝယ်မြို့သို့ ဈေးရောင်း၊ ဈေးဝယ်ကိစ္စကို ယင်းမသန်စွမ်းအမျိုး သမီးက လုပ်ဆောင်သည်။ ထားဝယ်မြို့ တွင် ဈေးလာရောင်းပါက အခြားသူ တစ်ဦးဦးက ကူညီပေးမှ လာနိုင်သည်။

လက်ရှိတွင် ရာသီပေါ်သီးနှံလည်း မရှိတော့သလို၊ အလှဖန်တီးရှင် (LGBTIQA) မှာလည်း ဝင်ငွေမဲ့နေသည်။ လက်ရှိ မိသားစုဝင်တို့ စာဝတ်နေရေး အတွက် ငွေငါးသိန်းကို အတိုးနှင့် ချေးထား ကြောင်း ပြောသည်။ အတိုးက တစ်လ နှစ်သောင်းခွဲ။

ယင်းသို့သောအခြေအနေတွင် ဆိုရှယ်မီဒီယာမှ ပြောဆိုဝေဖန်သည့် ဒဏ်၊ ပတ်ဝန်းကျင်က ဖယ်ကျဉ်ထား သည့်ဒဏ်တို့ ရက်သတ္တပတ် တစ်ပတ်ခန့် ခံစားလိုက်ရကြောင်း မသန်စွမ်းအမျိုး သမီးက ဖွင့်ဟသည်။

“ကျွန်မတို့ ခံစားခဲ့ရသလို အခြား သူတွေ မခံစားရပါစေနဲ့ပဲ ဆုတောင်းပေးတယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းပြန်အမျိုးသား ဓာတ်ခွဲနမူနာ ပို့သည့်နေ့မှစပြီး ၎င်းတို့မိသားတစ်စုလုံး မှ နေအိမ်တွင် အသွားအလာကန့်သတ်ခံ ခဲ့ရသည်။ ယင်းအတောအတွင်း သောက်သုံး ရေပြတ်လပ်နေသည်ကို မည်သူကမျှ လာပေးခြင်းမရှိကြောင်း ၎င်းက ပြောသည်။

“ရေဆိုရင် တစ်စက်လေးတောင်မှ မရှိတော့ဘူး။ ဘယ်သူ့မှာမှလည်း သွားတောင်းလို့မရဘူး။ နောက်ဆုံး ဘယ် လောက်ထိတောင်ဖြစ်သလဲဆိုရင်လေ ဘုရားသောက်တော်ရေကပ်ဖို့တောင် ရေမရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

အသွားအလာ ကန့်သတ်ခံထားရ သည့် ကာလအတွင်း ကျေးရွာတစ်ရွာ လုံးတွင် အုပ်ချုပ်ရေးမှူးတစ်ဦး၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ငယ်ပေါင်း အိမ်နီးချင်း ဆယ်ဂဏန်းကသာ ၎င်းတို့ မိသားစုကို ကူညီပေးခဲ့ကြသည်ဟု ဆို သည်။ ရေပြဿနာကိုလည်း ၎င်းတို့ပင် ဖြေရှင်းပေးခဲ့ကြသည်ဟုဆိုသည်။

“ကျွန်မကတော့ ပိုးမတွေ့ပါစေနဲ့ပဲ ဆုတောင်းတယ်။ ဘာဖြစ်လို့လဲဆို လူတိုင်းက ကျွန်မတို့ မိသားစုကို တွန့်ရွံ့ နေကြတယ်။ ပိုးကူးတော့မယ်ဆိုပြီးပေါ့လေ။ ကျွန်မဆုတောင်းကိုတော့ လူမကြား ပါဘူး။ ကိုယ့်ရင်ထဲကနေ အကြီးအကျယ် ကို ဆုတောင်းတာပါ။ တစ်ရွာလုံးက လည်းပြောကြတယ်။ ကျွန်မတို့အိမ်ဘက် ကိုတောင် မသွားချင်ဘူးလို့လေ”ဟု မသန်စွမ်းအမျိုးသမီးက ပြောသည်။

Facebook ဆိုရှယ်မီဒီယာတွင် သူမတို့မိသားစုအကြောင်း ပြောဆိုမှုများ လာလေလေ ခွဲခြားဆက်ဆံခံရမှု များ လာလေလေဖြစ်နေသည်။

“ကျွန်မတို့ရွာသားတွေတောင်မှ ဈေးသွားဝယ်ရင် အဲဒီရွာကဆိုရင် မ ရောင်းဘူးဆိုတဲ့အထိ ဖြစ်ကြတယ်လို့ ကြားရတယ်။ အဲလိုဆိုရင် ကျွန်မက စိတ်မကောင်းဘူး။ ငါတို့မိသားစုကြောင့် သူတို့လည်း အခက်အခဲတွေ့နေရပြီဆိုပြီး တော့လေ။ ကျွန်မတို့ မိသားစုဒုက္ခ ဖြစ်ရိုးအမှန်ပါပဲ” ဟု ၎င်းက ဆိုသည်။

Facebook ပေါ်တွင် ၎င်းတို့မိသားစု အကြောင်း ပြောဆို ဝေဖန်နေကြသည်ကို တော့ အမြင်အာရုံမသန်စွမ်းသူတစ်ဦးအနေဖြင့် မမြင်နိုင်သော်လည်း ထိုကဲ့သို့ ပြောဆိုနေကြောင်းကိုမူ နားမဆံ့အောင် ကြားခဲ့ရသည်ဟုလည်း ဆိုသည်။

ဓာတ်ခွဲစစ်ဆေးပြီး နောက်သုံး ရက်အကြာတွင်တော့ ပိုးမတွေ့ကြောင်း အဖြေကို ကျန်းမာရေးဆရာမက ဖုန်းဖြင့် အကြောင်းကြားလာခဲ့သည်။

“ပိုးမတွေ့ဘူးလို့ ဖုန်းဆက်လာတဲ့ အချိန်ဆိုရင် လိုင်းထက်မှာ ကျွန်မတို့ မိသားစုအကြောင်း ရေးနေကြတာက လျှပ်လျှပ်ဆူနေကြပြီ။ မမြင်ရပေမယ့် ကြားနေရတယ်။ ကျွန်မကတော့ ကျွန်မ မောင်လေးကို မှာထားတယ်။ ရန်မဖြစ်စေ နဲ့နော်လို့။ တကယ့်တကယ်မှာဆိုရင်လေး ဒီလိုတွေရေးနေကြတာ ရန်များဖို့ အခြေအနေအများကြီးရှိတယ်။ ဘာဖြစ် လို့လဲဆို ကျွန်မတို့ မိသားစုအကြောင်း မကောင်းတာတွေ၊ မမှန်တာတွေ၊ မုသားဝါဒတွေ တင်နေကြလို့ပေါ့” ဟု မသန်စွမ်း အမျိုးသမီးက ပြောသည်။

“ကျွန်မတို့မိသားစုကို ရေးနေကြ သလို သူတို့မိသားစုကို ရေးမယ်ဆို ဘယ်လိုခံစားရမလဲ။ ကျွန်မကတော့ မောင်လေးကို အမြဲဆုံးမတယ်။ လူတစ် ဖက်သားကို ထိခိုက်မယ့်စကားတွေ မရေးနဲ့၊ မတင်နဲ့။ ကိုယ့်အတွက်လိုအပ် သလောက်သာပဲသုံးဆိုပြီး ဆုံးမတာပေါ့ နော်။ တကယ်လို့ ဒီရောဂါနဲ့သာသေသွား ခဲ့မယ်ဆိုရင် တစ်ယောက်မှ လာကြည့် ကြမှာမဟုတ်ဘူးထင်တယ်နော်”

ပိုးမတွေ့အဖြေကို သိရှိခဲ့သည်မှာ တစ်လကျော်နေသော လက်ရှိအခြေအနေ အထိ ရွာထဲတွင် မသွားရဲ၊ မလာရဲ၊ ဈေးမဝယ်ရဲသေးကြောင်း ၎င်းက ဖွင့်ဟသည်။

ယင်းမှာ ဆိုရှယ်မီဒီယာ ရိုက်ခတ် မှုကြောင့် ဖြစ်ပေါ်လာသော ခွဲခြားဆက် ဆံခံရခြင်း အဖြစ်အပျက် အချို့ကိုသာ ထုတ်နုတ်ဖော်ပြထားခြင်းမျှသာ ရှိသေးသည်။

ထားဝယ်ခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခံရဖူးသူ ငါးဦးကို တွေ့ဆုံမေး မြန်းခဲ့ရာ ငါးဦးစလုံးတွင် ခွဲခြားဆက် ဆံခံနေရသော အဖြစ်များရှိပြီး အနည်း နှင့် အများသာ ကွာခြားကြသည်ကို ကြားသိခဲ့ရသည်။

ယင်းမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ရောဂါပိုး မတွေ့မီက ရောဂါပိုး အစစ်ခံရသူများကို ခွဲခြား ဆက်ဆံခြင်း ဖြစ်သည်။ ထားဝယ်မြို့ပေါ် ရပ်ကွက် တစ်ခုမှ အမျိုးသားတစ်ဦးတွင် မေ ၁၈ ရက်နေ့က ပိုးတွေ့ကြောင်း ကြေညာပြီး နောက်တွင်လည်း ကောလာဟလများ ဖြန့်သူများ ပေါ်လာခဲ့သည်။

မလေးရှားနိုင်ငံမှ ပြန်လာသော ထိုပုဂ္ဂိုလ်သည် ထားဝယ်တက္ကသိုလ် ရှိ စခန်းတွင် အသွားအလာ စောင့်ကြည့်ကန့်သတ်ခံထားရစဉ်အတွင်း အိမ်သို့ ခိုးပြန်သည်ဟု င်္ခေနဘသသု ပေါ် တင်ကာ ပြောဆိုမှု အချို့ရှိခဲ့သည်။

ထိုအမျိုးသားမှာ မလေးရှားနိုင်ငံမှ ပြန်လာကတည်းက စခန်းတွင် နေထိုင် ပြီး အပြင်မထွက်ဘဲ မိသားစုကသာ ထားဝယ်တက္ကသိုလ်ရှိ စခန်းတွင်စည်းကမ်း နှင့် အညီသွားတွေ့ခဲ့ကြောင်း ထိုအမျိုးသား ၏ သားဖြစ်သူက ရှင်းပြသည်။

Facebookပေါ် ထိုသို့ မဟုတ်မမှန် သတင်းတင်သူများကို အပြစ်မမြင်သော် လည်း ထိုသို့ မလုပ်ရန် သားဖြစ်သူက မေတ္တာရပ်ခံသည်။ သားဖြစ်သူအပါအဝင် မိသားစုဝင်များမှာ အဖေဖြစ်သူတွင် ပိုးတွေ့ပြီးနောက် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် နေထိုင်နေရ သည်။

“မဟုတ်တဲ့ သတင်းတွေ၊ အိမ်ကို လာနေတယ်ဆိုတာတွေ၊ ပြေးလာတယ် ဆိုတာတွေတော့ မတင်စေချင်ဘူးပေါ့လေ”ဟု ၎င်းက တယ်လီဖုန်းမှ တစ်ဆင့် ပြောဆိုသည်။

လူထုကို အမျိုးမျိုးသော စိတ်ပိုင်း ဆိုင်ရာ ရိုက်ခတ်မှု ကြီးလာချိန်တွင် တနင်္သာရီတိုင်းအစိုးရ သည် ကိုဗစ် ရိုက်ခတ်မှုကြောင့် ထိခိုက်နေသော ရုပ်ပိုင်းဆိုင်ရာများတွင်သာ အာရုံရောက် နေခဲ့သည်။

“လတ်တလောအခြေအနေအရက တော့ ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေကိုပဲ အထူးကိုပဲ ဦးစားပေးပြီး ဆောင်ရွက်နေ ပါတယ်”ဟု တိုင်းအစိုးရ ပြောရေးဆိုခွင့် ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

တနင်္သာရီတိုင်းတွင် လက်ရှိအခြေ အနေတွင် ပိုးတွေ့လူနာမရှိသေးသည့် အခြေအနေကို ထိန်းထားနိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ကိစ္စများကို အလေးပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးကျော်မင်း က ပြောသည်။

စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပေးသည့် ကိစ္စကိုမူ တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနက ဆောင်ရွက်ပေးနေကြောင်း ကိုလည်း ဦးကျော်မင်းက ပြောသည်။

တိုင်းလူမှုဝန်ထမ်းဦးစီးဌာနကလည်း စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးလိုသူများ ကို ဖုန်းဖြင့် ဆက်သွယ်နိုင်ကြောင်း မြို့နယ် အလိုက် ဖုန်းနံပါတ်များ Facebook မှ တစ်ဆင့် ထုတ်ပြန်ပေးထားသည်။

ကိုဗစ်-၁၉ နှင့် ဆက်နွယ်သူများ အားလုံးကို ခွဲခြားဆက်ဆံခြင်းမပြုရန် လည်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးဗဟို ကော်မတီက ထုတ်ပြန်ထားကြောင်း ဦးကျော်မင်းက ပြောသည်။
ယင်းထုန်ပြန်ထားချက်ကို ပြည်သူ တစ်ဦးချင်းစီက သေသေချာချာလိုက်နာ သွားရန်လိုကြောင်း ၎င်းကပြောသည်။

“ဒီကိစ္စက ဝိုင်းဝန်းပြီးတော့ ကူညီ၊ ပံ့ပိုးဖေးမပြီးတော့ သွားရမယ့်ကိစ္စဖြစ် ပါတယ်။ ခွဲခြားဆက်ဆံပြီးသွားရမယ့် ကိစ္စမဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ ပြန်လာပြီးနောက် အသွားအလာကန့် သတ်ခံထားရသူ ကဲ့သို့သောသူများ လိုအပ်နေသည်မှာလည်း စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုမျိုး ဖြစ်သော်လည်း ပြန်ရနေသည်က ခွဲခြားဆက်ဆံမှုများ၊ င်္ခေနဘသသု လူမှုကွန်ရက်မှ ဝေဖန်သံများ ဖြစ်သည်။

တနင်္သာရီတိုင်း လက်ရှိ အနေ အထားရမှု ကိုရိုနာဗိုင်းရပ်စ်ပိုးထက် ဆိုရှယ်မီဒီယာ ဗိုင်းရပ်စ်ပိုးက ပိုကြောက် စရာ ကောင်းနေသည်ဟုပင် ဆိုနိုင်သည်။ ယင်းအတွက်ကြောင့်ထင်သည်။ ၎င်းက အောက်ပါအတိုင်း ဆိုလေသည်။

“အင်တာနက်ပေါ်က ကျွန်တော်ပုံ တွေကြည့်ပြီး မိသားစုဝင်တစ်ယောက် ယောက် သွေးတိုးတက်ပြီး သေသွားမယ် ဆိုရင် ကျွန်တော် ဘယ်သူ့ကိုတရားစွဲ ရမှာလဲ။ အဲတာသည် လူသတ်လက်နက် ဖြစ်နေတယ်”

ကျော်သူစိုး