သင်္ကြန်ကာလတွင် သံတံတား သွားလာခွင့်ရမည် မဟုတ်သေး

0
442

သံတံတားကြီးဟု လူသိများသော ထားဝယ်မြို့တွင်းမှ ကြက်စားပြင်ရပ်ကွက်ဘက်သို့ ချိတ်ဆက်ပေးထား သည့် တံတားသည် သင်္ကြန်ကာလ ရောက်သည်အထိ သွားလာခွင့်ရမည် မဟုတ်သေးကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ယင်းတံတားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ပထမအပတ်ကစပြီး ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။

ဧပြီလကုန်တွင် တည်ဆောက်ရေးလုပ်ငန်းပြီးစီးနိုင်သော်လည်း တံတားအပြီး ၂၈ ရက်ကြာမှ ဖြတ်သန်းသွား လာရမည် ဖြစ်ကြောင်း အထက်ပါအဖွဲ့ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ပြော သည်။

သင်္ကြန်ကာလအတွင်း ယခု ဆောက် လုပ်နေဆဲ သံတံတားအရှေ့ဘက် (ဓမ္မစကြာ ကျောင်းအနီး)ရှိ တံတားနှင့် အနောက် ဘက်ရှိ တံတားဖြူလေးတို့မှ ဖြတ်သန်း သွားလာနိုင်သည်။

ယင်းသံတံတားကြီးကို ရန်ပုံငွေ ကျပ်သန်းနှစ်ရာကျော် (၂၅၉ ဒဿမ ၇ သန်း) ဖြင့် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ကျော်သူစိုး