ဥပဒေ သုတ

0
698

၂၀၁၇ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ – ပုဒ်မ ၂၂

(စည်ပင်သာယာရေး) ကော်မတီ သည် မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အောက်ပါ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ သတ်မှတ် စည်းကမ်းနှင့် အညီလိုက်နာဆောင်ရွက်စေရန် လုပ်ငန်းရှင် သို့မဟုတ် ယာဉ်ပိုင်ရှင် သို့မဟုတ် သက်ဆိုင်သူအား ညွှန်ကြားနိုင်သည် –

(က) ဆောက်လုပ်ရေး သို့မဟုတ် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် စက်ယန္တရားများ သယ်ဆောင်ခြင်း၊ အုတ်၊ သဲ၊ ကျောက်၊ မြေ၊ ထုံး၊ သစ်နှင့် အခြား ပစ္စည်း သယ်ယူ ပို့ဆောင်သော မည်သည့် ယာဉ်အမျိုး အစားကိုမဆို သတ်မှတ်လမ်းကြောင်း အတိုင်းသာ မောင်းနှင်စေခြင်း၊

(ခ) မည်သည့် သယ်ယူပို့ဆောင်သည့် ယာဉ်အမျိုးအစားမဆို လုပ်ငန်းသုံးပစ္စည်းကို လုံခြုံစွာ ဖုံးအုပ်၍ တင်ဆောင်သယ်ပို့စေခြင်း၊

(ဂ) အများပြည်သူဆိုင်ရာ လမ်းပေါ် သို့ လုပ်ငန်းသုံးပစ္စည်းများ လွင့်စင် ယိုဖိတ်ကျရောက်ခြင်းဖြင့် မလိုလားအပ် သည့် ယာဉ်အန္တရာယ်နှင့် ပတ်ဝန်းကျင် ထိခိုက်နှောင့်ယှက်မှုများ၊ မြို့သန့်ရှင်း ရေးထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ချက်ချင်းပြန်လည် သိမ်းဆည်း၊ ဖယ်ရှား၊ ရှင်းလင်းဆောင်ရွက်စေခြင်း။

ပုဒ်မ ၇၀ အရ အထက်ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာရန် လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ငွေဒဏ် အနည်းဆုံးကျပ် ၃၀၀၀၀ မှ အများဆုံး ကျပ် ၃၀၀၀၀၀ အထိ ချမှတ်ခြင်း ခံရမည်။

Dawei Watch