ခရီးသွားများ ရေရှည် ‘ ဂျင်း ‘ ထည့်ခံနေရမှာလား

0
528

ခရီးသွားလက်မှတ်တစ်စောင် ဝယ် ပေးလျှင် ဝယ်ပေးသူ၊ လက်မှတ် ဝယ်မည့် ခရီးသည်ကို ခေါ်ဆောင်လာ ပေးသူအား ဝယ်သည့် လက်မှတ်တန်ဖိုး ၏ ၃ ပုံ ၁ ပုံအထိ ပြန်ပေးသည့်စနစ် တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေ သည်။
ယင်းသို့ ခရီးသည် ခေါ်လာပေးခ အဆမတန် ပြန်ပေးသည့်စနစ်က လုပ် ငန်း ပြိုင်ဆိုင်မှု ပြင်းထန်သည့် အဝေး ပြေးကား အသင်းများကြားတွင် ပိုဖြစ် ထွန်းနေသည်။

“ရန်ကုန်ခရီးသည် ၉ ယောက်သွား ပို့ပေးတာ တစ်ယောက်ကို ငါးထောင် နှုန်းနဲ့ ရခဲ့ဖူးတယ်”ဟု ထားဝယ်တွင် သုံးဘီးတက္ကစီ မောင်းသူ ကိုလှသိန်း က ပြောသည်။
ကိုလှသိန်း ပို့ပေးခဲ့သည့် ကား အသင်း၏ ထားဝယ်-ရန်ကုန် ကား လက်မှတ်နှုန်းထားက ၁၅၀၀၀ကျပ်။
ကျန်ကားသင်းအများစုနှင့် အခြားခရီး သွားလုပ်ငန်းအများစုက ခရီးသည် ခေါ်လာပေးခ ထိုမျှအထိ ပြန်မပေးသော်လည်း မိမိထံ ခရီးသည် ခေါ် လာပေးသူအား နောက်ထပ် ခေါ်လာ ပေးရေးအတွက် ထိုက်တန်သော ငွေကြေးကို ပြန်ပေးနေကြသည်။
“လက်ရှိက လက်မှတ်ခ ကျပ် ၁၃၀၀၀ မှာ ကျပ် ၃၀၀၀ ပေးနေတယ်”ဟု ထားဝယ်တွင် အခြေစိုက်ကာ ရန်ကုန်-ထားဝယ်-မြိတ်သို့ ပြေးဆွဲနေ သော ယာဉ်လိုင်းတစ်ခု၏ ဂိတ်မှူး တစ်ဦးက ပြောသည်။

ကော့သောင်း အခြေစိုက် ကား သင်းတစ်ခုမှလည်း ခရီးသည် ခေါ်လာ ခအား ခရီးစဉ်အလိုက်ပေးနေပြီး မြိတ် နှင့် ထားဝယ်ဆိုက ကျပ် ၃ ထောင်၊ ရန်ကုန်အထိဆို ကျပ် ၅ ထောင် ပေးနေကြောင်း လက်မှတ်အရောင်းဌာန စာရေးမထံမှ သိရသည်။
ခရီးသည် ခေါ်ဆောင်လာခ ပေး သည်မှာ ခရီးသွားလုပ်ငန်း တစ်ခုတည်း ခရီးသွားလက်မှတ်တစ်စောင် ဝယ် ပေးလျှင် ဝယ်ပေးသူ၊ လက်မှတ် ဝယ်မည့် ခရီးသည်ကို ခေါ်ဆောင်လာ ပေးသူအား ဝယ်သည့် လက်မှတ်တန်ဖိုး ၏ ၃ ပုံ ၁ ပုံအထိ ပြန်ပေးသည့်စနစ် တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေ သည်။
ယင်းသို့ ခရီးသည် ခေါ်လာပေးခ အဆမတန် ပြန်ပေးသည့်စနစ်က လုပ် ငန်း ပြိုင်ဆိုင်မှု ပြင်းထန်သည့် အဝေး ပြေးကား အသင်းများကြားတွင် ပိုဖြစ် ထွန်းနေသည်။

ကော့သောင်း အခြေစိုက် ကား သင်းတစ်ခုမှလည်း ခရီးသည် ခေါ်လာ ခအား ခရီးစဉ်အလိုက်ပေးနေပြီး မြိတ် နှင့် ထားဝယ်ဆိုက ကျပ် ၃ ထောင်၊ ရန်ကုန်အထိဆို ကျပ် ၅ ထောင် ပေးနေကြောင်း လက်မှတ်အရောင်းဌာန စာရေးမထံမှ သိရသည်။
ခရီးသည် ခေါ်ဆောင်လာခ ပေး သည်မှာ ခရီးသွားလုပ်ငန်း တစ်ခုတည်း မဟုတ်ပေ။ အချို့ တည်းခိုခန်းများ၊ ဟိုတယ်များ၊ ဘန်ဂလိုများ၊ ထမင်းဆိုင် များပါ ကျင့်သုံးနေကြသည်မှာ ကြာခဲ့ ပြီဖြစ်သည်။
ယင်းသို့ ခရီးသည်ခေါ်လာခ ပေး သဖြင့် ဆိုင်ကယ်၊ သုံးဘီး စသည့် တက္ကစီ သမားများ၊ လူခေါ်လုပ်ငန်း သက်သက် လုပ်ကိုင်သူများက အနီး ပြေး၊ အဝေးပြေး ကားဝင်းများ၊ အမြန် ရေယာဉ်ဆိပ်များတွင် ခရီးသည် အလုအယက် ခေါ်ယူသဖြင့် သရုပ်ပျက်ကာ ခရီးသွားတို့ စိတ်အနှောင့် အယှက် ဖြစ်ရခြင်း၊ ဒေသ၏ပုံရိပ်ကို ထိခိုက်ခြင်း တို့ ဖြစ်ပေါ်ခဲ့သည်မှာလည်း ကာလ အတန်ကြာခဲ့ပြီ ဖြစ်သည်။

ယင်းသို့ ခရီးသည် ခေါ်ဆောင် လာ သူအား ငွေပြန်ပေးမှုကို ခရီးသွား အတော် များများက မသိကြပေ။
“တက္ကစီမောင်းသမားတွေ သုံးဘီး သမားတွေနဲ့ပေါင်းပြီး ပိုက်ဆံ ယူနေတာ မျိုးတော့ မသိဘူး။ ခရီးသည် ဆိုတာမျိုး ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပေးရတဲ့ ဈေးနဲ့တန်တဲ့ ဝန်ဆောင်မှုကိုပဲ လိုချင် ကြတာပဲလေ။ မြင်သလောက် ပြောရရင် ဝန်ဆောင်မှု အပြည့်အဝ မပေးနိုင်ဘဲနဲ့ ခရီးသည်ဆီက ပိုက်ဆံ မလိမ့်တပတ် ယူနေသလို ဖြစ်နေတယ်”ဟု လောင်းလုံး မြို့နယ် သဘော့ဆိပ်ကျေးရွာသူ မမာမာ သက်က ပြောသည်။

အချို့ကားအသင်းများက ခရီးသည် ခေါ်လာခ ပေးရသဖြင့် ခရီးသည်အား ပြန်ပေးရမည့် ဝန်ဆောင်မှု အပိုင်းတွင် အားနည်းသွားရကြောင်း ဝန်ခံကြ သည်။
“ခရီးသည်ခေါ်လာခ ပေးလိုက်ရ တော့ ခရီးသည်တွေကို ထိုက်သင့်တဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ စောင်တွေ ဘာ တွေ မပေးနိုင်တော့ဘူး။ ဒီငွေတွေကို ကြားထဲက ကယ်ရီ၊ သုံးဘီးသမားတွေကို မပေးချင်ဘဲ ကားတွေအဆင်ပြေအောင် ခရီးသည် ရရှိဖို့အတွက် ပေးနေရတယ်။ ပိုက်ဆံမပေးတဲ့ဂိတ်တွေဆို ကယ်ရီ သမား တွေက မပို့ကြတော့ဘူး”ဟု ထားဝယ် အဝေးပြေးယာဉ်လိုင်း ဂိတ်မှူးတစ်ဦးက ပြောသည်။
ယင်းသို့ ခရီးသည် ခေါ်လာခ ပြန် ပေးသည့်စနစ် ပိုမိုများပြား ခေတ်စား တွင်ကျယ်လာသည်နှင့်အမျှ လက်ငင်း ပြေလည်ရေးကို ရှေးရှုလုပ်ဆောင် နေမှု ကြောင့် တနင်္သာရီတိုင်း၏ ခရီးသွား လုပ်ငန်း ဦးကျိုးသွားမည်ကို စိုးရိမ်သူ များ ရှိလာသည်။

ယင်းသို့ စိုးရိမ်သူများထဲတွင် ခရီး သွားလက်မှတ်ဝယ်ယူပေးနေကျ၊ အကျိုး အမြတ်ရနေကျဖြစ်သော ဆိုင်ကယ်၊ သုံးဘီး၊ ကားတက္ကစီ သမားများပါ ပါဝင်လာသည်။
“ယူတော့ယူနေတာပဲ။ ကိုယ့် သိက္ခာကို လိပ်ပြာမလုံသလို ခံစားရတယ်”ဟု ထားဝယ်မှ သုံးဘီးသမား ကိုလှသိန်းက ဖွင့်ဟသည်။
ခရီးသည်ခေါ်လာခ ပေးသည့် ယာဉ်လိုင်းနှင့် ခရီးသွားလုပ်ငန်းများမှာ ပေးထားသည့် ကတိများ၊ လိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်လေ့ရှိသဖြင့် မိမိ လက်မှတ်ဝယ်ပေးလိုက်သည့် မျက် နှာပူရသည့် ခရီးသည်များအတွက် အခင်း အကျင်းမျိုး မကြာခဏ ကြုံတွေ့ရကြောင်း တက္ကစီသမားအချို့က ပြောကြသည်။
“အချို့ဆို လမ်းမှာ ကျန်နေ ခဲ့တာ တောင် တွေ့ဖူးတယ်”ဟု ထားဝယ်မှ ဆိုင်ကယ်တက္ကစီမောင်သူ ဦးဇော်ဝင်းက ပြောသည်။

ဝန်ဆောင်မှု ပိုမရဘဲ ငွေပိုကုန်နေ ရသည်ကို သိရှိသွားသော ခရီးသည် များသာမက ခရီးသည်ခေါ်လာပေးခရ နေသော သုံးဘီး၊ ဆိုင်ကယ်သများ များကပါ တနပ်စားအကြံဖြစ်သော ခရီး သည်ခေါ်လာခ အပြိုင်အဆိုင်ပေး နေမည့် အစား ခရီးသွားများကို ကောင်း မွန်သော ဝန်ဆောင်မှု အပြိုင်အဆိုင်ပေးစေလို ကြောင်း ပြောကြသည်။
“ကားလိုင်းအချင်းချင်း လူခေါ်ခ ပေးပြီး ပြိုင်တာထက် ဝန်ဆောင်မှုအပိုင်း မှာ ပြိုင်ကြတာက ခရီးသွားတွေအတွက် စိတ်ကျေနပ်မှု ပိုရစေမယ်လို့ ထင်တယ်”ထားဝယ်မှ သုံးဘီးယာဉ်မောင်း ဦးဇော် မိုးက ပြောသည်။
ခရီးသည်ခေါ်လာခ ပေးနေမှုမှာ ခရီးသွားနယ်ပယ်တစ်ခုလုံးတွင် ရှိနေပြီး ယင်းသည် ကောင်းမွန်သော ပြိုင်ဆိုင် မှုဟု မရှုမြင်ကြောင်း ထားဝယ်မြို့ ရဟှယ် ရှင် ခရီးသွားကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဟိန်းထက်က ပြောသည်။

“အစိုးရတွေက ကြီးကြပ်ဖို့ လိုအပ် တယ်ဆိုတာ ထွေထွေထူးထူး ပြောနေစ ရာ မလိုပါဘူး၊ လုပ်ငန်းရှင် တွေကလည်း ဝန်ဆောင်မှုကို အဓိကထား ယှဉ်ပြိုင် စေလိုပါတယ်၊ ကိုယ့်စံနှုန်း တွေကို ကိုယ်ထိန်းသိမ်းရင် ကိုယ့်ဒေသရဲ့ ပုံရိပ်လည်း မထိခိုက်တော့ဘူးပေါ့”ဟု ဦဟိန်းထက်က ပြောသည်။
ကားအသင်း အနည်းစုကမူ ခရီး သည်ခေါ်ဆောင်လာခ မပေးဘဲ ခရီး သည်များအတွက် ဝန်ဆောင်မှု အပြည့် အဝပေးနိုင်ရေးကိုသာ စီမံထားကြသည်။ ထို့သို့ ခရီးသည် ခေါ်ဆောင်လာခ ပြန်မပေး သဖြင့် အခြေမပျက်ဟု ဆိုကြသည်။

“လူခေါ်လာခ မပေးတော့ ကယ်ရီ သမားအချို့က ခရီးသည်ကို လက်မှတ် ဖြတ်ဖို့ ခေါ်မလာကြပေမယ့် အရင် ကတည်းက ရှိတဲ့ ဖောက်သည်တွေနဲ့ အဆင်ပြေနေတယ်”ဟု အောင်ရတနာ ထားဝယ်ဂိတ်မှူး ဦးမြတ်အောင်က ပြောသည်။
ယင်းသို့ ခရီးသည်ခေါ်ဆောင်လာခ ပေးနေမှုအား ကားဂိတ်များအချင်းချင်း ညှိဖို့မှာ လူတန်းစားအမျိုးမျိုးရှိသဖြင့် မလွယ်ကူနိုင်ဘဲ ဌာနဆိုင်ရာများက ဝင် ညှိပေးပါက အဆင်ပြေမည်ဟု ယူဆ ကြောင်း ဦးအောင်မြတ်က ဆိုသည်။

တနင်္သာရီအပတ်စဉ်က မေးမြန်း ခဲ့သည့် ခရီးသွားများနှင့် ခရီးသွား လုပ်ငန်းဆက်နွယ်သူ အားလုံးကလည်း ခရီးသွားများ တစ်နပ်စားကြံ ရေရှည် ဂျင်းထည့်ခံနေရသည်ကို အစိုးရ၊ ဌာန ဆိုင်ရာများက ဝင်ရောက် ကိုင်တွယ်ဖြေ ရှင်းသင့်ကြောင်း ပြောကြသည်။
လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန (ပို့/ဆက်)အနေဖြင့် သတ်မှတ်နှုန်းထက် ပိုမရောင်းရန်သာ ကြီးကြပ်နိုင်ပြီး သတ် မှတ်နှုန်းထက် လျော့ရောင်းက အရေး ယူ၍မရကြောင်း တနင်္သာရီတိုင်းဒေသ ကြီး (ပို့ /ဆက်)ဦးစီးမှူး ဦးတင်စိုး က ပြောသည်။
“အခုဖြစ်နေတဲ့ အပေါ်မှာ ကြား ခံအဖွဲ့အစည်းတွေက ကြီးကြပ်ပြီး ဂိတ် တွေကလည်း စည်းလုံးညီညွတ်စွာ ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် တစ်ဖြည်းဖြည်း တော့ လျော့နည်း ပပျောက်သွားမယ်လို့ ထင်တယ်”ဟု ဦးစီးမှူး ဦးတင်စိုးက ပြောသည်။

ပြေးဆွဲနေသည့် ကားအရေအတွက် မှာ ခရီးသွားနှုန်းထက် အမြဲတမ်း ပိုများနေလေ့ရှိသဖြင့် ခရီးသည် အပြိုင် အဆိုင်ရရှိရေး ကြိုးစားရင်း တဖြည်း ဖြည်း ဈေးကွက်တစ်ခုကဲ့သို့ အပြိုင် အဆိုင် ပိုပေးလာကြခြင်းဖြစ်ကြောင်း ထားဝယ် အဝေးပြေးဂိတ်မှ ဂိတ်မှူးက ပြောသည်။
“အရင်တစ်ခါက မပေးဘူးလို့ ဂိတ် တွေက ဝိုင်းပြီးဆုံးဖြတ်ကြပေမယ့် လက် တွေ့က နောက်ကွယ်မှာ လက်သိပ်ထိုး ပေးလာကြလို့ ထိန်းချုပ်ဖို့ ခက်ခဲတယ်။ ကိုယ်ကိုယ်တိုင်လည်း လုပ်ခဲ့ဖူးတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ ထိုက်တန်သည့် ဝန် ဆောင်ခ ပြန်မရဘဲ မိမိငွေကြေး အဖြတ် အတောက်ခံနေ၊ ကာလရှည် ဂျင်းထည့် ခံနေရသည်ကို ပြန်သိသွား သူတိုင်း ဒေါသပုန်ထကြ၊ ပေါက်ကွဲကြသည်။
“အဲလိုမျိုး ဖြစ်နေတာကို ဘယ်သူ က သိမှာလဲ။ တို့လို တော နေလူတန်း စားဆို ပိုဆိုးတာပေါ့။ အဲလိုမျိုးကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ကိုယ့်ဖက် ကိုပဲ ကြည့်နေလို့ မရဘူးလေ။ ခရီးသည် တွေဖက်ကိုလည် ထည့်သွင့်စဉ်စားပေး သင့်တယ်။ အဲလို လုပ်နေတယ် ဆိုတာ လူတွေ ပိုသိလာဖို့လိုမယ်”ဟု လောင်း လုံးမြို့နယ် စစ်ပြဲကျေးရွာမှ ဒေါ်လှိုင်လှိုင် သင်းက ပြောသည်။