မွန်စည်ပင် ငွေလုံးငွေရင်းကျပ်သန်း ၃၀၀၀ ကျော် လမ်းတံတားအတွက် သုံးမည်

0
494

မွန်ပြည်နယ်အတွင်းရှိ လမ်းတံ တားနှင့် အခြားတည်ဆောက်ရေး လုပ် ငန်းများအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၃၀၀၀ ကျော် အသုံးပြု သွားမည်ဖြစ်ကြောင်း ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။


ပြည်နယ်အတွင်း မြို့နယ်များ အားလုံးအတွက် ငွေလုံးငွေရင်း စုစု ပေါင်း ကျပ်သန်း ၃၁၃၉ ဒဿမ ၆၁၉ ကို လမ်းတံတားနှင့် အခြား တည် ဆောက်ရေးလုပ်ငန်းများအတွက် လုပ် ငန်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
” စည်ပင်က တင်တဲ့အတိုင်း ပြည် နယ်အစိုးရကခွင့်မပြုဘူး။ သူတို့မှာ လည်း ဘတ်ဂျက်က မလုံလောက်တော့ အရေးကြီးတဲ့ လုပ်ငန်းအပိုင်းတွေကိုပဲ စိစစ်ခွင့်ပြုတယ်၊ ဘတ်ဂျက် ပိုမိုခွင့်ပြု ပေးမယ်ဆိုရင်တော့ ပိုအဆင်ပြေတယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်အောင်က ပြော သည်။

 
ဘတ်ဂျက် မလုံလောက်မှုကြောင့် စည်ပင်အနေဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ရမည့် လုပ်ငန်းများ မလုပ် ဆောင်နိုင်ဘဲ အများပြောစရာဖြစ်နေ သည်ဟု ၎င်းက ဆက်ပြောသည်။” အခုဆိုရင် မော်လမြိုင်မှာ လမ်း တွေ ခင်းနေတယ် ပြင်နေတယ်၊ ဒါပေ မယ့်တကယ်လိုအပ်တဲ့နေရာမှာ တကယ် ပျက်စီးနေတဲ့နေရာမှာမပြင်ဘူး၊ ကောင်း နေတဲ့နေရာကို လမ်းပိုင်းကိုပဲ ပြင်ပြင် နေကြတယ်၊ တချို့ ရပ်ကွက်တွေမှာ လမ်းတွေ တအားဆိုး နေတဲ့ အခြေအနေ ရှိတယ် လာမပြင်ပေးဘူးလေ” ဟု မော်လမြိုင်မြို့ ကွင်းရပ်ကွက်တွင် နေ ထိုင်သူတစ်ဦးက ဝေဖန်သည်။

 
မြို့နယ်များအနက် ဘတ်ဂျက် အများဆုံးရသည့် မော်လမြိုင်မြို့နယ်က ကျပ်သန်း ၁၁၂၆ ကျော် ရပြီး အနည်း ဆုံးရသည့် လမိုင်းမြို့ဖြစ်ပြီး ကျပ်သန်း ၇၀ ကျော် ရရှိသည်။