ထားဝယ်တက္ကသိုလ် ကျောင်းသူအဆောင် ဒုတိယနှစ်ဝက် ပညာသင်ကာလမှ စဖွင့်မည်

0
380

ထားဝယ်တက္ကသိုလ်အတွင်း တည် ဆောက်ထားသည့် ကျောင်းသူ ၁၃၀ ဦး ဆံ့အဆောင်တွင် ပရိဘောဂပစ္စည်းများ အဆင်သင့်မဖြစ်သေးသည့်အတွက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဒုတိယနှစ် ဝက် ပညာသင်ကာလမှသာ လက်ခံနိုင် တော့မည်ဖြစ်ကြောင်းထားဝယ် တက္ကသိုလ်ထံမှ သိရသည်။


ကျောင်းသူအဆောင် အဆောက် အအုံမှာ ပြီးစီးနေပြီဖြစ်သည်။သို့သော် ကုတင်၊ စားပွဲ၊ ကုလား ထိုင်နှင့် ဘီဒို အစရှိသည့် ပရိဘောဂ ပစ္စည်းများ တင်သွင်းရန် တင်ဒါပေးထား ပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် အဆင်သင့် မဖြစ်သေးသည့်အတွက် ၂၀၁၇ ခုနှစ် ဇွန်လတွင်ဖွင့်မည့် ဒုတိယ နှစ်ဝက် ပညာသင်ကာလ ရောက်မှသာ လက်ခံနိုင် မည်ဖြစ်ကြောင်း ထားဝယ် တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်က ဆိုသည်။

 
” ထားဝယ်စည်ပင်နယ်နိမိတ် ပြင်ပ က ကျောင်းသူတွေကိုပဲ လက်ခံသွား မယ်”  ဟု ဒေါက်တာဘဟန်က ပြောသည်။
အဆောင်နေ ကျောင်းသူတစ်ဦး လျှင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အဆောင်များနည်းတူတစ်လ ကျပ် ငါး ထောင်နှုန်း ကောက်ခံသွားမည် ဖြစ်ပြီး ရေမီးအစုံ သုံးစွဲခွင့်ရမည်ဖြစ်ကာ အစား အသောက် စရိတ် မပါဝင်ကြောင်း ၎င်း က ဆိုသည်။
အဆောင်နေကျောင်းသူများကို အစားအသောက် ကျွေးမွေးရန် အစား အသောက်ချက်ပြုတ်ခြင်းနှင့် ပတ်သက် ၍ စိတ်ချရသူများကို တင်ဒါခေါ်သွား ရန်ရှိကြောင်း တာဝန်ခံပါမောက္ခချုပ်က ပြောသည်။

 
ထားဝယ်တက္ကသိုလ်တွင် ကျောင်း သား ၁၃၀ ဦးဆံ့ ကျောင်းသားအဆောင်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်အတွင်း အပြီးဆောက်လျက်ရှိကြောင်း ထားဝယ် တက္ကသိုလ် လက်ထောက်မော်ကွန်း ထိန်းထံမှ သိရသည်။
ထားဝယ်တက္ကသိုလ်တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အောက်တိုဘာလ အထိ စာရင်းများအရ ကျောင်းသား၊ ကျောင်းသူ ၃၄၃၈ ဦး ပညာသင်ကြား နေကြောင်း အဆိုပါ တက္ကသိုလ် စာရင်း များအရ သိရသည်။