ကြက်မောက်ကျွန်း ဝင်ပေါက်ဖွင့်ခြင်းမှာ စာချုပ် စည်းကမ်းအရဖြစ်ပြီး ခရီးသွားလုပ်ငန်းနှင့်မဆိုင်ဟု ပတ္တမြား ရောင်ခြည် ကုမ္ပဏီပြော

0
509

ကြက်မောက် ကျွန်းဝင်ပေါက်အဝ အား ဖွင့်လိုက်ခြင်းသည် ခရီးသွား လုပ်ငန်းနှင့် မပတ်သက်ဘဲ စာချုပ် စည်း ကမ်းအရ ဖွင့်လိုက်ခြင်းသာ ဖြစ်ကြောင်း ပတ္တမြား ရောင်ခြည်ကုမ္ပဏီက ပြောဆို လိုက်သည်။

အောက်တိုဘာလက အဆိုပါကျွန်း အဝင်ဝအား ခြံစည်းရိုး ခတ်ပိတ်ထား ခြင်းဖြစ်ပြီး၊ နိုဝင်ဘာ ၂၄ရက်က ခြံစည်း ရိုးများ ပြန်လည်ပွင့်နေပြီး သစ်တော ဌာနက လာရောက် ဖွင့်ပေးလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

“နိုဝင်ဘာ ၂၄ ရက်က ဧည့်သည် တွေနဲ့ ရောက်တော့ အဝင်ဝ ပွင့်နေတာ တွေ့တော့ အားလုံးဝမ်းသာလို့ ထအော် ကြတယ်” ဟု Grand Andaman ဟိုတယ်မှ ခရီးသွားလုပ်ငန်း မန်နေဂျာ ကိုယဉ်ထွေးက ပြောပြသည်။

အဆိုပါ ဝင်ပေါက်ဖွင့်ခြင်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် သစ်တောဦးစီးဌာနတို့ ချုပ်ဆိုထားသော စာချုပ် စည်းကမ်းအရ ငှက်သိုက် စုဆောင်းချိန် သတ်မှတ်ရက်ပြည့်သွား ခြင်းကြောင့် ပြန်လည်ဖွင့်ခြင်းသာဖြစ်ပြီး နောက်ထပ်ငှက်သိုက်ခူးသည့် ကာလ အထိ ၎င်းတို့ကုမ္ပဏီက စာချုပ် မပြည့် သေးသောကြောင့် ငှက်သိုက် လုပ်ငန်း နှင့် မပတ်သက်သည့် လူများ ဝင်ထွက် သွားလာခဲ့လျှင် စာချုပ်ပါ အချက်များ အတိုင်း ဥပဒေဘောင်ထဲက ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပတ္တမြားရောင် ခြည်ကုမ္ပဏီထံမှ သိရသည်။

” ကျွန်တော်တို့ကုမ္ပဏီက နိုင်ငံa တ်ာမှာ တရားဝင်လေလံယူပြီး ငှက်သိုက် ထုတ်ယူသလို ကြက်မောက် ကျွန်းကို လာကြတဲ့ ခရီးသွားလုပ်ငန်းတွေကလဲ ကြက်မောက်ကျွန်းအတွင်းသွားလာ လည်ပတ် တရားဝင်အထောက်အထား ခွှင့်ပြုချက်ပြနိုင်ရင် ဘာမှပြောစရာ မရှိပါဘူး၊ အဲဒီလို ခွင့်ပြုချက် အထောက် အထား ကျွန်တော် တို့ကိုပြပေးနိုင်ခြင်း မရှိရင်တော့ ကျွန်တော်တို့လဲ စာချုပ် အတိုင်း ဥပဒေဘောင်ထဲကပဲ သွားမှာပါ ” ဟု ပတ္တမြားရောင်ခြည်၏ မှုခင်းပိုင်း ဆိုင်ရာ ဆောင်ရွက်သူ မန်နေဂျာ ဦးနေဝင်းဦးက ပြောသည်။

အဆိုပါ ကြက်မောက်ကျွန်း အသုံးပြုခွင့် ကိစ္စနှင့်ပတ်သက်၍ ကော့ သောင်း ဟိုတည်နှင့်ခရီးဌာနအား ဆက် သွယ်မေးမြန်းရာ နေပြည်တော်သို့ တိုက်ရိုက် အသေးစိတ်မေးမြန်းရန် ပြန် လည် ပြောဆိုခဲ့ပါသည်။

ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်နေ့ထိသည် ဇီဝဇိုးဌက်သိုက် မွေးမြူ ရေး ကာလဖြစ်၍ ထိုကာလများ သည် ငှက်များ အန္တရာယ်ကင်းစွာ မွေးမြူ နိုင်ရန်အတွက် ကျွန်းအား လူသံများ မကြားအောင် ကုမ္ပဏီက ကျွန်းအနီး တစ်ဝိုက် သွားလာသည့်ယာဉ်များအား တားဆီးပိုင်ခွင့်ရှိသည်ဟု စာချုပ် စည်းကမ်းတွင်ပါသည်ဟု သစ်တော ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေး မှူး ဦးအိုက်စင်ကလဲ ဆိုသည်။
နိုဝင်ဘာ ၂၁ရက်မှစ၍ ငှက်သိုက်ခူး ကာလဖြစ်သောကြောင့် လူများလာ ရောက် လည်ပတ်မှုက ငှက်များအပေါ် သက်ရောက်မှု မရှိတော့ ဟု ဦးအိုက်စင်က ရှင်းပြသည်။
ယခုအခါ အဆို ပါကြက် မောက် ကျွန်းအား ဝင်ပေါက်ဖွင့်လိုက်ပြီး ဖြစ် သော်လည်း ခရီးသွားလုပ်ငန်းနှင့် ငှက် သိုက် ကုမ္ပဏီကြား တရားဝင် ညှိနှိုင်း ထားခြင်း မရှိသေးကြောင်း သိရသည်။