တိုင်းနယ်ပြည်နယ် ၁၄ ခုသို့ တစ်ကိုယ်တော် လမ်းလျှောက်မည်

0
598

မြိတ်ခရိုင် မြိတ်မြို့ ကန်ဖျားရပ် ကွက်နေထိုင်သူ အသက် ၄၂ နှစ်အရွယ် ဦးအောင်သူမှ ဒီဇင်ဘာ ၁၀ ရက် နေ့မှစပြီး တိုင်းနယ်ပြည်နယ် ၁၄ ခုသို့ တစ်ကိုယ်တော် လမ်းလျှောက်သွားမည် ဖြစ်ကြောင်း ကာယကံရှင် ဦးအောင်သူ ထံမှ သိရသည်။

ရွေးကောက်ပွဲမှာ အနိုင်ရရှိကြတဲ့ အမတ်အားလုံးကို ကြိုဆိုဂုဏ်ပြုတဲ့ အနေဖြင့် ယင်းသို့ လမ်းလျှောက်ရခြင်း ဖြစ်ကြောင်း ဦးအောင်သူက ပြောသည်။
လမ်းလျှောက်မည့် ခရီးစဉ်များ အနေဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မြိတ်မြို့ ဗိုလ်ချုပ် မြင်းစီး ကြေးရုပ်ရှေ့မှ စတင်ထွက်ခွာ မည်ဖြစ်ကာ ထားဝယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့တို့မှတဆင့် ကရင်ပြည် နယ် ဘားအံသို့ ဝင်ရောက်မည်ဖြစ်ပြီး ဘားအံမှတစ်ဆင့် သထုံမြို့ထဲသို့ ပြန်လည် ဝင်ရောက်လာမည် ဖြစ်ကြောင်း သိရသည်။

သထုံမြို့မှတဆင့် ပဲခူးတိုင်း ဒေသ ကြီး၊ ကယားပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည် နယ်၊ စစ်ကိုင်တိုင်း ဒေသကြီး၊ ချင်းပြည် နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန် တိုင်း ဒေသကြီးသို့ ပြန်လည်ဝင်ရောက် လာမည်ဖြစ်ကာ ဗဟန်းမြို့နယ်ရှိ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ခရီးစဉ် ကို အဆုံးသတ်မည်ဖြစ်ကြောင်း ဦးအောင်သူ ၏ ပြောပြချက်အရ သိရသည်။
” ခရီးစဉ် အစအဆုံး လမ်းလျှောက် ရမည့်ရက်က ရက်ပေါင်း ၁၀၀ ခန့် ခန့်မှန်း ထားပါတယ်” ဟု ဦးအောင်သူက ပြောသည်။

အဆိုပါ လမ်းလျှောက်မည့်သူ ဦးအောင်သူသည် ၂၀၁၃ ခုနှစ် ဩဂုတ်လ တွင် မြိတ်မှ နေပြည်တော်သို့လည်း ကောင်း ၂၀၁၃ ခုနှစ် အောက်တို ဘာလ တွင် ကော့သောင်းမြို့မှ မန္တလေး၊ နေပြည်တော် သို့ လည်းကောင်း မြန်မာ နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဆီးဂိမ်းကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်ကိုယ်တော် လမ်းလျှောက်ခဲ့ဖူးသူ ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အတွက် ၂၀၁၅ ခုနှစ် ဇန်နဝါရီ လက မြိတ်မှ နတ်မောက်မြို့သို့ တစ်ကိုယ် တော် လမ်းလျှောက်ခဲ့ပြီးဖြစ်သည်။

ယခုအကြိမ် တစ်ကိုယ်တော် လမ်း လျှောက်ခြင်းသည် စတုတ္တအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။