တနင်္သာရီ – ရန်ကုန် ခရီးစဉ်ကို လေကြောင်း လိုင်း ၆ လိုင်း ပြေးဆွဲမည်

0
672

ယခုရက်သတ္တပတ်အတွင်း တနင်္သာရီတိုင်း၊ ခရိုင်မြို့များ ဖြစ်သည့် ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရီးစဉ်များကို ပြေးဆွဲမည့် လေကြောင်း လိုင်း ၆ လိုင်းထိ ရှိလာမည်ဖြစ်ကြောင်း ကော့သောင်းမြို့ရှိ လေယာဉ်လက်မှတ် အရောင်းဌာနများထံမှ သိရသည်။

ရန်ကုန်နှင့် အထက်ပါ မြို့များသို့ ပြေးဆွဲမည်ဖြစ်ပြီး ခရီးသွားရာသီတွင် အထက်မြန်မာပြည် ခရီးစဉ်များကို ပျံသန်းသည့် လေကြောင်းလိုင်းများက ခရီးသွားရာသီ ကုန်ချိန်တွင် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရီးစဉ်များကို ပြန်လည် ပျံသန်း လာခြင်းဖြစ်ကြောင်း သိရသည်။
” အရင်နှစ်တွေက ၅ လိုင်းပဲ ပုံမှန် ပျံသန်းတာ၊ အခုနှစ်က ဗဏနဌ လေ ကြောင်းလိုင်းတစ်ခု အသစ်တိုးလာ တယ် ” ဟု ပုလဲဧကရီ လက်မှတ် အရောင်းဌာနမှ လက်မှတ်အရောင်း ကိုယ်စားလှယ် ဦးဇော်မင်းဦးက ဆို သည်။
မြန်မာ့လေကြောင်းနှင့် ဗဏနဌ လေကြောင်းလိုင်းများက နေ့စဉ်ပြေး ဆွဲမည်ဖြစ်ပြီး အဲကမ္ဘောဇ၊ မန်းရတနာပုံ၊ အဲမန္တလေးနှင့် ရန်ကုန်အဲဝေးတို့က သတ်မှတ်ရက်များဖြင့် ပြေးဆွဲ မည်ဟု ဦးဇော်မင်းဦးက ဆိုသည်။