24.4 C
Dawei
Wednesday, August 10, 2022
Home Tags #ထားဝယ်ဆေးရုံကြီး

Tag: #ထားဝယ်ဆေးရုံကြီး

ထားဝယ်အာယုဒါန အောက်ဆီဂျင်စက်သစ် မိနစ် ၈ဝလျှင် ၄ဝလီတာ ခြောက်အိုးထုတ်

ထားဝယ်မြို့ရှိ အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်အသစ်သည် မိနစ်ရှစ်ဆယ်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ခြောက်လုံးထုတ်လုပ်နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အောက်ဆီဂျင်စက်အသစ်ကို နိုဝင်ဘာလလယ်ပိုင်းတွင် စတင်လည်ပတ်နေကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ ဦးအောင်မြင့်က ဆိုသည်။

ထားဝယ်ဆေးရုံ ကိုဗစ်လူနာလက်မခံဆိုသည့်သတင်း မမှန်ကန်ကြောင်း ဆေးရုံတာဝန်ရှိသူများ တုံ့ပြန်

ထားဝယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများ လက်ခံပေးခြင်းမရှိကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းအချက်မှာ မှန်ကန်ခြင်းမရှိကြောင်း ဆေးရုံတာဝန်ရှိသူအချို့က တုံ့ပြန်သည်။ ထားဝယ်ဆေးရုံတွင် ဆရာဝန်နှင့် အနီးကပ်ကြပ်မတ်ကုသရမည့် အရေးကြီး ကိုဗစ်လူနာများကို လက်ခံကုသပေးနေကြောင်း ယင်းဆေးရုံ ကိုဗစ်ကုသရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ထားဝယ်မြို့တွင် သီတာဂူဆေးရုံ၊...

ဂျပန်ကလှူသည့် ဆေးရုံအဆောက်အအုံအသစ် နောက်နှစ်ဆန်းတွင် စဆောက်ရန် အဆိုပြု

ထားဝယ်ဆေးရုံကြီးဝင်းအတွင်း ဂျပန်နိုင်ငံကလှူသည့် အဆောက်အအုံအသစ်ကို လာမည့်နှစ်ဆန်းပိုင်းတွင် စဆောက်ရန် အဆိုပြုထားကြောင်း ယင်းဆေးရုံအုပ်ကြီးထံမှ သိရသည်။ ဂျပန်နိုင်ငံ၏ JICA (အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) က လှူဒါန်းခြင်းဖြစ်ပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စဆောက်ရန်...

ထားဝယ်ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးစက် လုံလောက်မှုမရှိ

ထားဝယ်ဆေးရုံကြီးတွင် ကျောက် ကပ်ဆေးရန် လိုအပ်သည့် လူနာများ အတွက် ကျောက်ကပ်ဆေးသည့်စက် ထပ်မံလိုအပ်နေသေးကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။ လက်ရှိတွင် အစိုးရက ချပေးထားသည့် ကျောက်ကပ်ဆေးစက်နှစ်လုံးရှိနေပြီး လူနာ ၁၁ ဦးကို ကုသ(ဆေး) ပေးနေကြောင်း...

ထားဝယ်ဆေးရုံကြီးဝင်းရှိ အောက်ဆီဂျင်အဆောက်အအုံ အလှူရှင်လိုအပ်

ထားဝယ်ဆေးရုံကြီးဝင်းအတွင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင် အဆောက်အအုံကို နေရာပြောင်းရွှေ့ပြီး အသစ်တည်ဆောက်နေသဖြင့် အလှူရှင်လိုအပ်နေကြောင်း အာယုဒါနပါရမီ မြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့ထံမှ သိရသည်။ လက်ရှိအောက်ဆီဂျင် အဆောက်အအုံမှာ အသစ်တည်ဆောက်မည့် ဆေးရုံကြီးအဆောက်အအုံနှင့် မလွတ်ကင်းသည့်အတွက် ဖြိုဖျက်ကာ နေရာပြောင်းရွှေ့ကာ...

ဆေးရုံတွင် သေဆုံးသည့် ရုပ်အလောင်း အခမဲ့သယ်ပေးမည်

ဆေးရုံတွင် သေဆုံးသွားသည့် ရုပ်အလောင်းများကို နေအိမ်သို့ ပြန်လည်သယ်ယူပါက အခမဲ့သယ်ဆောင်ပေးမည်ဖြစ်ကြောင်း ထားဝယ်မြို့အခြေစိုက် ဦးတေဇဝံသဖောင်ဒေးရှင်း၏ အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့မှ ဦးအောင်မြင့်က ပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို နိဗ္ဗာန်ယာဉ်ပုံသဏ္ဌာန်မဟုတ်သည့် ရိုးရိုးယာဉ်ဖြင့် ထားဝယ်ခရိုင်အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက...

တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုးစစ်ထားသူ သုံးဆယ်ကျော်ရှိ၊ ယနေ့ည အဖြေသိရမည်

တနင်္သာရီတိုင်းအတွင်းမှ ကိုရိုနာရောဂါပိုးရှိ/မရှိ ဓာတ်ခွဲခန်းပို့ထားသူ သုံးဆယ်ကျော်ရှိပြီး ၎င်းတို့၏ ဓာတ်ခွဲအဖြေကို ယခုညတွင် သိရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ တိုင်းအတွင်း မြို့နယ် ၁၀ ခုရှိ စောင့်ကြည့်ရေးစခန်းများ (Facility...

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၀ ရက်၊ ညနေ ၆ နာရီခွဲ)

ထားဝယ်ရှိ သံသယလူနာ ရောဂါပိုး မတွေ့ ထားဝယ်ဆေးရုံ သီးသန့်အဆောင်တွင်ထားရှိကုသနေသည့် သံသယလူနာတွင် ကိုရိုနာရောဂါပိုးပိုးမတွေ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဆိုသည်။ ယင်းဓာတ်ခွဲခန်းအဖြေကို ယနေ့ တွင်...

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၈၊ ညနေ ၆ နာရီခွဲ)

လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ သိနိုင်ရန် လူနာအသစ်နှစ်ဦး၏ ဓာတ်ခွဲနမူနာကို မတ်လ ၂၈ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ဆေးရုံကြီးတွင် ဒီဇင်ဘာလလယ်ပိုင်းမှစတင်ကာ ကျောက်ကပ် ဆေးနိုင်တော့မည်

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် လာမည့်ဒီဇင်ဘာလ လလယ်ပိုင်းမှ စတင်ကာ ကျောက်ကပ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ထံမှ သိရသည်။ လက်ရှိတွင် ပြည်ထောင်စုဘတ်ဂျက် ဖြင့် ဝယ်ယူထားသည့် ကျောက်ကပ်ဆေးစက်အသစ် နှစ်လုံးကို တပ်ဆင်နေပြီး ဒီဇင်ဘာလလယ်ပိုင်းတွင် စတင်ဆေးပေး နိုင်ရန်...