27.7 C
Dawei
Thursday, August 18, 2022
Home Tags #တိုင်းအစိုးရ

Tag: #တိုင်းအစိုးရ

ထားဝယ်ခရိုင်လျှပ်စစ်တင်ဒါအောင်ကုမ္ပဏီနှင့် တိုင်းအစိုးရ လာမည့်အပတ် သဘောတူစာချုပ် ချူပ်မည်

ထားဝယ်၊ နိုဝင်ဘာ ၈ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းသဘောတူစာချုပ်ကို တင်ဒါအောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီနှင့် လာမည့်အပတ်တွင် ချုပ်ဆိုမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော် ရုံးချိန်း ထူးခြားချက်များ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးတို့၏အမှု ၂၅ ကြိမ် မြောက်နှင့် ၂၆ ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်က တိုင်းဒေသကြီးတရားလွှတ်တော်တွင် စစ်ဆေးခဲ့သည်။ ယင်းရုံးချိန်းနှစ်ရက်အတွင်း ထူးခြားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဒေါက်တာလဲ့လဲ့မော်အမှုရုံးချိန်းတွင် စီမံဘဏ္ဍာဝန်ကြီးဟောင်း၊ တိုင်းထွေအုပ်ဒုညွှန်မှူးနှင့် မြို့နယ်စည်ပင်အမှုဆောင်အရာရှိတို့၏ ထွက်ဆိုချက် ကောက်နုတ်ချက်များ

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့၏ အမှု ၂၃ ကြိမ်မြောက်နှင့် ၂၄ ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၅ ရက် နှင့် ၆ ရက်တို့က စစ်ဆေးခဲ့သည်။

တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု ၀န်ကြီးဟောင်း ဦးကြည်လှိုင်ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အမှုတွင် တရားလိုပြသက်သေ အဖြစ် တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးကြည်လှိုင်ကို စစ်ဆေးမည် ဖြစ်ကြောင်း တိုင်းဒေသ ကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။ အမှု၏ ၂၅ ကြိမ်မြောက်ရုံးချိန်း ဖြစ်သည့် သြဂုတ်လ...

ထားဝယ်၊ မြိတ်ဝန်ကြီးအရေး တွေးချင့်စရာ

သခွပ်ပင်က မီးတကျည်ကျည် ဆိုသကဲ့သို့ ဖြစ်မည်စိုး၍ တနင်္သာရီတိုင်း၏ တိုင်းရင်းသားလူမျိုးစုကိစ္စ မရေးဖြစ်ခဲ့ပါ။ တိုင်းပြည်တစ်ခုလုံး၏ အနာဂတ် အတွက် အလွန်အရေးကြီးလှသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စ ဆောင်ရွက်နေသည့် လက်ရှိအချိန်တွင် ပိုမရေးလိုပါ။

ကော့သောင်း ရေလုပ်သား လက်ဝှေ့ကစားသမားများကို ကုန်းပေါ် အလုပ်ပေးမည်

ကော့သောင်းမြို့နယ်ရှိ  ရေလုပ်ငန်း လုပ်ကိုင်နေသည့် လက်ဝှေ့ကစားသမားများကို ကုန်းပေါ်တွင် အလုပ်ရရှိရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လက်ဝှေဆပ်ကော်မတီထံမှ သိရသည်။ ကော့သောင်းမြို့နယ်ရှိ အမျိုးသား လက်ဝှေ့အားကစားသမားအများစုမှာ ငါးဖမ်းလှေနှင့် ကင်းမွန်မီးထွန်းလှေများ တွင် ၀င်ရောက်လုပ်ကိုင်နေကြကြောင်း အထက်ပါကော်မတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောသည်။

လာမည့်ဘဏ္ဍာနှစ် တိုင်းအစိုးရ ဦးစားပေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ထည့်သွင်းသတ်မှတ်

လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် တိုင်းအစိုးရ၏ ဦးစားပေးလုပ်ငန်း များစာရင်းတွင် ခရီးသွားလုပ်ငန်းများဖွံ့ ဖြိုး တိုးတက်ရေးကို ထည့်သွင်းသတ်မှတ် ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရ/သုံး) ထံမှ သိရသည်။ လက်ရှိဘဏ္ဍာနှစ်တွင် တိုင်းအစိုးရ၏ ဦးစားပေးလုပ်ငန်းများစာရင်းတွင် ခရီးသွားလုပ်ငန်းကို ထည့်သွင်းသတ် မှတ်ခဲ့ခြင်း...

ယူနစ်ဈေးနှုန်း သုံးလတစ်ကြိမ် ပြင်ဆင်နိုင်သည့် အချက်အပါအ၀င် ထားဝယ်လျှပ်စစ် တင်ဒါစည်းကမ်း ၃၆ ချက် ထုတ်ပြန်

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါခေါ် ရာတွင် တစ်ယူနစ်ဈေးနှုန်းကို သုံးလ တစ်ကြိမ် ပြင်ဆင်သတ်မှတ်နိုင်သည့် အချက် အပါအ၀င် တင်ဒါစည်းမျဉ်း ၃၆ ချက်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရက ထုတ်ပြန်လိုက်သည်။ တင်ဒါအောင်မြင်သည့်ကုမ္ပဏီ သည် ၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁...

ဆက်စပ်မေးခွန်းများကို စာဖြင့်ဖြေပါက ၃ ပတ်ခန့်အတွင်း ဖြေဆိုရန် တိုင်းအစိုးရအဖွဲ့အား လွှတ်တော်ဒုဥက္ကဋ္ဌ မှာကြား

လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် ဆက်စပ်မေးခွန်းများကို စာဖြင့် ပြန်လည် ဖြေဆိုပါက ၃ ပတ်ခန့်အတွင်း ပြန်လည်ဖြေဆိုရန် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌက မှာကြား လိုက်သည်။ ဇူလိုင်လ ၂ ရက်တွင် ကျင်းပသည့် ၁၃ ကြိမ်မြောက်...

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း အာမခံထပ်လျှောက်၊ အာမခံ ပေး/မပေး ဇွန်လ ၂၄ ရက် အမိန့်ချမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံနေရသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အာမခံပေးရန် ၎င်း၏ ရှေ့နေများက ဒုတိယအကြိမ်ထပ်လျှောက်လိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် ရုံးချိန်း က ယင်းသို့လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဇွန်လ  ၁၇ ရက် ရုံးချိန်းတွင်...