လာမည့်ဘဏ္ဍာနှစ် တိုင်းအစိုးရ ဦးစားပေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ထည့်သွင်းသတ်မှတ်

0
508

လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် တိုင်းအစိုးရ၏ ဦးစားပေးလုပ်ငန်း များစာရင်းတွင် ခရီးသွားလုပ်ငန်းများဖွံ့ ဖြိုး တိုးတက်ရေးကို ထည့်သွင်းသတ်မှတ် ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရ/သုံး) ထံမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ်တွင် တိုင်းအစိုးရ၏ ဦးစားပေးလုပ်ငန်းများစာရင်းတွင် ခရီးသွားလုပ်ငန်းကို ထည့်သွင်းသတ် မှတ်ခဲ့ခြင်း မရှိဘဲ လာမည့်ဘဏ္ဍာနှစ် တွင်မှ ထည့်သွင်းသတ်မှတ်ခြင်း ဖြစ်သည်။

ဟိုတယ်လုပ်ကိုင်ခွင့်ကို ဥပဒေသစ် အရ တိုင်းအစိုးရက ခွင့်ပြုပေးနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းဇုန်ဝင်ကြေး ကောက်ခံငွေများ ရရှိလာခြင်းတို့ကြောင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးလုပ်ဆောင် ရန် ယင်းကဲ့သို့ ထည့်သွင်းခြင်းဖြစ်ကြောင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေလင်းထက်က ဆိုသည်။

တိုင်းအစိုးရက ခရိုင်အလိုက်လုပ်ဆောင်သည့် အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာသည့် ဆွေးနွေးချက်များအပေါ် အခြေခံကာ ဦးစားပေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကို ထည့်သွင်းထားကြောင်း တနင်္သာရီတိုင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောသည်။

“အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပြီးမှ အစိုးရအဖွဲ့က ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေ ချတယ်။ ချတဲ့အထဲမှာ ခရီးသွား လုပ်ငန်းသည် ဦးစားပေးထဲမှာ ပါတယ်ပေါ့”ဟု ၎င်းက ပြောသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် လာမည့်ဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နယ်ရှိ စမ်းလှမ်းကမ်းခြေ နှင့် မြိတ်ခရိုင်ရှိ စမတ်ကျွန်းတို့တွင် ဆိပ်ခံတံတားတစ်ခုစီကို တည်ဆောက် မည်ဖြစ်ကြောင်း ဦးလှထွေးက ဆိုသည်။

ဆိပ်ခံတံတားတစ်ခုလျှင် ကျပ်သိန်း ၁၅၀၀ ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်တွင် ခရီးသွားလုပ် ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ မြိတ်ခရိုင် တွင် ခရီးသွားလုပ်ငန်းနှင့် ရေလုပ်ငန်း၊ ကော့သောင်းခရိုင်တွင် ခရီးသွားလုပ်ငန်း နှင့် နယ်စပ်ကုန်သွယ်ရေးကို အဓိကထား လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

လာမည့်ဘဏ္ဍာနှစ်တွင် လျှပ်စစ်မီး ရရှိရေး၊ ကျေးလက်ဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ဦးစားပေးလုပ်ငန်း ၁၂ ခုသတ်မှတ်ထား ပြီး ဘတ်ဂျက်ငွေ ကျပ် ၁၇၃ ဘီလီယံခန့် သုံးစွဲမည် ဖြစ်သည်။

ကိုဇော်