အား/ကာသိပ္ပံတက်ရန် တနင်္သာရီမှ အားကစားသမား လေးဆယ်ဦးခေါ်ယူ

၂၀၂၀ ခုနှစ်တွင် ရန်ကုန်အားကစား သိပ္ပံနှင့် မော်လမြိုင်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတက်ရန်အတွက် တနင်္သာရီတိုင်းမှ အားကစားသမား လေးဆယ်ဦးကို ခေါ်ယူထားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်အား/ကာသိပ္ပံတွင်တက်ရောက် ရန်အတွက် အားကစားသမား ၈ ဦးနှင့် မော်လမြိုင်အား/ကာသိပ္ပံတက်ရန်အတွက် အားကစားသမား ၃၂ ဦးကိုခေါ်ယူထား ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာန...

အားကစားကဏ္ဍတွင် တနင်္သာရီတိုင်း အဆင့်လေးသို့ ပြန်ဆင်း

၂၀၁၉-၂၀၂၀ အားကစားနှစ်အတွက် တိုင်းနှင့်ပြည်နယ် အားကစားအဆင့် သတ်မှတ်ချက်များ ဖေဖော်ဝါရီလ ၁၂ ရက်က ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းက ယမန်နှစ်ကထက် အဆင့်တစ်ဆင့် လျော့ကျပြီး အဆင့်လေးသို့ ပြန်ဆင်း သွားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

တစ်နှစ်တာ အားကစားလှုပ်ရှားမူ ဆုချီးမြှင့်မည်

ယခင်က ဒီဇင်ဘာလ အားကစား လှုပ်ရှားမှုအတွက် ဆုချီးမြှင့်ရာမှ ယခု နှစ်မှစပြီး တစ်နှစ်တာအားကစား လှုပ်ရှား မှုဆုအဖြစ် ပြောင်းလဲ ချီးမြှင့်သွားမည် ဖြစ်ကြောင်း အားကစားကာယပညာ ဦးစီးဌာနက ဖေဖော်ဝါရီလ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

သိုင်းသင်တန်းသား ဖိတ်ခေါ်

မြန်မာ့သိုင်းသင်တန်း တက်ရောက်လိုသည့် သင်တန်းသားများကို ထားဝယ်သိုင်းဆပ်ကော်မတီက ဖိတ်ခေါ်လျက်ရှိသည်။ စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များကို ဗန်တို၊ ဗန်ရှည် စသည့် သိုင်းပညာများ အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး အကောင်းဆုံး ကစားသမားများကို ၂၀၂၀ ဇန်နဝါရီလတွင်ကျင်းပမည့် တိုင်းနှင့်...

ထားဝယ်အသင်းက အနုပညာရှင်အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရ

ထားဝယ်မြို့တွင်ကျင်းပသည့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် ထားဝယ် ဘောလုံးအဖွဲ့ချုပ်အသင်းက Star Actor အနုပညာရှင်အသင်းကို ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ ပထမပိုင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့် ထားဝယ်ဘောလုံးအဖွဲ့ချုပ်အသင်းက ဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်းတွင်း ထားဝယ်ဘောလုံး...

တိုင်းနှင့်ပြည်နယ်ဂေါက်သီးရိုက်ပြိုင်ပွဲ တနင်္သာရီအသင်း ဆုလေးဆုရ

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းမှ ဒုတိယဆု နှစ်ဆုနှင့် တတိယဆု နှစ်ဆု စုစုပေါင်း ဆုလေးဆု ရရှိခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ အသင်းလိုက်အကျောပေးပြိုင်ပွဲနှင့် တစ်ဦးချင်း အကျောပေးပြိုင်ပွဲတွင် ဒုတိယဆု နှစ်ခု ရရှိခဲ့ပြီး အသင်းလိုက်အကျောမဲ့ပြိုင်ပွဲ နှင့် တစ်ဦးချင်း...

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်းသည့် ဘောလုံးပွဲ ထားဝယ်တွင် မကျင်းပဖြစ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာဘီယာ ကုမ္ပဏီတို့ပူးပေါင်းပြီး ထားဝယ်မြို့တွင် ကျင်းပရန် ကမ်းလှမ်းထားသည့် အသက် ၂၅ နှစ်အောက် ဘောလုံးပြိုင်ပွဲ မကျင်းပဖြစ်တော့ကြောင်း ထားဝယ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ထားဝယ်မြို့တွင် ကျင်းပရန် ကမ်းလှမ်းထားသည့် ယင်းဘောလုံးပြိုင်ပွဲကို ပခုက္ကူ မြို့တွင် ပြောင်းရွှေ့ကျင်းပတော့မည်ဟု မြန်မာဘီယာကုမ်္ပဏီတာဝန်ရှိသူမှ ဖေဖော်ဝါရီလ ၂ ရက်တွင်...

ပြည်နယ်နှင့်တိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ တနင်္သာရီတိုင်းဗိုလ်စွဲ

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲ ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ဗိုလ်စွဲ ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။ အဆိုပါ ပြိုင်ပွဲကို ပြည်နယ်နှင့် ၁၄ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မန္တလေး တိုင်းမှဒုတိယ၊ ကရင်ပြည်နယ်မှ တတိယ ရရှိခဲ့ကြောင်း တိုင်းအား/ကာမှ ဦးစီး...

အားကစားကဏ္ဍအတွက် ကျပ်သန်း ငါးရာကျော်သုံးမည်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း အားကစား ကဏ္ဍများအတွက် ငွေကျပ်သန်း ငါးရာ ငါးဆယ် သုံးစွဲမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း အဆင့် အားကစားပွဲကျင်းပခြင်း၊ ဗဟို အဆင့် တိုင်းနှင့်...

ပြေးခုန်ပစ်အားကစား ပြိုင်ပွဲစည်းကမ်း ယခင်အတိုင်း သတ်မှတ်ရန် တင်ပြ

တနင်္သာရီတိုင်းအတွက် အဓိက အားထားနေရသည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲစည်းကမ်းကို အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးချုပ်က ပြောင်းလဲသတ်မှတ်လိုက်သဖြင့် ယခင် ပြိုင်ပွဲစည်းကမ်းအတိုင်းသာ ဆက်လက်ကျင်းပရန် ဇူလိုင်လလယ်က တင်ပြထားကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယခင်က တိုင်းနှင့်ပြည်နယ်အဆင့် ပြေးခုန်ပြိုင်ပွဲတွင် အားကစားနည်းတစ်ခုကို ပြိုင်ပွဲဝင် ကစားသမား...