သိုင်းသင်တန်းသား ဖိတ်ခေါ်

0
846
#Crd ; ထားဝယ်သိုင်းဆပ်ကော်မတီ

မြန်မာ့သိုင်းသင်တန်း တက်ရောက်လိုသည့် သင်တန်းသားများကို ထားဝယ်သိုင်းဆပ်ကော်မတီက ဖိတ်ခေါ်လျက်ရှိသည်။


စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များကို ဗန်တို၊ ဗန်ရှည် စသည့် သိုင်းပညာများ အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး အကောင်းဆုံး ကစားသမားများကို ၂၀၂၀ ဇန်နဝါရီလတွင်ကျင်းပမည့် တိုင်းနှင့် ပြည်နယ်ပြိုင်ပွဲအတွက် ရွေးချယ်သွားမည်ဖြစ်ကြောင်း ထားဝယ်သိုင်း ဆပ်ကော်မတီ အတွင်းရေးမှူး ဦးရန်လေးက ပြောသည်။


“ခေါ်တာကတော့ အားလုံးကိုဖိတ် ခေါ်နေတာပဲ။ ထားဝယ်မှာတော့လာသင်တဲ့သူနည်းတယ်” ဟု ဦးရန်လေးက ဆိုသည်။


သိုင်းပညာကိုလာမည့် နိုဝင်ဘာလမှ စတင်ကာ ရပ်ကွက်၊ ကျေးရွာ၊ စာသင် ကျောင်းများရှိ ဝါသနာရှင်လူငယ်များနှင့် ကျောင်းသူကျောင်းသားများကို သုံးလခန့် သင်ကြားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


သိုင်းသင်တန်းတက်ရောက်လိုသူများအနေနှင့် သက်ဆိုင်ရာမြို့နယ်အား/ ကာနှင့် ထားဝယ်သိုင်းဆပ်ကော်မတီတို့နှင့် ဖုန်းအမှတ် ၀၉၄၂၂၂၂၅၃၂၂ သို့ ဆက်သွယ် စာရင်းပေးနိုင်သည်ဟု သိရသည်။

မိုးမြင့်