ထားဝယ်အသင်း ဗိုလ်လုပွဲတက်

အသက် ၁၇ နှစ်အောက် မြို့နယ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ထားဝယ်အသင်း ဗိုလ်လုပွဲသို့ တက်ရောက်သွား ပြီဖြစ်သည်။ ဇွန်လ ၂၂ ရက်က ကျင်းပသည့် အကြိုဗိုလ်လုပွဲတွင် ကော့သောင်းမြို့နယ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်လက်လှုပ်ရှားပါ

ကိုယ်လက်လှုပ်ရှားမှုပြုတယ်လို့ ပြောတဲ့အခါ အားလုံးပြေးမြင်ကြတာက ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာတွေကိုပါ။ ပြေးတာ၊ လမ်း လျှောက်တာ၊ အလေးမတာ၊ ကြက်တောင်ရိုက်တာ၊ ဘောလုံးကန်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲလိုကိုယ်လက်လျှပ်ရှား အားကစားလုပ်ဖို့ဆိုတာ ငယ်ငယ်ကတည်းက အလေ့အထ ထူထောင်ထားနိုင်မှသာပုံမှန် လုပ်ဖြစ်တာပါ။

အား/ကာသိပ္ပံ ကျောင်းသားအချို့ ကျောင်းပြန်တက်ရမည်

တနင်္သာရီတိုင်းမှ အားကစားသိပ္ပံ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူအချို့ ဇူလိုင်လတွင် ကျောင်းပြန်တက်ရတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ကနဦးအနေဖြင့် ဆယ်တန်း ကျောင်းသားများမှလွဲပြီး မော်လမြိုင် အားကစားသိပ္ပံတွင် တက်ရောက်နေ သည့် ၂၇...

တနင်္သာရီတိုင်း အားကစားအဆင့် တစ်ဆင့်တက်

၂၀၁၇-၂၀၁၈ အားကစားနှစ်က တိုင်းနှင့်ပြည်နယ် အဆင့်လေးတွင် ရပ်တည် ခဲ့သော တနင်္သာရီတိုင်းသည် ၂၀၁၈-၂၀၁၉ အားကစားနှစ်တွင် အဆင့်တစ်ဆင့် တက်ကာ အဆင့်သုံးတွင်ရပ်တည်ခဲ့ ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ အားကစားနှစ်ကို မတ်လ မှ ဖေဖော် ၀ါရီလအထိ သတ်မှတ်ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး မာရသွန်ပြိုင်ပွဲ ကျင်းပမည်

ထားဝယ်ခရိုင်တွင် အခြေခံပညာ ကျောင်းပေါင်းစုံ ငြိမ်းချမ်းရေးမာရသွန် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညားစီးဌာနထံမှ သိရသည်။ အဆိုပါ ပြိုင်ပွဲကို ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်...

သရက်ချောင်းတွင် အသက် ၁၇ နှစ်အောက် ဖိတ်ခေါ်ဘောလုံးပွဲပြိုင်လို သူများ စာရင်းပေးပါ

သရက်ချောင်းမြို့နယ်တွင် ကျင်းပ မည့် အသက် ၁၇ နှစ်အောက် အမျိုးသား ရပ်ကွက်ကျေးရွာပေါင်းစုံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ၀င်လိုသည့် အသင်းများ အနေဖြင့် မတ်လ ၁ ရက်မှ စတင် စာရင်းပေးနိုင်ပြီဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

မြို့နယ်ပေါင်းစုံ အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပမည်

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖေဖော် ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။ မြို့နယ်ပေါင်းစုံမှ...

လက်ဝှေ့ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက တံခွန်စိုက်ဆု လေးနှစ်ဆက် ဆွတ်ခူး

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ် အောက် လက်ဝှေ့ပြိုင်ပွဲတွင် တနင်္သာရီ တိုင်းအသင်းက အမျိုးသမီးတံခွန်စိုက်ဆုနှင့် အမျိုးသား၊ အမျိုးသမီးပေါင်း စုပေါင်းတံခွန်စိုက်ကို လေးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ကြောင်း တိုင်းအားကစား နှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယခုနှစ် အောက်တိုဘာလ ၁၀ ရက်...

ရငဲဘောလုံးပွဲ ဗိုလ်စွဲသည့်အသင်းကို ကျပ်ရှစ်သိန်းဆုချမည်

ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် သရက်ချောင်းမြို့နယ်ရှိ ရငဲကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အသင်းအား ဆုငွေ ကျပ်ရှစ်သိန်း ချီးမြှင့် မည်ဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ် ရေးမှူးထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း မြို့နယ် အဆင့်နှင့် ခရိုင်အဆင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင်မူ ပထမဆုကို...

မြို့နယ်ပေါင်းစုံ ဘောလုံးပွဲ ထားဝယ်အသင်း ဗိုလ်စွဲ

မြို့နယ်ပေါင်းစုံ အသက် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ထားဝယ်မြို့နယ်အသင်းက လောင်းလုံး မြို့နယ်အသင်းကို ပင်နယ်တီဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲသွားခဲ့သည်။ ပွဲကစားချိန် မိနစ်ကိုးဆယ်အတွင်း တစ်ဘက်တစ်ဂိုးစီ သရေ ရလဒ်ထွက် ပေါ်နေသဖြင့် ပင်နယ်တီအဆုံးအဖြတ်ရယူခဲ့ရာ...