တိုင်းနှင့်ပြည်နယ်ဂေါက်သီးရိုက်ပြိုင်ပွဲ တနင်္သာရီအသင်း ဆုလေးဆုရ

0
659

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းမှ ဒုတိယဆု နှစ်ဆုနှင့် တတိယဆု နှစ်ဆု စုစုပေါင်း ဆုလေးဆု ရရှိခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။
အသင်းလိုက်အကျောပေးပြိုင်ပွဲနှင့် တစ်ဦးချင်း အကျောပေးပြိုင်ပွဲတွင် ဒုတိယဆု နှစ်ခု ရရှိခဲ့ပြီး အသင်းလိုက်အကျောမဲ့ပြိုင်ပွဲ နှင့် တစ်ဦးချင်း အကျောပေးပြိုင်ပွဲတွင် တတိယဆု နှစ်ခုရရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
အကျောမဲ့ ဂေါက်သီးရိုက်ပြိုင်ပွဲဆိုသည်မှာ အလွတ်တန်းစိန်ခေါ်ပြိုင်ပွဲကဲ့သို့ ကျွမ်းကျင်းသူများ ၀င်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲမျိုးဖြစ်ပြီး အကျောပေးပြိုင် ပွဲဆိုသည်မှာ ဒုတိယတန်း ဂေါက်သီး ကစားသမားများ ကစားသည့် ပြိုင်ပွဲမျိုး ဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

အကျောပေးပြိုင်ပွဲကို လေးရက်ကျင်းပခဲ့ရာ တနင်္သာရီတိုင်းမှ သုံးရက်ဆက်တိုက် ပထမဖြင့်ပွဲကို ဦးဆောင်နေခဲ့သော်လည်း နောက်ဆုံးနေ့တွင် ရိုက်ချက်နှစ်ချက်အသာဖြင့် ရှမ်းပြည်နယ်အသင်းက ပထမ ရရှိသွားခဲ့ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။
“နောက်ဆုံးနေ့ရောက်မှ ခံလိုက်ရတယ်”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။
ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၅ ရက် မှ ၈ ရက်အထိ ရန်ကုန်မြို့တွင်ကျင်းပခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး