တစ်နှစ်တာ အားကစားလှုပ်ရှားမူ ဆုချီးမြှင့်မည်

0
4566

ယခင်က ဒီဇင်ဘာလ အားကစား လှုပ်ရှားမှုအတွက် ဆုချီးမြှင့်ရာမှ ယခု နှစ်မှစပြီး တစ်နှစ်တာအားကစား လှုပ်ရှား မှုဆုအဖြစ် ပြောင်းလဲ ချီးမြှင့်သွားမည် ဖြစ်ကြောင်း အားကစားကာယပညာ ဦးစီးဌာနက ဖေဖော်ဝါရီလ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

ယခင်က ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှုတွင် တက်ကြွဆုံးဖြစ်သည့် တိုင်းသို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တစ်ခုစီကို ရွေးချယ် ဆုချီးမြှင့်နေသည်။

၂၀၁၈ ခုနှစ်ကပြုလုပ်သည့် ဒီဇင်ဘာ အားကစားလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံး အနေုဖြင့် အတက်ကြွဆုံးခရိုင်အဖြစ် မြိတ်ခရိုင်က ပထမဆု ရရှိခဲ့ဖူးသည်။

ယခုနှစ်တွင်မူ ယင်းကဲ့သို့ဆုချီး မြှင့်မည်မဟုတ်ဘဲ တစ်နှစ်တာ အားကစားလှုပ်ရှားမှု အစီအစီအစဉ်ကို စောင့်ကြည့် အကဲဖြတ်ကာ တစ်နှစ်တာ အားကစားလှုပ်ရှားမူ အမြင့်မားဆုံးဆုအဖြစ် တိုင်း သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တစ်ခုစီကို ရွေးချယ်ကာ ဆုချီးမြှင့်မည် ဖြစ်သည်။

ယင်းကဲ့သို့ပြောင်းလဲဆုချီးမြှင့်မည့် အစီအစဉ်တွင် အချက် ၁၄ ချက်ပါဝင်ရာ တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိလာသည့် အားကစားသမားများကို တိုင်းအစိုးရမှ ကြိုဆို၊ ဂုဏ်ပြုပွဲများ ပြုလုပ်ပေးခြင်းတစ်ခုလည်း ပါဝင်သည်။

ယင်းအပြင် ကျေးရွာများ၊ အခြေခံ ကျောင်းများအတွက် အားကစားကွင်း များ ဖော်ထုတ်ပေးနိုင်မှု၊ သုံးရာသီစလုံး အခြေခံနှင့် အဆင့်မြင့် အားကစား သင်တန်းများ ဖွင့်လှစ်နိုင်မှု၊ မြို့နယ် ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ၊ တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ် ရရှိမှု စသည်တို့လည်း ပါဝင်သည်။

မြို့နယ်အဆင့်မှစပြီး အားကစား လှုပ်ရှားမှုများကို လူထုအားကစား လှုပ်ရှားမူအသွင် ကျယ်ပြန့်စွာ ဆောင် ရွက်နိုင်မှသာလျှင် မြန်မာနိုင်ငံ အားကစားအဆင့်အတန်းမြင့်မားလာမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်သည် တနင်္သာရီ တိုင်း အားကစားနှင့် ကာယပညာဦးစီး ဌာနထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး