ဖီဖာတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မက်ဆီ ၇ ကြိမ်မြောက် ဆွတ်ခူးပြီး စံချိန်သစ်တင်

အာဂျင်တီးနားနှင့် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီ သည် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားဆု The Best ဆုကို ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှုတလျှောက်တွင် ၇ ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရှိရသည်။ မက်ဆီသည် ပီအက်စ်ဂျီအသင်းဖော် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အမ်ဘတ်ပေကို ကျော်ဖြတ်ကာ ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသိမ်းပိုက်သွားခဲ့ခြင်းဖြစ်ပြီး...

ပြိုင်ပွဲထိုးသတ်ဖို့အတွက် ဘန်ကောက်မြို့ကို အောင်လအန်ဆန်း ရောက်ရှိနေပြီ

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ စိန်ခေါ်ပွဲထိုးသတ်ဖို့အတွက်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အောင်လအန်ဆန်းဟာ သူ့အသင်းနဲ့အတူ ဘန်ကောက်မြို့ဆီကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။  “ကျွန်တော့်ရဲ့လူထုတွေကို ကိုယ်စားပြုခွင့်ရရှိတဲ့အတွက် ဘုရားသခင်၊ ကျွန်တော့်ရဲ့မိသားစုနဲ့ ကျွန်တော့်ရဲ့အသင်းကို ကျေးဇူးတင်ပါတယ်”လို့ အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။ အောင်လအန်ဆန်းဟာ အစောပိုင်းက တရုတ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဖန်ရောင်းနဲ့ထိုးသတ်ဖို့ ပွဲစီစဉ်ထားခဲ့ပေမယ့် ပြိုင်ပွဲထိုးသတ်ဖို့ ၁၀ ရက်သာ လိုတော့တဲ့အချိန်ကိုရောက်မှ ဖန်ရောင်းက ကိုဗစ်ကူးစက်မှုခံထားရကြောင်း သိရှိလိုက်ရတဲ့အတွက် ပြိုင်ဘက်ပြောင်းလဲလိုက်ရပါတယ်။ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့ကိုရောက်ရင် အောင်လအန်ဆန်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဘရာဇီးကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်လ်ဗာအို ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ CATCHWEIGHT တန်းပွဲစဉ်အဖြစ်ထိုးသတ်ကြလိမ့်မယ်လို့ သိရပါတယ်။ ဒီပွဲစဉ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Impact Arena မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

အာဆင်နယ် သို့မဟုတ် ချယ်လ်ဆီးထံသို့ ပြောင်းခွင့်ပေးရန် ဘရိုက်တန်ကို ကိုင်စီဒို တောင်းဆို

ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒို သည် ၎င်းအတွက် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းထားသည်ကို လက်ခံကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ပြုရန် မိခင်ကလပ် ဘရိုက်တန်ကို တောင်းဆိုလိုက်ကြောင်း သိရှိရသည်။ ဘရိုက်တန်သည်...

ပွဲချောင်သွားတဲ့ အာဂျင်တီးနားနဲ့ နောက်တစ်ဆင့် တက်ရောက်သွားတဲ့ အသင်းတွေ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဆင့်က အုပ်စု(C) နဲ့ အုပ်စု(D)တို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ တူနီးရှားနဲ့ ဩစတြေးလျတို့က နိုင်ပွဲကိုယ်စီရရှိသွားခဲ့ပါတယ်။ အုပ်စုအဖွင့်တုန်းက နာမည်ကြီး အာဂျင်တီးနားကို အနိုင်ရလိုက်လို့ ကစားသမားတစ်ယောက်ချင်းစီအလိုက် ရွိုးလ်ရွိုက်စ်ကားတစ်စီးစီ လက်ဆောင်ရရှိခဲ့တဲ့ ဆော်ဒီအာရေဗျဟာ...

တတိယနေရာလုပွဲမှာ အောင်ပွဲခံသွားခဲ့တဲ့ ခရိုအေးရှား

ခရိုအေးရှားနဲ့ မော်ရိုကိုတို့ရဲ့ကမ္ဘာ့ဖလားတတိယနေရာလုပွဲမှာ ခရိုအေးရှားက အကောင်းဆုံးပုံစံနဲ့ကစားပြီး တတိယနေရာကို ရယူသွားခဲ့ပါတယ်။ မော်ရိုကိုဟာ အကောင်းဆုံးပုံစံနဲ့ ကစားခဲ့ပေမယ့် ခရိုအေးရှားကို တုံ့ပြန်နိုင်စွမ်း မရှိခဲ့ဘဲ စတုတ္ထနေရာနဲ့သာ ကျေနပ်လိုက်ရပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တုန်းကလို မဟုတ်ခဲ့ဘဲ နှစ်သင်းလုံးဟာ ပွဲစတင်တာနဲ့ ဂိုးတွေ...
video

“နှစ်သစ်ကူးလက်ဆောင်အဖြစ် အောင်လက အနိုင်ပွဲ ရယူသွားနိုင်မလား”

တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် အောင်လအန်ဆန်း လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကိုရောက်ရင် ကချင်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းက ပွဲကြီးပွဲကောင်းတစ်ပွဲကို ထိုးသတ်တော့မှာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ...

ပြင်သစ်ဆီမှာ ဒီလိုထူးခြားတဲ့ အစဉ်အလာ မှတ်တမ်းလေးရှိတယ်

ပြင်သစ်ရဲ့ထူးခြားမှတ်တမ်း အချက်အလက်တစ်ခုက ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်နဲ့ ပတ်သက်လို့ နေပါတယ်။ ပြင်သစ်ဟာ ကမ္ဘာ့ဖလားမှာ နှစ်ကြိမ်ဆက် ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ ဒီနေရာမှာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေထဲက ပြင်သစ်ရဲ့ထူးခြားချက်ကို ပြောပြချင်ပါတယ်။ ပြင်သစ်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက...

ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ ထိပ်တိုက်တွေ့ပြီ

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ကို နိုင်ပွဲတွေရယူပြီး ကွာတားဖိုင်နယ်အဆင့်ဆီကို တက်လှမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ပြင်သစ်ဟာ ပိုလန်ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး...

ခေတ်သစ်နော်စတာဒါးမတ်စ် ဟောကိန်းထုတ်အပြီး တိုက်တိုက်ဆိုင်ဆိုင် ပြင်သစ်ကစားသမားအချို့ ဖျားနာ

ခေတ်သစ် နော်စတာဒါးမတ်စ် လို့ နာမည်ကျော်စောနေတဲ့ ရှေ့ဖြစ်ဟောဆရာ အောသော့စ်ဆလုမ်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနား အနိုင်ရမယ်လို့ ဟောကိန်းထုတ်လိုက်ပြီး နာရီပိုင်းအကြာမှာတင် ပြင်သစ်ကစားတွေထဲက ဖျားနာသူတွေ၊ မအီမသာဖြစ်သူတွေ ပေါ်ထွက်လာခဲ့တယ်လို့ သိရှိရပါတယ်။ ခေတ်သစ် နော်စတာဒါးမတ်စ်လို့ တင်စားခံရတဲ့...

အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်း အမှတ်ပေးချန်ပီယံဆု ပထမဆုံးအကြိမ် ဆွတ်ခူး၊ အသင်းနည်းပြက စီရော်နယ်ဒိုကို ကျေးဇူးတင်စကားဆို

ဆော်ဒီအာရေဗျ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အသင်းသမိုင်းကြောင်းတလျှောက် အမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းသည် ရာသီသိမ်း နောက်ဆုံးပွဲစဉ်တွင် အမှတ်ပေးဇယား၏အဆင့် ၁၄ နေရာတွင် ရှိနေသော အယ်လ်ယာမာမာ အမျိုးသမီးအသင်းနှင့်...