တတိယနေရာလုပွဲမှာ အောင်ပွဲခံသွားခဲ့တဲ့ ခရိုအေးရှား

0
2977
Photo - Reuters, 1Football, AlJazeera,YahooUK,Eurosports

ခရိုအေးရှားနဲ့ မော်ရိုကိုတို့ရဲ့ကမ္ဘာ့ဖလားတတိယနေရာလုပွဲမှာ ခရိုအေးရှားက အကောင်းဆုံးပုံစံနဲ့ကစားပြီး တတိယနေရာကို ရယူသွားခဲ့ပါတယ်။ မော်ရိုကိုဟာ အကောင်းဆုံးပုံစံနဲ့ ကစားခဲ့ပေမယ့် ခရိုအေးရှားကို တုံ့ပြန်နိုင်စွမ်း မရှိခဲ့ဘဲ စတုတ္ထနေရာနဲ့သာ ကျေနပ်လိုက်ရပါတယ်။

အုပ်စုအဆင့်ပွဲစဉ်တုန်းကလို မဟုတ်ခဲ့ဘဲ နှစ်သင်းလုံးဟာ ပွဲစတင်တာနဲ့ ဂိုးတွေ အပြန်အလှန် သွင်းယူခဲ့ကြပါတယ်။ ခရိုအေးရှားဘက်က ဂါဘီဒေါလ်က ပွဲအစ ၇ မိနစ်မှာတင် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ဒီဂိုးကို ပွဲချိန် ၉ မိနစ်မှာတင် မော်ရိုကိုဘက်က ပြန်လည် ချေပခဲ့ပါတယ်။ မော်ရိုကိုရဲ့ချေပဂိုးကို သွင်းယူပေးခဲ့သူက ဒါရီ ဖြစ်ပါတယ်။

ဒါပေမဲ့ ပထမပိုင်း ပွဲပြီးဆုံးခါနီး ပွဲကစားချိန် ၄၂ မိနစ်ဆီကိုအရောက်မှာ ခရိုအေးရှားက အဖိုးတန် ဒုတိယဂိုးကို ရရှိသွားခဲ့ပြီး ဒီဂိုးကို အော်ဆစ်က သွင်းယူပေးခဲ့တာပါ။ အနိုင်ရလဒ်ကို ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်မှာတင် ခရိုအေးရှားက ရရှိသွားခဲ့တဲ့အနေအထားလို့တောင် ပြောနိုင်ပါတယ်။

Photo – Reuters, 1Football, AlJazeera,YahooUK,Eurosports

မော်ရိုကိုဟာ ခံစစ်ကြောင်း မာကျောကျစ်လျစ်ပေမယ့် ခရိုအေးရှားရဲ့ထိုးဖောက်မှုတွေကို မဟန့်တားနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဒုတိယပိုင်း ၄၅ မိနစ်ကို အားပြိုင်ပြီးတဲ့နောက် ခရိုအေးရှားက အနိုင်ရလဒ်ကို ရယူသွာနိုင်ခဲ့ပါတယ်။

မော်ရိုကို ဟာ အာဖရိကအသင်းတွေထဲကနေ ကမ္ဘာ့ဖလား တတိယဆုကို ပထမဆုံးရရှိတဲ့အသင်းအဖြစ် စံချိန်ရေးထိုးချင်စိတ်ရှိခဲ့ပေမယ့် အဆုံးသတ်မှာတော့ လက်လျှော့လိုက်ရပါတယ်။ ခရိုအေးရှားဟာ ဝါရင့်ကစားသမားတွေရဲ့အင်အားကို အသုံးပြုပြီး ပွဲကစားချိန် ဒုတိယပိုင်းတလျှောက်လုံး ပွဲကို ထိန်းချုပ်သွားခဲ့ပါတယ်။

ခရိုအေးရှားနဲ့ မော်ရိုကိုတို့ရဲ့ကစားအားဟာ မတိမ်းမယိမ်း အနေအထားမျိုးရှိခဲ့ပေမယ့် ပြိုင်ပွဲကြီး သမ္ဘာရင့်ကျက်မှု အတွေ့အကြုံက ဒီပွဲကို အဆုံးအဖြတ် ပေးသွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ထိပ်တိုက်တွေ့ဆုံမှုအဖြစ်နဲ့ကတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကထိပ်သီး အာဂျင်တီးနားတို့ ကစားသွားဖို့ ရှိနေပါတယ်။