အာဆင်နယ် သို့မဟုတ် ချယ်လ်ဆီးထံသို့ ပြောင်းခွင့်ပေးရန် ဘရိုက်တန်ကို ကိုင်စီဒို တောင်းဆို

0
2971
Photo - Daily Express

ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒို သည် ၎င်းအတွက် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းထားသည်ကို လက်ခံကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ပြုရန် မိခင်ကလပ် ဘရိုက်တန်ကို တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

ဘရိုက်တန်သည် ကိုင်စီဒိုအတွက် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ထံမှ သန်း ၆၀ ဖြင့် ကမ်းလှမ်းမှုကို လက်ခံရရှိထားသော်လည်း ပေါင်သန်း ၈၀ ရမှသာ ကိုင်စီဒိုကို လက်လွှတ်ပေးနိုင်မည်ဟု အကြောင်းပြန်ထားပြီး အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ဘက်ကမူ ဘရိုက်တန်၏တောင်းဆိုချက်ကို လက်လွှတ်ဖွယ်မရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ ကိုင်စီဒိုအတွက် ပေးအပ်ထားသည့် ပြောင်းရွှေ့ကြေးပမာဏသည် ဘရိုက်တန်အတွက် ကစားသမားတစ်ယောက်ကို ရောင်းချရာမှနေ၍ စံချိန်တင်ပမာဏရရှိမည့်ငွေကြေးဖြစ်နေပြီး ယင်းအတွက် ကစားသမားဖြစ်သူ ကိုင်စီဒိုက မတန်တဆ ပြောင်းရွှေ့ကြေးကို မတောင်းဆိုရန်၊ ၎င်းကို ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီ အသင်းပြောင်းခွင့်ပေးရန် ထုတ်ဖော်တောင်းဆိုလာခဲ့ခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသည့် ကိုင်စီဒို သည် လက်ရှိဘောလုံးရာသီ၌ ဘရိုက်တန်အသင်း၏ကွင်းလယ်တွင် ခြေစွမ်းကောင်းများ ထုတ်ဖော်ပြသနေသူဖြစ်ပြီး အာဆင်နယ်မှာ ပါတေး၏ဒဏ်ရာအခြေအနေကို သိရှိရပါက ကိုင်စီဒို ကို ခေါ်ယူရရှိရေးအတွက် အရှိန်မြှင့်ဆောင်ရွက်ဖွယ် ရှိနေသည်။

အာဆင်နယ်ကွင်းလယ်လူ ပါတေး သည် မန်စီးတီးက အာဆင်နယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွင် ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး လက်ရှိတွင် ပါတေး၏ဒဏ်ရာအခြေအနေကို သိရှိနိုင်စေရန်အတွက် MRI စကင်န်ဖတ်၍ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုထားပြီလည်းဖြစ်သည်။